ဒူးရင်းယိုထိုးနည်း

ဒူးရင်းယို ကိုယ်တိုင်ထိုးစားချင်တဲ့သူတွေ အတွက်ပါ။ အခုချိန်က ဒူးရင်းသီးပေါချိန်လဲဖြစ် ဒီနှစ်မိုးအဝင်စောတာကြောင့် ရေဝင်တဲ့ ဒူးရင်းသီးနဲ့တိုးလို့ မချိုရင် ယိုသာထိုးစားကြည့်ပါနော်။ တကယ်တော့ ဒူးရင်းယိုထိုးနည်းက လွယ်လွယ်လေးပါ။

ပါဝင်ပစ္စည်းများ

ဒူးရင်းသီး တစ်လုံး (စိမ်းရင်ပိုကောင်းတယ်၊ အသားပိုထူပါတယ်)

သကြား 5 ဇွန်း (အချိုကြိုက်လျှင် ပိုထည့်နိုင်)

နေကြာဆီ 3 ဇွန်းခန့် 

ရေ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးသကြား ၂ ဇွန်းကို ရေနည်းနည်းလေးထည့်ပြီး ကျိုလိုက်ပါ။

သကြားရေ အိုးကပ်ပြီး ညိုလာတဲ့အခါ အသားနွှင်ထားတဲ့ ဒူးရင်းသီးတွေကို ထည့်ပြီး ရေ အနည်းငယ်ထည့်ကာ အဆက်မပြတ်မွှေပေးပါ။

ကျန် သကြား၃ ဇွန်းထည့်ပြီး ဆက်မွှေပါ။

ဒူးရင်းသီးမနွမ်းမချင်း (၁၀ မိနစ်ခန့်) အဆက်မပြတ်မွှေပြီးတဲ့အခါ ရေခမ်းခါနီး ဆီ ၃ ဇွန်းကိုထည့်ပါ။ ရေလုံးဝခမ်းပြီး မရှိတော့တဲ့အထိ ဆက်တိုက်မွှေပေးပါ။

ရေမကျန်တော့ပဲ ဆီလေးနဲ့ထွေးထွေးလေးကျန်တော့တဲ့အခါ အိုးချ အအေးခံပြီး စားသုံးနိုင်ပါပြီ။

သကြားရည် အညိုရောင်ကြောင့် ဒူးရင်းယိုအရောင်လေးကလဲ လှပြီး ဆိုင်ထက်လည်းသန့် အိမ်မှာလုပ်စားရတာမို့ ပျော်ဖို့လဲကောင်းမှာ အသေအချာပါပဲနော်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။