၄ နှစ်ကြာရပ်နားခဲ့ပြီးမှ Kpop လောကထဲကို ပြန်လည်ဝင်လာခဲ့တဲ့ Sulli

Sulli ကို မြန်မာပရိသတ်တွေ ရင်းနှီးခဲ့စေတာကတော့ F(x) ဆိုတဲ့ ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့မှာ ပါဝင်ခဲ့ပြီး  “ To The Beautiful You” ဆိုတဲ့ Drama ထဲမှာ စပြီး မင်းသမီးအဖြစ် အောင်မြင်ခဲ့သူပါ။

2015 ခုနှစ်မှာ F(x) အဖွဲ့ကနေ နုတ်ထွက်ပြီးနောက် SM Entertainment လက်အောက်မှာဘဲ model သရုပ်ဆောင် အဖြစ်နဲ့ ရှိနေခဲ့ပါတယ်.။ 

 2017 မှာ Kim Soo Hyun နဲ့အတူ Real ဆိုတဲ့ ရုပ်ရှင်ကားမှာ အဓိကသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီးနောက် 2019 မှာ  Kpop လောကကို သူထပ်မံရောက်လာခဲ့ပြီဖြစ်ပါတယ်။

 Sulli က မကြာသေးခင်မှာဘဲ  တစ်ကိုယ်တော် သီချင်းထွက်ရှိလာမယ်လို့ အေဂျင်စီကနေ အတည်ပြုကြေငြာခဲ့ပါပြီ။

Goblin ဆိုတဲ့ Single song ကို June 29 ရက်နေ့မှာ ထွက်ရှိလာမှာဖြစ်ပြီး သီချင်းသုံးပုဒ်ပါဝင်မှာပါ။

  ကဲ Sulli ပရိသတ်လေးတွေ ရင်ခုန်နေကြပြီထင်ပါတယ်။ 

 

Sources- Koreaboo 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။