သင့်ကို သေစေနိုင်လောက်တဲ့ အစားအသောက်တွေ

ပန်းသီး

ပန်းသီးတွေမှာ ဆိုင်ရာနိုက်ဆိုတဲ့အဆိပ် ပါဝင်နေတတ်ပါတယ်။ ပန်းသီးစေ့ထဲမှာ ပါဝင်နေနိုင်တာဖြစ်တဲ့အတွက် ပန်းသီးစားရင် အလယ်အူတိုင်နဲ့ အစေ့တွေကို မစားမိဖို့ သတိပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပန်းသီးစေ့ တစ်စေ့တစ်လေကြောင့်တော့ အဆိပ်မဖြစ်နိုင်ပါဘူး။ အစေ့ တွေ အများကြီးစားမိမှ ဖြစ်မှာပါ။ နောက်တစ်ခုကတော့ ပန်းသီးခွံမှာပါနေနိုင်တဲ့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်။

ယောက်သွား

ယောက်သွားရဲ့ အသွေးကလည်း အန္တရယ်ရှိတဲ့ အစားအသောက်ထဲမှာ ပါဝင်ပါတယ်။ ယောက်သွားတွေကို အများအပြားစားရင် အူရောင်ငန်းဖျားရောဂါနဲ့ အသည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သူတို့ ခန္ဓာကိုယ်ထဲမှာ အသည်းရောင်အသားဝါပိုးတွေ ရှိနေတတ်လို့ မစားသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

တရုတ်နံနံကြီး

အစားအသောက်တွေကို စားချင့်စဖွယ်အနံ့ပေးနိုင်တဲ့ တရုတ်နံနံကြီးမှာ ဓာတုပစ္စည်း (၆၄)မျိုးနဲ့အထက် ပါဝင်နေနိုင်ပါတယ်။ တရုတ်နံနံပင်က ရေအလွန်စုပ်ယူတဲ့အပင်ဖြစ်တဲ့အတွက် ရေထဲ၊ မြေထဲက ဓာတု ပစ္စည်းတွေမျိုးစုံဟာ သူ့အထဲရောက်နေနိုင်ပါတယ်။ အထူးသဖြင့်တော့ ပိုးသတ်ဆေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးမသုံးဘဲ စိုက်ပျိုးထားတဲ့ တရုတ်နံနံပင်တွေကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။

ငါးပူတင်း

ဂျပန်မှာ နာမည်ကြီးပြီး တန်ဖိုးထားတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ သေချာပြင်ဆင်ချက်ပြုတ်ထားတာမျိုး မဟုတ်ရင် ငါးပူတင်းဟာ အကြောဆွဲတာမျိုးကစလို့ သေစေတဲ့အထိ ဖြစ်စေနိုင်တာပါ။ ငါးပူတင်းရဲ့အသည်းနဲ့ ကလီစာတွေဟာ အဆိပ်ရှိတာပါ။ အဲဒီအဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အစိတ်အပိုင်းတွေကို စားမိရင် ထုံကျဉ်တာကစလို့ အသက်ရှူရပ်သွားတဲ့အထိ ဖြစ်နိုင်တာပါ။

ပျားရည်

ပိုးမသတ်ထားတဲ့ သဘာဝအတိုင်းဖြစ်တဲ့ ပျားရည်တွေဟာ ကျန်းမာရေးအတွက် မသင့်တော်တဲ့ ပန်းဝတ်မှုံတွေ ပါဝင်နေနိုင်တာပါ။ Pyrrolizi- dine alkaloids ဆိုတဲ့ အဆိပ်အတောက်တွေဟာ ပိုးမသတ်ထားတဲ့ ပျားရည်တွေမှာပါဝင်နေခဲ့ရင် အသည်းခြောက်တာ၊ အသည်းကင်ဆာ စတာတွေကို ဖြစ်စေနိုင်တာပါ။ နောက်ထပ် ပါဝင်နေနိုင်တဲ့ အဆိပ်အတောက်ကတော့ Botulinum အဆိပ်ဖြစ်ပါတယ်။ ဒီအဆိပ်အတောက်တွေဟာ အပူပေးရုံနဲ့ ပျောက်မသွားပါဘူး။ ဒါကြောင့် ပိုးသတ်ထားတဲ့ ပျားရည်ကိုသာ စားသုံးသင့်တာပါ။ အသက်တစ်နှစ်အောက်ကလေးတွေဆိုရင် ပျားရည် မကျွေးသင့်ပါဘူး။

Fast Food တွေ

Fast Food တွေဟာ အမေရိကန်မှာ အသက်သေဆုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်း ၁ နဲ့ ၂ ကို ဖြစ်စေပါတယ်။ ၎င်းတို့ကို အရသာကောင်းအောင် ပြုလုပ်ထားတဲ့အတွက် အဆီများများ၊ ကယ်လိုရီများများနဲ့ အလွန်အကျွံချက်ပြုတ်ထားပြီး ဈေးနည်းတဲ့ပစ္စည်းတွေ အသုံးပြုရတာဖြစ်ပါတယ်။ ဒါကြောင့် အဆီများကာ ဆီးချိုသွေးချိုကစလို့ နှလုံးရောဂါအထိ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော ကင်ဆာတွေကိုလဲ ဖြစ်စေပါတယ်။

ပဲကတ္တီပါ

ပဲကတ္တီပါမှာ ပါဝင်တဲ့ Lactin ဆိုတဲ့ ပရိုတိန်းတစ်မျိုးဟာ အစာအိမ်ကို ဒုက္ခပေးပြီး အကြီးအကျယ်ပျို့အန်တာ၊ ဝမ်းလျှောတာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုမဖြစ်ဖို့ ပဲက္ကတီပါတွေကို မချက်ပြုတ်ခင် အနည်းဆုံး ၅ နာရီလောက် ရေစိမ်ထားဖို့လိုမှာပါ။ နောက်တစ်ခုကတော့ ပဲက္ကတီပါ တွေကို မီးအေးအေးနဲ့ခပ်ကြာကြာနူးအောင် ချက်ပြုတ်ဖို့ဖြစ်ပါတယ်။

Blue Berry

ဘယ်ရီသီးတွေဟာ နူးညံ့ပြီး အင်းဆက်တွေကြိုက်တဲ့အတွက် ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာသုံးပြီး စိုက်ပျိုးရပါတယ် ။ ဘလူးဘယ်ရီတွေထဲမှာ ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာ အကြွင်းအကျန်တွေ အများအပြားပါဝင်နေနိုင်ပြီး ဓာတုပစ္စည်း ၅၂ မျိုးလောက် တွေ့နိုင်ပါတယ်။ အေးခဲထားတဲ့ ဘယ်ရီသီးတွေထဲမှာတော့ ပိုးသတ်ဆေးပါဝင်မှုလျော့နည်းတာ တွေ့ရပါတယ်။ ဒါကြောင့် စားချင်ရင် အေးခဲထားတဲ့ ဘယ်ရီသီးတွေကို ရွေးချယ်သင့်ပါတယ်။

မှို

မှိုတွေထဲက တချို့ဟာ အတော်လေး အဆိပ်အတောက်ဖြစ်စေနိုင်တာပါ။ တစ်ခါတလေမှာ စားကောင်းတဲ့မှိုနဲ့ မစားကောင်းတဲ့မှို ခွဲခြားရခက်ခဲတတ်ပါတယ်။ မှိုဆိပ်သင့်ပြီဆိုရင် ကျောက်ကပ်ပျက်စီးတာ၊ ပျို့တာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာတွေဖြစ်တတ်ပါတယ်။ စားကုန်ပစ္စည်းရောင်းချတဲ့ဆိုင်တွေမှာ ရောင်းချနေတဲ့ မှိုတွေကိုတော့ စိတ်ချလက်ချဝယ်စားနိုင်ပါတယ်။ သဘာဝအတိုင်းအလေ့ကျပေါက်တဲ့ မှိုတွေကို ခူးရောင်းတာမဟုတ်လို့ပါ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။