နောက်နှစ် 2020 မှာ အဖွဲ့ဝင် 7 ယောက်တူတူ ဖျော်ဖြေခွင့်မရနိုင်တော့မယ့် BTS

Asia နိုင်ငံအနှံပြားသာမက ကမ္ဘာမှာ အအောင်မြင်ဆုံးနဲ့ နာမည်ကြီးဆုံးဖြစ်လာတဲ့ ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS ဟာ ပွဲဦးထွက်ကတည်းကနေ ၅ နှစ်တာကာလလုံး အဖွဲ့ဝင် ၇ ယောက်အတူတူ စည်းလုံးညီညွတ်စွာနဲ့ အောင်မြင်မှုပန်းတိုင်တွေ  သူတို့ရဲ့ တူညီတဲ့ အိမ်မက်တွေကို အတူတကွ အကောင်ထည်ဖော်ခဲ့ကြပါတယ်။ 

ကိုရီးယားနိုင်ငံက အမျိူးသား အနုပညာရှင်တွေဟာ နိုင်ငံရဲ့ အမိန့်တာဝန်အရ စစ်မှုထမ်းခြင်းကို သုံးနှစ်တာတိတိ တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။ 

အနုပညာရှင်တွေက အသက် ၂၅ နှစ်ကျော်ပြီဆိုတာနဲ့ တပ်မတော်က စစ်မှုထမ်းဖို့စတင် အမိန့်စာကျလာပြီး အသက် ၂၇ ၂၈ အထိ နောက်ဆုံး အနုပညာအလုပ်ကို နောက်ဆုံးထားလုပ်ကိုင်ကာ စစ်မှုထမ်းဖို့ စတင်ရပါတယ်။

BTS အဖွဲ့ထဲက အသက်ကြီးဆုံး အဖွဲ့ဝင် ဖြစ်ကြတဲ့ Jin နဲ့ Suga တို့ နှစ်ယောက်ကတော့ 2020 မှာ စစ်မှုထမ်းဖို့အတွက် ပြင်ဆင်ရတော့မှာဖြစ်ပါတယ်။ 

အထူးသဖြင့် Jin က နောက်နှစ်မှာ အသက် 28 နှစ် ပြည့်မှာဖြစ်ပြီး စစ်မှုမဖြစ်မနေ ထမ်းရမှာဖြစ်ပါတယ်။

Suga က အသက် 27 ဖြစ်ပြီး တစ်နှစ်သာ ကွာခြားပေမဲ့ စစ်မှုအတူတူထမ်းမယ်ဆိုတာလည်း ကောလဟာလ ထွက်နေပါတယ်။မဟုတ်ရင်တော့ suga ကလည်း 2022 မှာ စစ်မှုထမ်းသွားရမှာပါ။ 

ဒီအတွက် သူတို့ရဲ့ နောက်နှစ် ၁ နှစ်စာ အတွက် world tour ဖျော်ဖြေပွဲတွေ အခမ်းနားပွဲတွေဟာ ဆက်တိုက် Schedule အရ ပြည့်နေခဲ့ပါတယ်။

  ARMY တွေအတွက် တိကျတဲ့အဖြေတစ်ခုကို June 22 – 23 ရက်မှာ ကျင်းပပြုလုပ်မယ့် 5 MUSTER “Magic Shop” ငါးနှစ်ပြည့်  Offical Global Fanmeeting ပွဲကြီးမှာ သိရမလား 

BTS ရဲ့ Europe Tour ကြီးကတော့ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ကျန်တဲ့ Asia မှာ ဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ 

နိုင်ငံအသီးသီးမှာ အောင်မြင်စွာကျင်းပပြီးဆုံးခဲ့တဲ့  BTS ရဲ့ SPEAKYOURSELFTOUR  

BTS ရဲ့ နိုင်ငံတကာ ဖျော်ဖြေပွဲ နဲ့ Brand ဝင်ငွေ သန်းငါးထောင် အစွန်းမြတ်ရှိခဲ့တာဖြစ်တယ် လို့ သတင်းရရှိပြီးဒီ Tour တစ်လျောက် သူတို့ရရှိတဲ့ အနုပညာကြေးတွေကို ချို့တဲ့ ဆင်းရဲတဲ့ နေရာဒေသတွေနဲ့ မိဘမဲ့ကလေးငယ်စောင့်ရှောက်ရေး တို့မှာ ထောက်ပံ့ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ကြိုတင် သတင်းကြေငြာခဲ့ပါတယ်။ 

Sources- Koreaboo 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။