ဆေးလိပ်သောက်တတ်သူတွေ မဖြစ်မနေ ဒါတွေစားပေးပါ

ဆေးလိပ်သောက်တတ်တဲ့ သူတွေနားမှာ နေတဲ့အခါ သူတို့အတွက်တင်မက အငွေ့ကို ရှူမိနေတဲ့ ကိုယ့်ကိုပါ ကျန်းမာရေးဆိုးကျိုးတွေ အများကြီးဖြစ်စေပါတယ်။ ဆေးလိပ်ထဲမှာပါဝင်တဲ့ နီကိုတင်းဟာ စွဲတတ်တဲ့ မူးယစ်ဆေးမျိုးဖြစ်ပြီး အဆုတ်နဲ့ သွေးပေါင်ချိန်မှာ ရောဂါတွေအများကြီးဖြစ်ပေါ်စေပါတယ်။ တကယ်လို့သင်ဟာ ဆေးလိပ်သောက်တတ်သူ ဒါမှမဟုတ် ဆေးလိပ်သောက်တတ်တဲ့ ချစ်သူ၊ ဖခင်မျိုးကို ပိုင်ဆိုင်ထားတယ်၊ တားလို့လည်းမရဘူးဆိုရင်တော့ ဒီအစားအစာလေးတွေကိုတော့ မဖြစ်မနေစားပေးဖို့ တိုက်တွန်းလိုက်ပါ။ ဒါတင်မက ဆေးလိပ်ငွေ့ကိုရှူမိနေတဲ့ သင်ကိုယ်တိုင်လည်း စားသုံးပေးသင့်ပါတယ်နော်. . .

ရေ

နီကိုတင်းရဲ့ ဆိုးကျိုးတွေအများကြီးထဲကမှ တစ်ခုကတော့ ရေဓာတ်ခမ်းခြောက်စေခြင်းပါပဲ။ ဒါကြောင့် ဆေးလိပ်သောက်တတ်တဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးဖို့လိုပါတယ်။အလွယ်ကူဆုံးကတော့ ရေများများသောက်ခြင်းပါပဲ။ရေများများသောက်တာက ရေဓာတ်တွေကို ပြန်ဖြည့်ပေးတဲ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။

နွားနို့

ဆေးလိပ်မသောက်ခင် နွားနို့တစ်ခွက်သောက်သုံးပေးပါ။ နွားနို့ကိုသောက်သုံးလိုက်တဲ့အခါ ဆေးလိပ်ရဲ့အရသာကို သိပ်မကြိုက်တော့ပါဘူး။ ဒါကလည်း ဆေးလိပ်ဖြတ်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်မှာပါ။

မုန်လာဥနီ

မုန်လာဥနီထဲမှာပါဝင်တဲ့ ဗီတာမင် အေ၊စီ၊ ဘီ၊ ကေတို့က ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ်ကို ဖယ်ရှားပေးရုံသာမက နီကိုတင ်းကြောင့်ပျက်စီးသွားတဲ့ အသားအရေတွေကိုလည်း ပြန်လည်ကောင်းမွန်လာစေနိုင်ပါတယ်။

ဟင်းနုနယ်

ဟင်းနုနယ်မှာ ဖောလစ်အက်ဆစ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ဆေးလိပ်ထဲမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အရသာကို ခံတွင်းမတွေ့အောင်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေအတွက် ဟင်းနုနယ်က အကောင်းဆုံး အစားအစာတစ်မျိုးဖြစ်တယ်လို့တောင် ပြောနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာ ဗီတာမင်-B5 နဲ့ ဗီတာမင်-C ကြွယ်ဝစွာပါဝင်တာကြောင့် ဆေးလိပ်မှာပါဝင်တဲ့ နီကိုးတင်းက အဆုတ်ကို မထိခိုက်အောင် ကာကွယ်ပေးပါတယ်။

လိမ္မော်သီး

လိမ္မော်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီဟာဆိုရင် ဝမ်းတွင်းကိုသန့်စင်ပေးပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ ဆေးလိပ်သောက်တဲ့သူတွေမှာ ဗီတာမင်စီလျော့နည်းနေတတ်တဲ့အတွက် လိမ္မော်သီးကိုလည်း စားသုံးပေးသင့်တာ ဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။