မြောက်ကိုရီးယားမှာ တားမြစ်ထားတဲ့ အရာများ

မြောက်ကိုရီးယားကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားမှု မြင့်တက်နေတာပါ။ မြောက်ကိုရီးယားက ခေါင်းဆောင်တွေ၊ အစိုးရတွေကလည်း သူတို့နိုင်ငံကို အခြားပြည်ပနိုင်ငံတွေရဲ့ လွှမ်းမိုးမှုအောက် မရောက်အောင် ကာကွယ်မှုတွေ အပြင်းအထန်လုပ်နေဆဲပါပဲ။ သူတို့ကအဲလိုလုပ်လေ လူတွေက ပိုစိတ်ဝင်စားလေ ဖြစ်လာတာပါ။ 

အခုလည်း မြောက်ကိုရီးယားရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်လေးတွေကို တွေ့ရှိထားပါတယ်။ တစ်ကမ္ဘာလုံးမှာ ပုံမှန်လို့သတ်မှတ်ထားတဲ့အရာတွေက မြောက်ကိုရီးယားမှာတော့ မလုပ်ဖို့ တားမြစ်ခံထားရတာပါ။ သူတို့တားမြစ်ထားတာတွေက….

၁) အနောက်တိုင်းဖက်ရှင်

16 Things That Are Prohibited in North Korea

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နေရာတွေမှာ ဂျင်းဘောင်းဘီနဲ့ အခြားသော အနောက်တိုင်း အဝတ်အစားတွေကို မဝတ်ဆင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တားမြစ်ထားပါတယ်။ ပြုံယန်းမြို့ကြီးအပေါ် အိမ်နီးချင်းနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေ လွှမ်းမိုးမလာအောင် စီမံထားတဲ့ပုံပါပဲ။

၂) ကိုကာကိုလာ

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားမှာ ကိုကာကိုလာ ဝယ်ဖို့ခက်ပါတယ်။ ပြုံယန်းမှာ ရှိတဲ့ အချို့ဆိုင်တွေမှာတော့ တရုတ်က ထုတ်လုပ်တဲ့ Coke ဗူးတွေ ဝယ်လို့ရပါတယ်။

၃) ဆံပင်ပုံစံ

16 Things That Are Prohibited in North Korea

ကင်မ်ဂျုံအန်ဟာ အမျိုးသမီး ဆံပင်ပုံစံ ၁၈ မျိုးနဲ့ အမျိုးသားဆံပင်ပုံစံ ၁၅ မျိုးပဲ ခွင့်ပြုထားပါတယ်။ အဲဒီအမျိုးအစားတွေမှာလည်း တစ်မျိုးမှ ဆံပင်ဆိုးဆေး ဆိုးလို့မရပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ဆံပင်ဆိုးဆေးသွားရောင်းမယ်ဆိုရင် မွဲမှာသေချာပါတယ်။

၄) အမျိုးသမီးလစဉ်သုံး

16 Things That Are Prohibited in North Korea

တစ်ခါသုံး ဂွမ်းထုတ်နဲ့ တမ်ပွန်တွေ မြောက်ကိုရီးယားမှာ မသုံးရပါဘူး။ မြောက်ကိုရီးယားသူတွေဟာ ဟိုးအရင်ခေတ်ဟောင်းတုန်းကလို ပြန်လည်အသုံးပြုလို့ရတဲ့ ဂွမ်းထုတ်တွေကိုပဲ သုံးရပါတယ်။

၅) ကွန်ဒုံး

16 Things That Are Prohibited in North Korea

ကွန်ဒုံးသာမက ကိုယ်ဝန်တားဖို့ထုတ်လုပ်ထားတဲ့ ပစ္စည်းနဲ့ဆေးဝါးမှန်သမျှ တားမြစ်ထားပါတယ်။ မြောက်ကိုရီးယားက အသက်အရွယ်ရပြီးသား လူတွေကို ကွန်ဒုံးလက်ဆောင်ပေးရင် အားရဝမ်းသာစွာ လက်ခံကြပါလိမ့်မယ်။

၆) အိမ်ခြံမြေ

အိမ်ခြံမြေတွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားအစိုးရမှာ လုပ်ပိုင်ခွင့်အပြည့်ရှိပါတယ်။ သဘောက အိမ်တွေ၊ တိုက်ခန်းတွေကို ရောင်းလို့၊ ဝယ်လို့မရသလောက် နီးပါးပါပဲ။ ဒါကိုဖြေရှင်းဖို့ မြောက်ကိုရီးယားပြည်သူတွေက နည်းလမ်းတွေ့ရှိထားပုံပါပဲ။ နောက်ပိုင်းတော့ ဒီဥပဒေ လျှော့ပေါ့သွားနိုင်လောက်ပါတယ်။

၇) ရှူးဖိနပ်

16 Things That Are Prohibited in North Korea

ဒီဇိုင်နာတွေ သေချာဒီဇိုင်းဆွဲပြီး ထုတ်လုပ်ထားတဲ့ ရှူးတွေ၊ ဒေါက်မြင့်တွေကို မြောက်ကိုရီးယားမှာ မဝတ်ရပါဘူး။ တရုတ်နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ ဒီဇိုင်းအဆန်းနဲ့ ရှူးတွေ၊ ဒေါက်တွေကို ခွင့်မပြုထားပါဘူး။ တရုတ်နဲ့ထိစပ်တဲ့နေရာတွေမှာတောင် တရုတ်ဒီဇိုင်နာတွေလုပ်တဲ့ ဖိနပ်တွေပဲ ခွင့်ပြုထားတာပါ။

၈) ခရစ်စမတ်သစ်ပင်

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားဟာ တရားဝင် ဘာသာမဲ့နိုင်ငံပါ။ ဘာသာရေးမှန်သမျှ တားမြစ်ထားပြီး အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားပါတယ်။ ခရစ်စမတ်သစ်ပင်တွေကို ဝယ်လို့လည်းမရသလို အလှဆင်လို့လည်း မရပါဘူး။

၉) ရုပ်သံလိုင်း

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားမှာ တီဗွီရုပ်သံလိုင်း လေးမျိုးပဲ ရှိပါတယ်။ ဆင်ဆာအဖွဲ့ကလည်း အရမ်းတင်းကြပ်ပြီးတော့ အခြား တီဗွီရုပ်သံလိုင်းတွေလည်း ပြသဖို့ခွင့်မပြုပါဘူး။

၁၀) အနောက်တိုင်းမဂ္ဂဇင်း

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားရဲ့ ဝါဒဖြန့်ကျက်ရေးတွေထဲကတစ်ခုက အနောက်တိုင်းမီဒီယာတွေအကုန်လုံးကို တားမြစ်ထားတာပါ။ အစိုးရနဲ့ အထူးအေဂျင်စီတွေဟာ ပုံနှိပ်ထုတ်လုပ်မယ့် အကြောင်းအရာတွေအကုန်လုံးကို ထိန်းချုပ်ထားပါတယ်။ ဘာအလှအပဆိုင်ရာမဂ္ဂဇင်း၊ ဘာဖက်ရှင်မဂ္ဂဇင်းမှ မရှိပါဘူး။ သူတို့မှာ ပညာရေးနဲ့ပတ်သက်တဲ့စာပေတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာပေတွေပဲ ရှိပါလိမ့်မယ်။

၁၁) ဝိုင်ဖိုင်နှင့် ပြည်ပဖုန်းခေါ်ဆိုမှု

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားမှာ လူဦးရေ ၁၅ သန်းရှိပေမယ့် လူ ၁ သန်းလောက်ပဲ လက်ကိုင်ဖုန်းရှိပါတယ်။ ဖုန်းရှိပေမယ့် ပြည်ပကို တော်ရုံတန်ရုံဖုန်းခေါ်မှာမဟုတ်ပါဘူး။ ဘာလို့ဆိုရင် 3G အင်တာနက်အသုံးပြုမှုကိုလည်း ကန့်သတ်ထားပါတယ်။ ပြည်ပကနေ မြောက်ကိုရီးယားကိုလာတဲ့ နိုင်ငံခြားသားတွေ ပြည်ပကို ဖုန်းခေါ်ချင်ရင် pre-paid SIM card တွေကိုပဲ သုံးရပါတယ်။

၁၂) ရှိုးပွဲ

16 Things That Are Prohibited in North Korea

မြောက်ကိုရီးယားမှာ ပြည်ပက အဆိုတော်တွေကို လာဖျော်ဖြေခွင့်ပေးတာ ရှားပါတယ်။ ဒါကြောင့် ပြည်ပရှိုးပွဲဆိုတာလည်း ဝေးပြီပေါ့။ မြောက်ကိုရီးယားက ပြည်တွင်းအဖွဲ့တွေကိုပဲ ရှိူးပွဲလုပ်ခွင့်ပေးထားတာပါ။ မြောက်ကိုရီးယားမှာ ခွင့်ပြုထားတာဆိုလို့ Laibach လို့ခေါ်တဲ့ Slovenian Band ပဲ ရှိပါတယ်။ ၂၀၁၅ တုန်းက အဲဒီအဖွဲ့ ပြုံယန်းမှာ ဖျော်ဖြေခဲ့ဖူးပါတယ်။

၁၃) ခေတ်ပေါ်ပစ္စည်း

16 Things That Are Prohibited in North Korea

ခေတ်ပေါ်နည်းပညာနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းမှန်သမျှ ရောင်းချခွင့်မရှိပါဘူး။ ဒါကြောင့် Apple Product တွေ လည်း မရောင်းပါဘူး။ Google တွေ၊ Facebook တွေလည်း သုံးလို့မရပါဘူး။ ပြည်ပနည်းပညာသုံး ပစ္စည်းတွေအစား မြောက်ကိုရီးယားမှာ တီထွင်တဲ့ ပစ္စည်းတွေပဲ သုံးလို့ရပါတယ်။

၁၄) ပြိုင်ကား

16 Things That Are Prohibited in North Korea

ဇိမ်ခံပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့ ပြိုင်ကားဟာ မြောက်ကိုရီးယားမှာ လုံးဝ မရနိုင်ပါဘူး။ အမေရိကန်ပြည်ထောင်စုနိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေရဲ့ ခွင့်ပြူချက်တွေလိုအပ်တာကြောင့် ဈေးကြီးတဲ့ပြိုင်ကားတွေကို မြောက်ကိုရီးယားမှာ ဝယ်ယူဖို့ မဖြစ်နိုင်ပါဘူး။

၁၅) ပြည်ပခရီးသွားခြင်း

မြောက်ကိုရီးယားတွေဟာ ပြည်ပကို အလည်အပတ်ခရီးသွားခွင့် မရှိပါဘူး။ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲလေနော်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားတွေကတော့ ဘာမှမတုံ့ပြန်ပဲ ငြိမ်ခံနေကြလေရဲ့။

Source; Brightside.me

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။