မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်မှုအောင်မြင်ခဲ့တဲ့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦး

ပရိသတ်ရင်ထဲမှာ ဆယ်စုနှစ်မက စွဲလမ်းပြီး အားပေးချစ်ခင်နေရတဲ့ အကယ်ဒမီ ထက်ထက်မိုးဦးဟာ ယနေ့တိုင် အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေဆဲဖြစ်ပြီး သူမကို ချစ်ခင်တဲ့ ပရိသတ်တွေကလည်း အားပေးနေဆဲပါ။ တစ်ခေတ်တစ်ခါက သူမရဲ့ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဗီဒီယိုဇာတ်ကားများနဲ့ ကြော်ငြာများဟာ အရမ်းကို အောင်မြင်ကျော်ကြားခဲ့ပြီး လူကြိုက်အရမ်းများခဲ့ပါတယ်။

ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တာကြောင့်လည်း သူမကို ချစ်တဲ့ပရိသတ်ဟာ ယနေ့တိုင် အခိုင်အမာ အားပေးဆဲပါ။ အခုချိန်မှာတော့ ထက်ထက်ဟာ အနုပညာအလုပ်တွေကို ရပ်နားထားလိုက်ပြီး သာယာတဲ့မိသားစုလေးနဲ့ မိုးကုတ်မြို့မှာ အေးချမ်းစွာ နေထိုင်နေတယ်လို့ သိရပါတယ်။

အခုတစ်ခါမှာတော့ ပရိသတ်အချစ်တော် ထက်ထက်မိုးဦးဟာ ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ခန်းဝင်နေရကြောင်းကို လူမှုကွန်ယက်ပေါ် ပုံရိပ်တွေ ပျံ့နှံ့လာခဲ့ပါတယ်။ သူမဟာ ယနေ့မနက် (၆)နာရီမှာ ခွဲစိတ်ခန်းဝင်ခဲ့ပြီး ဆရာဝန်ကြီးတွေရဲ့ ကြိုးပမ်းမှုကြောင့် အောင်မြင်စွာနဲ့ ခွဲစိတ်နိုင်ခဲ့တယ်လိုက သိရပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပရိသတ်တွေက စိုးရိမ်နေကြသလို ဘာရောဂါ ဖြစ်နေတယ်ဆိုတာကိုလည်း စိတ်ဝင်စားနေကြတာပါ။ 

ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံစံလေးနဲ့ ဟန်ပန်လေးတွေကို TV ဖန်သားပြင်ပေါ် ပြန်လည်မြင်တွေ့ချင်တဲ့ ပရိသတ်များစွာက သူမကို အနုပညာလောကထဲ ပြန်လည်ဝင်ရောက်ဖို့ တိုက်တွန်းနေကြပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေနဲ့ ကင်းကွာသလိုဖြစ်နေတဲ့ သူမဟာ ပရိသတ်တွေ ရှေ့မှောက်ကို ပြန်လည်ရောက်လာခဲ့ပါ့မယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Source; We Love Htet Htet Moe Oo Page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။