ကလီယိုပါထရာရဲ့ အလှအပ လျှို့ဝှက်ချက်

အလှအပမှာ စံပြုလောက်တဲ့ ကလီယိုပါထရာ။ အလှကြောင့် ထင်ပေါ်ကျော်ကြားတဲ့ သူမရဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း လူတိုင်းက စိတ်ဝင်တစား ရှိကြပါတယ်။ သူမရဲ့ အလှအပထိန်းသိမ်းပုံတွေကပဲ ခေတ်ရှေ့ပြေးလွန်းနေခဲ့တာလား။ ဒါမှမဟုတ် အခုခေတ်လူတွေကပဲ သူမရဲ့ နည်းလမ်းတွေကို ကျင့်သုံးနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် အခု ကိုယ်တို့သုံးနေတဲ့ အလှအပရေးရာပစ္စည်းတွေဟာ ကလီယိုရဲ့နည်းလမ်းတွေနဲ့ တူနေတာပါပဲ။ သူမ သုံးခဲ့တဲ့ အလှအပဆိုင်ရာ လက်နက်တွေက ဘာတွေများလဲ?

 Related image

နွားနို့နဲ့ပျားရည် ဖြင့်စိမ်ပြီး ရေချိုးတယ်

သူမရဲ့အလှအပဆိုင်ရာ လက်နက်တွေထဲက အကျော်ကြားဆုံးတစ်ခုကတော့ နွားနို့နဲ့ ပျားရည်ထဲမှာ စိမ်ပြီး ရေချိုးတာပါ။ နွားနို့ရော ပျားရည်ရောက အသားအရေကို နူးညံ့စေတယ်၊ သဘာဝအတိုင်း ချေးကျွတ်စေတယ်၊ ချိုမြတဲ့ မွှေးရနံ့ကို ပေးစွမ်းနိုင်ပါတယ်။ နွားနို့ကန်ထဲ ဝင်မစိမ်နိုင်ရင်တောင် နွားနို့နဲ့ရေချိုးနိုင်မယ့်နည်း ရှိပါတယ်။ နွားနို့၂ခွက်ရယ်၊ ပျားရည် ခွက်တစ်ဝက်ရယ် ကို ချိုးမယ့်ရေထဲမှာ ထည့်သုံးပါ။

ရှားစောင်းလက်ပက်ကို moisturizer အဖြစ်သုံးတယ်

ရှားစောင်းလက်ပက်ဟာ အသားအရေကို ချောမွေ့စေတဲ့ Serum အဖြစ် နာမည်ကြီးပါတယ်။ ကလီယိုပါထရာဟာ ရှားစောင်းလက်ပက်ကို ပျားရည်နဲ့ရောစပ်ပြီး Face Mask အဖြစ် သုံးလေ့ရှိပါတယ်။

Related image 

သဘာဝဒန်းနဲ့ အရောင်ဆိုးတယ်

ကလီယိုဟာ သူမရဲ့လက်သည်းတွေကို နီညိုရောင်ဖြစ်အောင် ဒန်းကို အသုံးပြုပါတယ်။ နောက်ပြီး သူမလိုချင်တဲ့ ဆံပင်အရောင် အတိအကျရဖို့ ဒန်းရယ်၊ ဂျူနီပါပင်လို့ခေါ်တဲ့ ဖယောင်းပင်ရဲ့အသီးရယ်၊ အခြား အရောင်ထွက်စေတဲ့ အပင်တွေနဲ့ ရောစပ်ပြီး သုံးပါတယ်။

ပင်လယ်ဆားနဲ့ချေးချွတ်တယ်

ကလီယိုရဲ့ ပြောင်လက်ချောမွတ်နေတဲ့ အသားအရေရဲ့သော့ချက်ကတော့ ပင်လယ်ဆားနဲ့သံလွင်ဆီကို ရောစပ်ပြီး ချေးချွတ်လို့ပါ။ အစိုဓာတ်လည်း ပြည့်ဝစေပါတယ်။

Rose Water ကို Toner အဖြစ်သုံးတယ်

ဒီအီဂျစ်ဘုရင်မလေးဟာ Rose Water ကို အရမ်းကြိုက်တဲ့သူပါ။ အသားအရေကို နူးညံ့ချောမွေ့စေတာကြောင့် သဘာဝ တိုနာအဖြစ် သုံးပါတယ်။ ကိုယ်တွေလည်း သုံးလို့ရတာပဲလေ။ မနက်နဲ့ညနေတွေမှာ Rose Water ကို တိုနာဂွမ်းနဲ့တို့ပြီးသုံးလို့ရသလို၊ စပရေးလို ဖြန်းပြီး သုံးလို့လည်း ရပါတယ်။

Related image 

ပန်းသီးရှာလကာရည်

ကလီယို ပါထရာဟာ ပန်းသီးရှာလကာရည်ကို မိတ်ကပ်ဖျက်တိုနာအဖြစ် သုံးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ယနေ့ခေတ်မှာလည်း တော်တော်များများ သုံးနေကြတာပဲလေ။

အရေးအကြောင်းကင်းဖို့ မက်မွန်သီးအဆီ 

ကလီယိုဟာ သူမအသားအရေအတွက် ဖြည့်စွက်အဆီအနှစ်အဖြစ် မက်မွန်သီးအဆီကို သုံးပါတယ်။ ယနေ့ခေတ် Peeling လုပ်တဲ့ အလှကုန်ပစ္စည်းတွေမှာ ပါဝင်တဲ့ Mandelic Acid ပါဝင်တာကြောင့် မက်မွန်သီးအဆီကို ကလီယို သုံးခဲ့တာပါ။

 

ဆံပင်အတွက် ပျားရည်နဲ့ကြက်ဆူဆီ

ပျားရည်နဲ့ ကြက်ဆူဆီကို ရောစပ်ပြီး ဆံပင်ကို သုတ်လိမ်းပေးခြင်းဟာ ကလီယိုရဲ့ဆံပင်တွေကို ပျော့ပြောင်းသန်မာပြီး တောက်ပြောင်စေတာပါ။

Image result for cleopatra 

ကွေကာအုပ်ကို ဆပ်ပြာအဖြစ် သုံးတယ်

ကလီယိုဟာ သူမအသားအရေကို ကွေကာအုပ်နဲ့သန့်စင်ရတာ၊ ချေးချွတ်ရတာ ကြိုက်နှစ်သက်ပါတယ်။ ခေတ်ပေါ်ဆပ်ပြာတွေက အသားအရေကို ကြမ်းတမ်းခြောက်သွေ့စေပေမယ့် ကွေကာအုပ်ကတော့ အသားအရေကို အစိုဓာတ်နဲ့ အာဟာရ ဖြည့်ပေးပါတယ်။ ချိုးမယ့်ရေထဲကို ကွေကာအုပ်ထည့်ချိုးတာ၊ ဒါမှမဟုတ် ရေနွေးနဲ့ကွေကာအုပ်ရောပြီး အသားအရေမှာ ပွတ်တာမျိုါ် လုပ်လို့ရပါတယ်။

အဖြူရောင်ရွှံ့နဲ့ပေါင်းတင်တယ်

ရွှံ့နဲ့ပေါင်းတင်တာကြောင့် ကလီယိုရဲ့အသားအရေဟာ ညိုညက်ညက်လေးနဲ့တင်းရင်းနေတာပါ။ တကယ်လို့ ပျိုမေတို့အသုံးပြုမယ်ဆိုရင် ၅ မိနစ်ကနေ ၁၀ မိနစ်လောက်ထိပဲ အသားအရေမှာ ထားပါ။ ဒီထက်ကြာသွားရင် အသားအရေ ခြောက်သွေ့စေပါတယ်။

မျက်လုံး Serum အတွက် တရုတ်နံနံနဲ့လျှော်ပင်

ယနေ့ခေတ်မှာ မျက်လုံးအတွက်ဆိုရင် သခွားသီးကို စွဲစွဲမက်မက် သုံးကြပေမယ့် ကလီယိုကတော့ တရုတ်နံနဲ့နဲ့လျှော်ပင်ကို ရောစပ်ပြီး သုံးပါတယ်။ ဒါကြောင့်လည်း သူမရဲ့မျက်လုံးလေးက တောက်ပပြီး ကျန်းမာနေတာပေါ့။

Source: Petra, wiki

By Paulina