International Series ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဖင်လန်နိုင်ငံသူကို အနိုင်ယူနိုင်ခဲ့တဲ့ သက်ထားသူဇာ

လူမှုကွန်ယက်ပေါ်မှာ တဖြည်းဖြည်းဖော်ပြခြင်းခံရပြီး ပရိသတ်အချစ်တော်ဖြစ်လာတဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ ဇွန်လ (၁၃)ရက်နေ့မှ (၁၆)ရက်နေ့အထိ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ အဆိုပါ ဆုဟာ (၉)လအတွင်း စတုထ္ထမြောက်ချန်ပီယံဆုဖြစ်ပြီး ၎င်းဆုကို သူမ အရယူနိုင်ခဲ့ပါတယ်။

Mauritius နိုင်ငံမှာ ကျင်းပတဲ့ International Series ပြိုင်ပွဲကို မြန်မာ့ဂုဏ်ဆောင် သက်ထားသူဇာဟာ ပြိုင်ပွဲရဲ့ ပထမအဆင့်တည်းက စတင်ယှဉ်ပြိုင် ကစားခဲ့ရတာဖြစ်ပြီး ချန်ပီယံဆုရရှိတဲ့အထိ ပြိုင်ဘက်ကစားသမား (၅)ဦးကို ကျော်ဖြတ်ခဲ့ရပါတယ်။ နောက်ဆုံး ဆီမီးဖိုင်နယ်အရောက်မှာ ဖင်လန်နိုင်ငံသူ ပြိုင်ဘက်ကစားသမားကို (၂-၁)ပွဲရလဒ်နဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

ချန်ပီယံအဖြစ်ရပ်တည်နိုင်ခဲ့တဲ့ သက်ထားသူဇာဟာ ပြိုင်ပွဲတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြိုင်ဘက်တိုင်းကို (၂)ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့သော်လည်း ဆီမီးဖိုင်နယ်အရောက်မှာ အိန္ဒိယကစားသမား ချူကာကို ခက်ခက်ခဲခဲကစားခဲ့ရပြီး (၂-၁)ပွဲ ရလဒ်နဲ့ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတော့ “ အဖေများနေ့မှာ ဖေဖေ့အတွက် လက်ဆောင်  …  ညီမကို အားပေးကြတဲ့သူအားလုံးကို ညီမကျေးဇူးအများကြီးတင်ပါတယ်ရှင့် ”  ဆိုပြီး ရေးသားထားခဲ့ပါတယ်။ 

Source; Thet Htar Thuzar Page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။