Too Faced ရဲ့ Super Cute New Makeup Bags

နာမည်ကျော် Cosmetics brand တစ်ခုဖြစ်တဲ့ Too Faced ကနေပြီးတော့မှ အင်မတန်ချစ်စရာကောင်းတဲ့ makeup bag အသစ်လေးကို ထုတ်လုပ်လိုက်ပြန်ပါပြီ.... ။
Too Faced ရဲ့ founder တစ်ဦးဖြစ်တဲ့ Jerrod Blandino က ဇွန်လ ၁၆ ရက်နေ့မှာ အိတ်ပုံနဲ့ video ကို instagram မှာတင်ခဲ့ပါတယ်....။

                          

အရောင်အနေနဲ့ကတော့ Gold, Pink, Teal ဆိုပြီး သုံးရောင်ထုတ်လုပ်ထားပါတယ်....။
အိတ်လေးရဲ့အရှေ့ဘက်ကို ယုန်မျက်နှာပုံလေးနဲ့ပုံဖော်ထားပါတယ်.... ။
အိတ်ရဲ့အနောက်ဘက် အောက်နားမှာတော့ ယုန်အမြှီးလိုမျိုး အမွှေးဖွာဖွာ၊ သေးသေးလေးလည်းလုပ်ထားပါသေးတယ်....။

                           

Too Faced က တိရစ္ဆာန်တွေအပေါ် အကြင်နာမဲ့မှုနဲ့ ရက်စက်မှုတွေကို အမြဲဆန့်ကျင်ပါတယ်လို့ Jerrod Blandino ကပြောကြားခဲ့ပါတယ်....။ 
နောက်ပြီး ဒီအိတ်လေးရဲ့အပေါ်နားမှာ “Too Faced BE COOL, NOT CRUEL” ဆိုတဲ့စာသားလေးထိုးထားခဲ့ပါတယ်....။
အောက်ဘက်မှာတော့ hashtag လေးနဲ့ #TFCRUELTYFREE ဆိုပြီး ထိုးထားတာကိုတွေ့ရမှာပါ....။

                           







X