Crush ကို အမိဖမ်းပြီး အရယူနိုင်ခဲ့တဲ့ Aqua Man မင်းသားကြီး

Aqua Man မင်းသား Jason Momoa နဲ့ဇနီးဖြစ်သူ Lisa Bonet တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို သိပြီးသူတွေလည်း ရှိကောင်းရှိပါလိမ့်မယ်။ သူတို့နှစ်ယောက်ဟာ အောက်တိုဘာ ၂၀၁၇ မှာ လက်ထပ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

lisa-jason

The Cosby Show မှာ Bonet ပါဝင်ခဲ့စဉ်က စပြီး Crush သွားတာပါ။ အဲဒီတုန်းက သူမဟာ အသက် ၁၇ လောက်သာ ရှိသေးပြီး Denise Huxtable ဆိုတဲ့ ဇာတ်ရုပ်နဲ့ Cosby Show မှာအရမ်းအောင်မြင်ခဲ့တာပေါ့။ Bonet တောင် အသက် ၁၇ လောက်ပဲရှိသေးရင် Momoa ဆို ၄ နှစ်သားလောက်ပဲ ရှိအုံးမှာပေါ့။ ဇက မသေးဘူး။

lisa-bonet-jason-momoa-relationship-3

ဒီအကြောင်းကို Momoa ဟာ James Corden ရဲ့ The Late Late Show မှာမှ အထုတ်ဖြည်ခဲ့ပြခဲ့တာပါ။ “သူမကို TV မှာတွေ့တော့ မေမေရေ ကျွန်တော် အဲ့ကောင်မလေးကို လိုချင်တယ် လို့ပြောခဲ့တယ်။ ငါ့တစ်ဘဝလုံး မင်းနောက်ပဲလိုက်နေမှာ။ မင်းကို ရကိုရစေရမယ်။ ကျွန်တော်က အပီအပြင်ပိုးပမ်းဖို့ ကြံရွယ်ခဲ့တာဗျ” လို့ပြောပြခဲ့ပါတယ်။ Bonet က Dread Hair ပုံစံလုပ်လို့သူကပါ လိုက်လုပ်သေးတယ်။

Image result for jason momoa dread hair

ဘယ်လို စတွေ့ကြလဲဆိုရင် ၂၀၀၄ ခုနှစ် Momoa အသက် ၂၆ နှစ်လောက်တုန်းကပေါ့။ Bonet ကလည်း LA က Jazz Club ကို သူငယ်ချင်းနဲ့အတူ သွားတဲ့အချိန်၊ Momoa ကလည်း သူ့သူငယ်ချင်းတွေနဲ့အတူ အဲဒီ Club မှာပဲ ရှိနေခဲ့တာပါ။ Bonet က သူ့ကိုလာပြီးမိတ်ဆက်တဲ့အခါမှာ မီးပန်းတွေထပေါက်တယ်လို့တောင် ခံစားရတယ်လို့ James Coden Show မှာ ပြောပြထားပါတယ်။ 

Related image

၂၀၀၄ ခုနှစ် သူတို့နှစ်ယောက် စတွေ့တုန်းက Bonet က အသက် ၃၈ နှစ်ဖြစ်ပြီး Momoa က အသက် ၂၆ နှစ်ပဲရှိသေးတယ်ဆိုတော့ သူတို့နှစ်ယောက်ဟာ ၁၃ နှစ်ကွာပါတယ်။ ဒီလို အသက်ကွာဟမှုကြောင့် Bonet ကို Momoa က သွေးတိုးစမ်းတာလားလို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ Bonet ဖြေခဲ့တာက “Momoa ဟာ သူ့အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ပြီး ခေါင်းဆောင်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ ဇနီးမယားအဖြစ် ခံယူခဲ့တာပါ” တဲ့။

lisa-bonet-jason-momoa-relationship-6

သူတို့နှစ်ယောက်ဟာ စစတွေ့ချင်းမှာပဲ အချစ်ကို ခံစားမိခဲ့ကြတာပါ။ နောက်ပိုင်းမှာ နှစ်ဦးသား ကော်ဖီဆိုင်တွေ၊ Bar တွေမှာ တွေ့ခဲ့ကြပါတယ်။ Bonet ဟာ သူမရဲ့ပထမအိမ်ထောင်နဲ့၁၉၉၃ နှစ်မှာ ကွဲခဲ့ပြီး Zoe ဆိုတဲ့ သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ Momoa ဟာ Bonet ကို ဘယ်လောက် ချစ်သလဲဆိုရင် သူ့သွေးသားမဟုတ်တဲ့ Zoe နဲ့တောင် တည့်အောင် နေခဲ့ပါတယ်။ Zoe နဲ့Momoa ဟာ တက်တူးတောင် ဆင်တူ ထိုးထားပါသေးတယ်။

Image result for jason momoa childhood

Momoa နဲ့Bonet ဟာ၂၀၀၇ ခုနှစ်မှာ ပထမကလေး Lola ကို မွေးခဲ့ပါတယ်။ နောက်တစ်ယောက် Nakoa-Wolf ကိုတော့ နောက်တစ်နှစ်မှာ မွေးခဲ့ပါတယ်။ Lola ကို မွေးပြီးနောက်ပိုင်းမှာပဲ Momoa ဟာ Bonet ကို ဇနီးမယားအဖြစ် ကမ်းလှမ်းထားခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာတော့ သူတို့နှစ်ဦး တိတ်တိတ်ပုန်း လက်ထပ်ထားတယ်လို့သတင်းထွက်ခဲ့ပါတယ်။ သို့ပေမယ့် ၂၀၁၇ မတိုင်ခင်အထိတော့ လက်ထပ်ထားကြောင်း အတည်မပြုခဲ့ပါဘူး။

momoa bonet 28

အချိန်ကြာသည်အထိ Bonet ဟာ သူမရဲ့အိမ်ထောင်ဖက်ဟောင်းနဲ့သူငယ်ချင်းတွေ ဖြစ်နေဆဲပါ။ Momoa က ဒါကို ပြဿနာ ရှာမယ်ထင်ပါသလား။ သူကပါ Bonet ရဲ့အိမ်ထောင်ဖက်ဟောင်းနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပါသေးတယ်။ သူတို့နှစ်ဦးသား မပြေလည်ခဲ့တဲ့အချိန်တွေ ရှိပေမယ့် အချစ်တစ်ခုတည်းနဲ့ပဲ တည်ဆောက်ခဲ့ကြပါတယ်။ ခုထိလည်း လက်တွဲတွေ ခိုင်မြဲနေတုန်းပါပဲ။

momoa bonet 29

We Media ရဲ့ပရိသတ်ထဲမှာလည်း Crush ကို အပိုင်သိမ်းဖို့ ကြံရွယ်ထားသူများ မဆုတ်မနစ်ကြိုးစားကြပေါ့နော်။ တကယ်ချစ်တယ်ဆိုရင်တော့ အချိန်အတိုင်းတစ်ခုထိ စောင့်ရင်လည်း စောင့်ရနိုင်တာပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း ဇွဲရှိတယ်၊ ကံကြမ္မာကလည်း ဖန်လာတယ်ဆိုရင်တော့ Aqua Man လို Crush ကို ပိုင်ဆိုင်ဖို့ အခွင့်အရေး ရလာနိုင်ပါတယ်။

Ref; www.hooch.net

By Paulina