အနီရောင်ကို အထာကျကျ ဘယ်လို ဝတ်ကြမလဲ

သမိုင်းအစဉ်အလာတွေအရ အနီရောင်ဆိုတာ သန်မာခြင်းရဲ့သင်္ကေတတစ်ခုပါ။ အချစ်ရဲ့သင်္ကေတ၊ နှင်းဆီရဲ့ သင်္ကေတ ဟာလည်း အနီပါပဲ။ အနီရောင် ဝတ်လိုက်တဲ့အခါ အလိုလို ဆွဲဆောင်မှုရှိသွားတာ။ ဒီလို ဂုဏ်သတ္တိတွေ ရှိတဲ့အနီရောင်ကို အတွဲအဆက်ညီညီမဝတ်တတ်ရင်လည်း ဂွမ်းသွားတတ်ပါတယ်။ ဒါကြောင့် အနီရောင်တွေကို အထာကျကျ ဆင်မြန်းလိုက်ကြရအောင်။

အနီနဲ့အနက်

အနီနဲ့အနက်ကတော့ အလိုက်ဖက်ဆုံး၊ အတွဲအညီဆုံး အရောင်ပါပဲ။ ဒီအရောင် နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ အရိုင်းဆန်ပြီး ခပ်မိုက်မိုက်ဖြစ်သွားပါတယ်။ အနီနဲ့ အနက်ကို တွဲဝတ်ထားရင်တော့ လူတွေရဲ့အာရုံစိုက်ခြင်းကို ခံရမှာ အသေအချာပဲ။ Party တွေ Night Out တွေ သွားရင် ဝတ်ရင် သင့်လျော်ပါတယ်။

outfit, fashion, and black image

အနီနဲ့အနက်ဟာ အမျိုးသမီးတွေအတွက် ဆွဲဆောင်မှု အပြည့်ပေးနိုင်တဲ့ ပေါင်းစပ်မှုပါ။ လေ့လာစမ်းစစ်ချက်တွေအရ အမျိုးသားတွေဟာ အနီဝတ်ထားတဲ့ မိန်းကလေးတွေဆိုရင် ချက်ချင်းသတိထားမိပြီး စိတ်ဝင်စားတတ်ကြပါတယ်တဲ့။ 

fashion, skirt, and style image

အနီကို Sexual အဖြစ်ဆုံးအရောင်လို့လည်း သတ်မှတ်ထားကြပါတယ်။ အနက်ဆိုတာလည်း ဆိုးသွမ်းခြင်း၊ မှောင်မိုက်ခြင်းကို ကိုယ်စားပြုတဲ့အတွက်ကြောင့် အနီနဲ့အနက်ပေါင်းလိုက်တဲ့အခါ ဆွဲဆောင်အားပြင်းတဲ့ မိန်းမဆိုးလေး ပုံစံမျိုး ဖြစ်သွားစေပါတယ်။

အနီနဲ့မီးခိုး

အနီနဲ့အနက်ထက် အားပျော့တဲ့ ပေါင်းစပ်မှုလို့ဆိုရမှာပါ။ တည်ငြိမ်ရင့်ကျက်ခြင်း၊ ရဲရင့်ပြီး အသိဉာဏ်မြင့်မားခြင်း၊ အောင်မြင်ခြင်းဆိုတဲ့ အသွင်ကို ဆောင်ပါတယ်။ 

fashion, outfit, and style image

အနီဟာ ရန်သူကို ခြောက်လှန့်နိုင်တဲ့ အရည်အသွေးရှိတာကြောင့် ပြိုင်ပွဲအတော်များများမှာ အနီကို သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ရဲလွန်းတဲ့အခါ လွဲသွားတတ်ပါတယ်။ ဒါကြောင့် မီးခိုးနဲ့ပေါင်းစပ်ထားတာပါ။ မီးခိုးမှာ  တည်ကြည် ငြိမ်သက်ခြင်းဆိုတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ 

fashion, outfit, and scarf image

ဒါကြောင့် မီးခိုးနဲ့အနီပေါင်းစပ်လိုက်တဲ့အခါ တည်ငြိမ်ထက်မြက်ခြင်းဆိုတဲ့ ပြည့်စုံတဲ့ ပေါင်းစပ်မှု ဖြစ်လာတာပေါ့။ လုပ်ငန်းခွင်အစည်းအဝေးတွေ၊ အင်တာဗျူးတွေ၊ ဟောပြောပွဲတွေမှာ ဝတ်ဖို့သင့်တော်ပါတယ်။

အနီနဲ့အဖြူ

အနီနဲ့အဖြူကတော့ သစ်လွင်တက်ကြွခြင်း သင်္ကေတာကို ဆောင်ပါတယ်။ ငယ်ရွယ်မှု၊ ထက်မြက်မှုတွေလည်း ပေါ်လွင်နေပါတယ်။ တက်ကြွတဲ့ပုံစံမျိုး ဖြစ်ချင်တယ်၊ လူငယ်လည်းဆန်ရမယ်၊ အများအလယ်မှာလည်း ထင်းနေချင်တယ်ဆိုရင်တော့ဖြင့် အနီနဲ့ အဖြူကို တွဲဝတ်ပါ။

ရှူးအနီ

ခန္ဓာကိုယ်မှာ နီနီရဲရဲကြီးတွေ မဆင်ချင်ဘူးဆိုရင် ရှူးအနီရောင်စီးပါ။ ရှူးတွေ၊ ဒေါက်တွေဆိုရင် Nude အရောင်တွေက အင်္ကျီတိုင်းနဲ့လိုက်တယ်လို့ လူတော်တော်များများက ထင်ကြပါတယ်။ ဒါပေမယ့် ရှူးအနီရောင်ကမှ ပိုလိုက်တာပါ။ ဝတ်စုံတိုင်းနဲ့လိုက်ဖက်ရုံမကဘူး ဝတ်စုံကို ပိုပြီး တောက်ပလာအောင် အားဖြည့်ပေးနိုင်ပါတယ်။ အနီရောင်ရဲ့ဂုဏ်သတ္တိကြောင့် အနီရောင်ပါရင်ကို အလိုလို ဆွဲဆောင်မှု ရှိနေတော့တာ။

အိတ်အနီ

 

အနီဟာ တခြားအရောင်တွေကို လွှမ်းမိုးနိုင်တဲ့ ဂုဏ်သတ္တိမျိုး ရှိပါတယ်။ အထူးသဖြင့် ဖျော့်တဲ့ အရောင်တွေကိုပေါ့။ ဒါကြောင့် ကိုယ်ကအဝတ်အစားဒီဇိုင်း၊ ဖိနပ် ဒီဇိုင်းကို အရောင်ဖျော့တာပဲ ကြိုက်တယ်ဆိုရင် အနီရောင်အိတ်ကိုင်ပါ။ တစ်ကိုယ်လုံးက မွဲခြောက်တဲ့အရောင်ဖြစ်နေရင်တောင် အနီရောင်အိတ်လေးတစ်လုံးထဲနဲ့ ထင်းထွက်နေမှာ။

ဂျာကင်နဲ့ကုတ်အင်္ကျီ

ဂျာကင်တွေ ကုတ်တွေဆိုတာက ခဏတဖြုတ်လောက်ပဲ ဝတ်တတ်ကြတဲ့ အင်္ကျီမို့ လူတိုင်းမှာ အများဆုံးရှိ သုံး၊ လေး၊ ငါးထည်ပေါ့။ သုံးထည်လောက်ထဲမှာမှ အနီရောင်လေးတစ်ထည်လောက်တော့ ပါအောင် ဝယ်ထားပါ။ အနီရောင်ဟာ ဂျာကင်တွေ ကုတ်တွေမှာဆို Smart ကျတဲ့အသွင်မျိုး ဆောင်စေပါတယ်။ တော်ရုံတန်ရုံ အရောင်ကျသွားရုံလောက်နဲ့ ဟောင်းနွမ်းနေတဲ့ ပုံမျိုးလည်း မပေါက်စေပါဘူး။

Ref; Ramona, www.psychologytoday.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။