ဂျက်စတင်နဲ့သံယောဇဉ်လက်ကျန်တွေ အပြတ်ရှင်းလိုက်ပြီဖြစ်တဲ့ ဆလီနာ

ဆလီနာကတော့ အချစ်ဟောင်းဆိုတာကြီးကို လုံးဝရှင်းထုတ်ပစ်လိုက်ပါပြီ။ သူမရဲ့IG မှာ ကျန်နေတဲ့ ဂျက်စတင်ဘီဘာနဲ့ ပတ်သက်တဲ့ တစ်ခုထဲသောပုံကို ဖျက်လိုက်ပါပြီ။ ဂျက်စတင်ဘီဘာနဲ့လမ်းခွဲပြီး တစ်နှစ်ကြာပြီးနောက်မှာ ခုလို အပြတ်ရှင်းထုတ်လိုက်တာဖြစ်ပါတယ်။

Not a Bielber: Selena Gomez, 26, deleted the final picture of ex-boyfriend Justin Bieber, 25, that was remaining on her Instagram

အောက်တိုဘာ ၂၀၁၇ တုန်းက ဂျလီနာတို့နှစ်ယောက် ပြန်လည်ပေါင်းထုတ်ခဲ့ကြတဲ့ အချိန်တုန်းကပေါ့။ ပုံကတော့ မတ်လ၂၀၁၈ တုန်းက ဂျက်စတင်ဘီဘာအတွက် Birthday Wish လုပ်ပေးထားတဲ့ပုံပါ။ ဂျက်စတင်ရဲ့ဓာတ်ပုံလေးကို သူမနဖူးပေါ်မှာ တင်ပြီး ရယ်မောနေတဲ့ ဆလီနာလေး ဂျက်စတင်ကို ဘယ်လောက်ချစ်ခဲ့လဲဆိုတာ သိသာပါတယ်။

Related image

ဒီပုံလေးတင်ပြီးတော့ သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကအဆုံးသတ်သွားပါတယ်။ ဆလီနာနဲ့ အဆုံးသတ်ပြီးလို့များမကြာမှီမှာပဲ ဂျက်စတင်ဟာ ဟေလီနဲ့ အရိုတစ်လိုင်းတွေ ကောက်လုပ်သွားပါတယ်။ ဂျက်စတင်နဲ့ ဟေလီဟာ ပြီးခဲ့တဲ့နှစ် ဂျူလိုင်လတုန်းက စေ့စပ်လိုက်ကြပြီး စက်တင်ဘာလမှာ ကျမ်းသစ္စာဆိုခဲ့ကြပါတယ်။ 

Image result for justin and hailey

ဂျက်စတင်ဟာ သူလက်ထပ်လိုက်တဲ့ ကိစ္စအတွက်လည်း ဟေလီကို အမုန်းမပွားဖို့ ဖြေရှင်းခဲ့ပါတယ်။ ဂျလီနာ ပရိသတ်တွေကတော့ ဂျက်စတင် ဆလီနာဆီပြန်သွားမယ်လို့ ထင်နေခဲ့ကြပါတယ်။ “ဆလီနာက နှလုံးသားထဲမှာ အမြဲရှိနေမယ့် သူပါ၊ ဒါပေမဲ့ ကျွန်တော့်ဘဝကို ဟေလီနဲ့ရှေ့ဆက်နေပါပြီ” လို့ ဂျက်စတင်က ပြန်တုံ့ပြန်ခဲ့ပါတယ်။ ဒါဟာ ဂျက်စတင်ဘက်က လုံးဝတစ်ခန်းရပ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ပါ။

ဆလီနာကလည်း ဂျက်စတင်ကို လုံးဝဂရုမစိုက်တော့ဘဲ သူမရဲ့ရုပ်ရှင်အသစ်အတွက်၊ Coach Brand အတွက် ပရိုမိုးရှင်းတွေလုပ်ပြီး အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အခုဆိုရင် ဂျက်စတင်နဲ့ပတ်သက်တဲ့ သံယောဇဉ် လက်ကျန်လေးကိုပါ အဆုံးသတ်လိုက်ပါပြီ။ ဂျက်စတင်ကို သူမဘဝထဲကနေ အပြီးအပိုင် ဆွဲနှုတ်ပစ်လိုက်ပါပြီ။ ဂျလီနာပရိသတ်တွေအတွက် စိတ်မကောင်းပေမယ့် ဆလီနာအတွက် ဒါဟာ အကောင်းဆုံး လုပ်ရပ်လို့ပဲ မြင်မိပါတယ်။

Source; www.dailymail.co.uk

By Paulina

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။