
ရာသီခွင်တစ်ခုခြင်းစီအလိုက် ထူးခြားတဲ့ စိတ်နေသဘောထားများ
1. Aries ( မိဿ ရာသီဖွား )
မတ်လ (၂၁) မှ ဧပရယ်(၁၉) ရက်
မိဿရာသီဖွားတွေဟာ စိတ်လိုက်မာန်ပါလုပ်တတ်တယ်။ စိတ်လဲမရှည်ဖူး ။ စိတ်ထိခိုက်လွယ်လွန်းတယ်။ စိတ်အပြောင်းလဲမြန်လွန်းပြီး စိတ်အားထက်သန်စွာ အလုပ်လုပ်ကြတဲ့သူတွေပါ။
သူတို့တွေရဲ့ စွဲလမ်းမှုတစ်ခုကတော့ Coffee ပါ။ Coffee ကို နှစ်သက်ကြတယ်။ စိတ်လှုပ်ရှားဖွယ်ရာ ကစားနည်းတွေကိုအရမ်းသဘောကျတဲ့သူတွေလည်းဖြစ်တယ်။ သူတို့ကို အကူညီသွားတောင်းရင်တော့ ကူညီနိုင်သလောက်ကို အစွမ်းကုန်ကူညီပါလိမ့်မယ်။
2. Taurus ( ပြိဿ ရာသီဖွား )
ဧပရယ် (၂၀ )မှ မေလ(၂၀) ရက်
ပြိဿရာသီဖွားတွေကတော့ မိတ်ဆွေတွေက ယုံကြည်အားကိုးရတဲ့သူတစ်ယောက်ဖြစ်လိမ့်မယ်။ သူတို့က တာဝန်ယူစိတ် ရှိတတ်တယ်။
သူတို့ရဲ့ စွဲလမ်းမှုကတော့ လုံး၀ အစားသောက် Foodie လေးတွေပါ။
စိတ်ညစ်ရင်စားမယ်။ ပျော်ရင်လဲစားမယ်။
3. Gemini ( မေထုန် ရာသီဖွား )
မေလ (၂၁) မှ ဇွန်လ (၂၀) ရက်
သူတို့တွေက ကြင်နာတတ်တယ်။လိုက်လျောညီထွေနေတတ်တယ်။ ပြဿနာတစ်ခုခုဖြစ်ကြည့် မီးစဉ်ကြည့်က ပြီး ဖြေရှင်းတတ်တယ်။စူးစမ်းချင်တာ စပ်စုချင်တာ နှစ်ယောက်မရှိဖူး ။
သူတို့က Social Media ကို စွဲလမ်းမှုအများဆုံးဖြစ်ကြတယ်။ Facebook Instagram Twitter စတာတွေကို အသုံးများတယ်။ သူများတွေထက်လဲပိုတယ်။ သူရဲ့ မကောင်းတာတစ်ခုက စိတ်ဓာတ်အရမ်းကျလွယ်တတ်တာပါ။
ကောင်းတဲ့အချက်ကတော့ အရမ်း Social ဖြစ်တယ်။ သူများထက်ပိုသိတယ် ပိုတော်တယ်။
4. Cancer ( ကရကဋ် ရာသီဖွား )
ဇွန်လ (၂၁) ရက် မှ ဂျူလိုင်လ (၂၂) ရက်
ဒီရာသီဖွားတွေရဲ့ စိတ်က ဖန်လိုဘဲ ။ စိတ်ထိခိုက်လွယ်တယ်။ စိတ်ကူးယဉ်ဆန်ကြတယ်။ ကိုယ်ချင်းစာတတ်တယ်။ သစ္စာရှိတယ်။
သူတို့ရဲ့ စွဲလမ်းမှုက အချစ်ပါ။ အချစ်ကို ယုံကြည်ကိုးကွယ်တယ်။ အရမ်း Ro ချင်သလို Ro ဖို့ဘဲ စဉ်းစားနေတာ ဒါပေမဲ့ အချစ်ရေး ကံက ကံမကောင်းပါဖူး။
တစ်ခုခုဆို အတွေးလွန်တယ်။ Psycho မဖြစ်စေပါနဲ့ ။ သူတို့စိတ်က အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ .. ဘဝကြီးကို လွှမ်းမိုးသွားနိုင်တယ်။
5. Leo ( သိဟ် ရာသီဖွား )
ဂျူလိုင်လ (၂၃) ရက်မှ သြဂုတ်လ (၂၂) ရက်
သူတို့က ဆန်းသစ်တဲ့ အတွေးမြင်တွေ ဟာသညဏ်တွေရှိတယ်။ သူတို့နှလုံးသားက နွေးထွေးတယ်။ ယောက်ကျားလေးတွေဆိုရင် ချစ်သူကို အရမ်း ဂရုစိုက်ပေးမှာပါ။
သူတို့ရဲ့ စွဲလမ်းမှုက Shooping ထွက်ရတာပါပဲ။ သူတို့ shooping ထွက်လိုက်ရင် အပြင်သွားလိုက်ရင် စိတ်ညစ်စရာတွေ ပျောက်သွားရော ။
သူတို့ရဲ့ထူးခြားချက်က ရုပ်ရည်သွင်ပြင်ပဲ ။ မချောမလှရင်တောင် ကြည့်ကောင်းနေတယ်။ လူကြည့်ခံရတတ်ပါတယ်။ အများရဲ့ အာရုံစိုက်တာခံရပြီး မနာလိုသူက ရေလည်များတယ်။ သူတို့ကတော့ I don’t care ပဲတဲ့။
6. Virgo ( ကန် ရာသီဖွား )
သြဂုတ်လ (၂၃) ရက်မှ စက်တင်ဘာလ (၂၂) ရက်
အလုပ်ကြိုးစားတတ်သူတွေ ဖြစ်ပြီး အရာရာတိတိကျကျနဲ့ လုပ်ကိုင်တတ်သူဖြစ်တယ်။ သူတို့က အသန့်ကြိုက်တယ်။ စွဲလမ်းတာက သန့်ရှင်းတာပါပဲ။ ပတ်ဝန်းကျင်က သူတွေက သူကို့လေးစားတယ် ။
သူ့မှာမကောင်းတဲ့အချက်က လျို့ဝှက်ချက်တွေအရမ်းများနေတာ ။ ရင်ဖွင့်ဖို့ကြောက်သလိုလို သူများတွေကို ယုံရမှာကြောက်တယ်။ ရည်းစားထားရင် မပူနဲ့ အသည်းကွဲမှာပဲ ။ ဘာလို့လဲဆိုတော့ သူတို့ ခံစားချက်အစစ်မှန်ကို ထုတ်မပြကြလို့ပါ။
7. Libra ( တူ ရာသီဖွား )
စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ရက်
သူတို့က အရမ်းလည်တာ ပါးနပ်တယ်။ ပရိယာယ်ကြွယ်ဝလွန်းတယ်။ ယောက်ကျားလေးတွေဆို သူတို့အပြောတွေနဲ့တင် မိန်းကလေးတွေ ကြွေအောင်ပြောမှာ။ စကားချိုတော့ အကုန်လုံးက ချစ်ကြတယ်။
သူတို့က Soulmate နဲ့ ဖူးစာဆုံတတ်ကြတယ်။ လက်တွဲဖော်ဖြစ်ကြတယ်။ သူတို့ဘေးနားမှာ အမြဲစောင့်ရှောက်ပေးတဲ့သူက သူတို့ရဲ့ ဘဝဖူးစာဖက်တွေပါတဲ့ ။
8. Scorpio ( ပြိစ္ဆာ ရာသီဖွား )
အောက်တိုဘာ (၂၃) ရက်မှ နိုဝင်ဘာလ (၂၁) ရက်
အရမ်းခေါင်းမာတဲ့သူတွေပါ ။ လာပြိုင်ပြီဆိုလည်း ဘာဖြစ်ဖြစ် အလျော့ကို မပေးတတ်တဲ့သူဖြစ်တယ်။ သူတို့က သူများဘာဖြစ်နေလဲဆိုတာ စိတ်ခန့်မှန်းနိုင်ကြတယ် ။
အချစ်ရေးဆို သူများကိုအောင်သွယ်ပေးရတာ သဘောကျကြတယ်။ သူငယ်ချင်းတွေရဲ့ အရေးပါဆုံး သူတစ်ယောက်ပါ။ Skinship ကို သဘောကျတယ်။ Kissing Hugging တွေ လုပ်ရတာ သဘောကျတာပါ။ ပြတ်သားတဲ့စိတ်ကြောင့် တစ်ခါတရံ လူမုန်းများရပါတယ်။
9. Sagittarius ( ဓနု ရာသီဖွား )
နိုဝင်ဘာလ (၂၂)မှ ဒီဇင်ဘာ (၂၁) ရက်
ဒီရာသီဖွားတွေက စိတ်ကူးယဉ်ဆန်တယ် သဘောထားကြီးတယ် တစ်ခါတစ်လေ သည်းခံနိုင်စွမ်းမရှိဖူး ဒေါသကလည်း ကြီးတယ်။ သူတို့က ခရီးသွားရတာ သဘောကျတယ်။
နေရာဓေသတော်တော်များများ သွားရလိမ့်မယ်။ သူတို့တွေက လောင်းကစားလုပ်ရတာကိုလည်း ခုံမင်တတ်သူဖြစ်တယ်။ ဘယ်အရာကိုမဆို လွန်လွန်ကြူးကြူးမဖြစ်အောင် စိတ်ကို ထိန်းချုပ်နိုင်ဖို့လိုပါမယ်။
10. Capricorn ( မကာရ ရာသီဖွား )
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၁၉) ရက်
သူတို့ရဲ့ ပုံစံက တာဝန်သိစိတ်ရှိကြတယ်။ Dream job ကို တကယ်လက်တွေ့ဖြစ်အောင်လုပ်သူတွေဖြစ်တယ်။ သူတို့တွေကို သူများတွေနဲ့ နှိုင်းပြီးတော့ သွားမပြောနဲ့ သူတို့ကိုယ်တိုင်က ပြည့်စုံနေပြီးသားလူတွေဖြစ်တယ်။ အရေးကြီးဆုံးက စိတ်အပန်းဖြေဖို့အတွက် အချိန်ပေးဖြစ်ပါ။
11. Aquarius ( ကုမ်ရာသီဖွား )
ဇန်နဝါရီလ (၂၀)ရက် မှ ဖေဖော်ဝါရီ( ၁၈)
လွတ်လပ်မှုကို သဘောကျသူဖြစ်တယ်။ လွတ်လွတ်လပ်လပ်နေထိုင်ချင်ကြတယ်။ သူတို့ရဲ့စိတ်က ပုံမှန်မဟုတ်ဘဲ အမြဲပြောင်းလဲနေကြတဲ့သူတွေဖြစ်တယ်။ TV ကြည့်ရတာကို စွဲလမ်းတယ်။ ရုပ်ရှင်ကြည့်ပြီး စိတ်အပန်းဖြေတယ်။ ဒါ့အပြင် စာအုပ်ဖတ်တယ်။ Game ဆော့တယ်။
12. Pisces ( မိန် ရာသီဖွား )
ဖေဖော်ဝါရီလ (၁၉) ရက်မှ မတ်လ(၂၀) ရက်
သူတို့တွေ စိတ်က ဆတ်ဆတ်ထိမခံဖြစ်ကြတယ်။ အရမ်းကိုစွာတတ်ပြီး ချစ်ဖို့ကောင်းတယ်။ တခါတလေ နူးညံတယ်။ အနုပညာကိုခံစားတတ်သူဖြစ်တယ်။
သူတို့စွဲလမ်းမှုက အစားလည်း မဟုတ်ဘူး။ ရုပ်ရှင်ကြည့်ရတာမဟုတ်ဘဲ အိပ်ရတာသဘောကျတယ်။ သူတို့ရဲ့ အပန်းဖြေတာက နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတာပါပဲ။
သင်တို့ရော ဘယ်ရာသီဖွားတွေလဲ ?
Sources- Bright Side
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။