The Voice Myanmar Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ Novem Htoo

ပရိသတ်အားပေးထောက်ခံမှု အများဆုံးရရှိထားတဲ့ The Voice Myanmar (Season 2) သီချင်းဆိုပြိုင်ပွဲကြီးကို ယမန့်က ပြိုင်ပွဲဝင် Final (၄)ယောက်နဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါ (၄)ယောက်ထဲမှ Novem Htoo က The Voice Myanmar Winner ဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

Winner ဆုကို ရရှိသွားတဲ့ မွန်လူမျိုးလေး Novem Htoo ဟာ Blind Audition မှာတည်းက အကဲဖြတ်ဒိုင်တွေရဲ့ သဘောကျ နှစ်သက်မှုကို ရရှိထားသလို ပြိုင်ပွဲကာလတစ်လျှောက်လုံးလည်း မဆုတ်မလျော့ဘဲ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ခဲ့တဲ့ ပြိုင်ပွဲဝင် တစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ဆုံး Final ပြိုင်ပွဲကြီးမှာ Winner ဆုရှင် Novem Htoo အပြင် Paul Austin ၊ Melody Khong နဲ့ Hazel တို့ကလည်း အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့တာမို့ ပရိသတ်များစွာ သဘောကျနှစ်သက်မှုတွေရှိခဲ့ပါတယ်။ Hard Rock အပြင်းစားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ Team ဟန်ထူးလွင်အဖွဲ့မှ Novem Htoo ကတော့ The Voice Myanmar Winner ဆုကို ရရှိသွားခဲ့ပါတယ်။ ဒီတော့ ပရိသတ်ကြီးအတွက် The Voice Myanmar Winner ဆုရှင် Novem Htoo ရဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပုံလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source; The Voice Myanmar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။