သမီးတစ်ယောက်ရှိခြင်းက ဖခင်တွေအတွက် အကျိုးကျေးဇူးပိုများကြောင်း လေ့လာတွေ့ရှိ

မိဘတစ်ယောက် ဖြစ်လာပြီဆိုရင် ဘဝမှာ တာဝန်ကြီးပြီး ကလေးက သားလား၊ သမီးလား ဆိုတာအပေါ် မူတည်လို့ သိမှတ်စရာတွေလည်း များပြားလှပါတယ်။ သိပ္ပံနည်းကျလေ့လောတွေ့ရှိမှုအရ သမီးတစ်ယောက် ရှိခြင်းဟာ မိဘတွေရဲ့ဘဝကို ပိုမိုအကျိုးများစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဖခင်တွေအတွက်ပါ။


သုတေသနသမားတွေဟာ သားရော သမီးရောရှိတဲ့ မိဘ ၅၀ ကို မေးခွန်းတွေမေးမြန်းပြီး လေ့လာစူးစမ်ခဲ့ကြ ပါတယ်။ အဲဒီလို လေ့လာချက်တွေအရ တွေ့ရှိခဲ့ရတာကတော့ သမီးတွေဟာ မိဘတွေနဲ့အတူ ၆၀ ရာခိုင်နှုန်းလောက် အတူအချိန်ကုန်ဆုံး လေ့ရှိကြပါတယ်။ မိဘတွေအတွက် သားတွေထက်စာရင် သမီးတွေနဲ့ ခံစားချက် တွေ ပိုမိုမျှဝေနိုင်ပြီး ပိုလည်း တိုင်ပင်လို့ရတယ်လို့ ဆိုပါတယ်။


အဲဒီလိုအကြောင်းတွေကြောင့် သမီးတွေဟာ မိဘတွေနဲ့ ပိုရင်းနှီးမှုရှိပါတယ်။ သမီးတွေနဲ့ အတူတူ ထွက်လည် တာမျိုးလည်း ပြုလုပ်လေ့ရှိကြပါတယ်။ စိတ်ပညာသဘောတရားအရဆိုရင်လည်း သမီးရှိတဲ့ ဖခင်တွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဖြစ်တည်မှုအဓိပ္ပါယ်ကို သူတို့ရဲ့သမီးလေးတွေကနေတဆင့် လေ့လာသင်ယူလေ့ရှိ ပါတယ်။ အဲဒီအချက်ဟာ ဖခင်တွေအတွက် အမြင်ကျယ်စေပြီး သူတို့ရဲ့အမျိုးသားဝါဒီနဲ့ မြင်တဲ့ တစ်ဖက်သတ် အမြင်ကို ပြောင်းလဲနိုင်ပါတယ်။ သားတွေနဲ့ဆိုရင်တော့ အဲဒီလိုအတွေ့အကြုံ၊ အသိတရားမျိုး မရရှိနိုင်ပါဘူး။


အများအားဖြင့် အမျိုးသားအများစုဟာ ခံစားချက်တွေကို ဖုန်းကွယ်တတ်ပြီး သိပ်ထုတ်ပြောလေ့မရှိကြပါဘူး။ သမီးတွေနဲ့ အတူ ပြောဆိုဆက်ဆံတဲ့အခါမှာတော့ ခံစားချက်တွေကို ဖွင့်ထုတ်ဆွေးနွေးတာဟာ ပိုကောင်းတဲ့ အသိမျိုးကို ရရှိစေပါတယ်။ ဖခင်တွေဟာ သူတို့ရဲ့သမီးတွေကို မမျှတတဲ့ဆက်ဆံရေးမျိုး မရစေချင်သလို အနိုင် ကျင့်ခံရတာကိုလည်း မကြိုက်တာကြောင့် သူတို့အနေနဲ့ သမီးချင်းကိုယ်ချင်းစာပြီး အမျိုးသမီးတွေရဲ့ တန်ဖိုးကို လည်း ပိုမိုနားလည်လာစေမှာ ဖြစ်ပါတယ်။ 


သမီးတစ်ယောက်ရှိနေခြင်းဟာ ဖခင်တွေအတွက် စိတ်ခံစားမှုနဲ့ အသိတရားတွေကို ပိုမိုဖော်ထုတ်လာအောင် နှိုးဆွပေးရာ ရောက်ပါတယ်။ ဖခင်တွေဟာ သူတို့ရဲ့သမီးလေးတွေနဲ့အတူ အချိန်ကုန်ဆုံးချင်ရတဲ့ အကြောင်းအရင်းကတော့ သူတို့ကြီးပြင်းအရွယ်ရောက်လာတဲ့ ပုံစံဟာ သမီးတစ်ယောက် အရွယ်ရောက် ကြီးပြင်းလာပုံနဲ့ မတူဘဲ ကွဲပြားနေတာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီလိုအကြောင်းအချက်များစွာ ကြောင့် လည်း ဖခင်ဆိုတာ သမီးတွေရဲ့ ပထမဆုံးအချစ်ဖြစ်ရတာပါ။


by Cherry Mon
Ref; Good Times


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။