နာရီပိုင်းအတွင်း လူငယ်များကြား ရေပန်းစားလာတဲ့ “ ဖုန်ရှူလိုက် ” သီချင်း

လတ်တလော လူငယ်များကြားမှာ နာမည်ကြီးနေပြီး တွင်ကျယ်စွာ ပြောဆိုတဲ့ “ ဖုန်ရှူလိုက် ” ဆိုတဲ့ စကားလုံးကို အားလုံးကြားဖူးကြမှာပါ။ “ ဖုန်ရှူလိုက် ”  ဆိုတဲ့ ဗန်းစကားက သူငယ်ချင်း အချင်းချင်း စနောက်တဲ့အခါ၊ ကိုယ်မကျေနပ်တဲ့အခါ ခနဲ့တဲ့သဘောနဲ့ ပြန်လည် ချေပတဲ့ စကားမျိုးလည်း ဖြစ်ပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ စကားအသုံးအနှုန်းတွေ များစွာထဲကမှ “ ဖုန်ရှူလိုက် ” ဆိုတဲ့ စကားကို လူငယ်တွေ ခံတွင်းတွေ့နေကြပြီး အမြဲလိုလို လူမှုကွန်ယက်ပေါ်က Post တွေ မြင်နေရပါတယ်။ အခုလည်း လူငယ်တွေ ခံတွင်းတွေ့နေတဲ့ “ ဖုန်ရှူလိုက် ” ဆိုတဲ့ စကားလုံးကို လူငယ်တစ်ဦးမှ သီချင်းအဖြစ် ဖန်တီးပြီး လူမှုကွန်ယက်ပေါ်တင်ခဲ့ခြင်းကြောင့် နာရီပိုင်းအတွင်း လူငယ်များကြား နာမည်ကြီးကျော်ကြား လာခဲ့ပါတယ်။

အဆိုပါ သီချင်းကိုတော့ ဂီတဝါသနာရှင် တစ်ဦးဖြစ်တဲ့ Na YEm ဆိုတဲ့ လူမှုကွန်ယက်သုံးစွဲသူမှ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် သံစဉ်နဲ့ သီဆိုခဲ့ခြင်းဖြစ်တာကြောင့်လည်း လူငယ်တွေ ပိုမိုသဘောကျနေကြတာပါ။ ဒီတော့ ပရိသတ်ကြီးအတွက် “ ဖုန်ရှူလိုက် ” ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

">

Source; Na YEm FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။