ခေတ်ဟောင်းဖက်ရှင်တွေနဲ့အထာကျတဲ့ ဆယ်လီများ

အားလုံးသိတဲ့အတိုင်း ဖက်ရှင်ရေစီးကြောင်းက တစ်ပတ်ပြန်လည်လာပါပြီ။ 2019 မှာ 90 တုန်းက ဖက်ရှင်တွေ ပြန်ခေတ်စားလာခဲ့ပါတယ်။ ဒီလိုဆိုတော့လည်း ကိုယ်တွေရဲ့ ဘိုးဘေးတွေက တော်တော်လေး အထာကျခဲ့ကြတာပဲ။ သူတို့ရဲ့ဖက်ရှင်နဲ့ ခေတ်ပေါ်ဖက်ရှင်တွေနဲ့ ပေါင်းစပ်လိုက်တော့ ပိုပြီးတော့တောင် အထာကျသေး။ 

Image result for 90 fashion

ဖက်ရှင်ဆိုတာကလည်း မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ၊ ဆယ်လီတွေဆီကတစ်ဆင့် ဆင်းသက်လာတတ်တာမျိုး။ ဆယ်လီတွေ ဝတ်တာလေးတွေကို ပရိသတ်တွေက လိုက်ဝတ်တတ်ကြတာ မဟုတ်လား။ လူတိုင်းမှာတော့ ကိုယ်အားကျတဲ့ ဆယ်လီရဲ့ဖက်ရှင်တွေ ရှိမှာပဲလေ။ ဒီတစ်ခါတော့ တစ်ကျော့ပြန်ဖက်ရှင်တွေနဲ့ဂေါ်နေကြတဲ့ ဆယ်လီတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) Selena Gomez

၁၉၇၀၊ ၁၉၈၀၊ ၁၉၉၀ ခုနှစ်က စတိုင်လ် မျိုးတွေ သူမ ဝတ်လေ့ ရှိပါတယ်။ သူမဝတ်လိုက်တော့လည်း ဒိတ်အောက်မနေပဲ အရမ်းမိုက်တဲ့ ဖက်ရှင်တွေ ဖြစ်သွားတာပဲ။ အတွဲအဆက်မိမိ ဝတ်တတ်လို့လားတော့ မသိဘူး။ ဘိုသီဘတ်သီနဲ့တောင် စတိုင်လ်ကျနေတာ။

selena gomez and selenagomez image 

ရင်ကွဲသိုးမွေးအင်္ကျီ၊ ဆွယ်တာအင်္ကျီ၊ ခေါင်းစွပ်အင်္ကျီ

 

Oversized ရှပ်အင်္ကျီ

 

ခေတ်ဟောင်းနေကာမျက်မှန် (Retro Sunglass)

၂) Kehlani

ခလားနီး ကတော့ ၁၉၈၀ က တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမပျို စတိုင်လ်ပါ။ ရှေးခေတ်က လမ်းသရဲ မိန်းမဆိုးလေးပုံစံနဲ့သူမရဲ့စတိုင်လ်တွေကတော့ ခပ်ဂျစ်ဂျစ် လူငယ်တွေအကြိုက်ပေါ့။

kehlani and Tattoos image 

Crop top

curly hair, kehlani, and Tattoos image 

ဘောင်းဘီအပြဲ

pants, ripped jeans, and kehlani image 

Oversized အပေါ်ထပ်အင်္ကျီ၊ ဘောင်းဘီအပွ

kehlani image 

ခေါင်းစည်း (Bandana)

kehlani and Tattoos image

 

၃) Halsey

ဟယ်လ်ဆေးကတော့ ၁၉၉၀ ပြည့်နှစ်က တောင့်တောင့်ဖြောင့်ဖြောင့် မိန်းမဆိုးလေး ပုံစံပါ။ အားလုံးသိကြတဲ့အတိုင်း သူမစတိုင်လ်တွေက သူများနဲ့ မတူအမြဲကွဲထွက်နေတတ်ပါတယ်။ သူမဖက်ရှင်တွေက လုံးဝကို ခေတ်နောက်ပြန်ဖက်ရှင်တစ်လိုင်းတွေချည်းပါပဲ။ နောက်ပြီး သူမဟာ ခန္ဓာကိုယ်ရဲ့အပိုင်းလေးတွေ တစ်ပိုင်းချင်းစီ ပေါ်လွင်နေအောင် ဝတ်တတ်ပါတယ်။

 beauty, singer, and colorful image

လည်ရှည်ဖိနပ်၊ သေးငယ်တဲ့ ဘောင်းဘီနဲ့Crop top၊ Oversized လေဖောင်းကုတ်အင်္ကျီ

 

ကုတ်အင်္ကျီရှည်

 

သားမွှေးကုတ်

 concert, singer, and halsey image

စစ်သားလည်ရှည်ဖိနပ်

halsey, pink, and flowers image 

Bra မပါတဲ့ ရှပ်အင်္ကျီ

pink, tattoo, and halsey icons image 

၄) Bella Hadid

1980, 1990 ဖက်ရှင်တွေ ဝတ်လေ့ရှိပါတယ်။ Gigi နဲ့မတူတာက Bella က ခေတ်နောက်ပြန်ဆွဲ ဖက်ရှင်တွေ ပိုဝတ်တတ်သူပါ။ နောက်တစ်ခုက ဘယ်လာရဲ့မျက်နှာက ခေတ်ဟောင်းဖက်ရှင်နဲ့အရမ်းကို လိုက်ဖက်ပါတယ်။

bella, hadid, and metgala image 

ခေတ်ဟောင်းနေကာမျက်မှန်

 

ဂျင်းအပွ

 

လက်ကိုင်အိတ် (ခုခေတ်မှာ လက်ကိုင်အိတ်ကို လက်မောင်းကြာညှပ်လွယ်တဲ့သူက ရှားသွားပါပြီ)

bella, hadid, and bella hadid image 

၅) Hailey Bieber

ဟေလီဟာလည်း မိန်းမသိပ်မဆန်တဲ့ ခေတ်ဟောင်းဖက်ရှင်တွေကို ဝတ်လေ့ရှိသူပါ။ သူမရဲ့ဖက်ရှင်တော်တော်များများက Retro စတိုင်လ်တွေ လွှမ်းမိုးနေလေ့ရှိပါတယ်။ နောက်ပြီး သူမမျက်နှာလေးကလည်း ခေတ်ဟောင်းဖက်ရှင်နဲ့ လိုက်ဖက်နေပါတယ်။

I’m craving McDonald’s so bad .... I don’t remember when i had it 🤔🤭 -Olivia/owner . . . . . . . @haileybaldwin #haileybaldwin #imgmodels… 

သားရေကုတ်နဲ့ဘောင်းဘီအပွ

 

ကုတ်အင်္ကျီပွ။ စတိုင်ပင်အပွ

 

Suit အပွ၊ အပေါ်အောက် အရောင်ဆင်တူ

 

Retro Sunglass

Ref; weheartit.com, pinterest

By Paulina