ယနေ့ ရန်ကုန်မြို့မှာ H1N1 ကူးစက်ရောဂါကြောင့် အမျိုးသားတစ်ဦး ကွယ်လွန်

ယနေ့ ဇွန်လ (၁၉)ရက်နေ့မှာ  နာရေးကူညီမှုအသင်း (ရန်ကုန်)ရဲ့ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ  H1N1 ကူးစက်ရောဂါလို့ သံသယရှိတဲ့ အမျိုးသားတစ်ဦး ကွယ်လွန်သွားတယ်လို့  သိရပါတယ်။ အဆိုပါ အမျိုးသားရဲ ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (ရန်ကုန်)မှ နိဗ္ဗာယာဉ်ဖြင့် ရေဝေးသုသာန်မီးသြင်္ဂိုလ်စက်သို့ အခမဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

H1N1 ကူးစက်ရောဂါဟာ တစ်နည်းအားဖြင့် ဝက်တုပ်ကွေးရောဂါဖြစ်ပြီး ကူးစက်မြန်၊ ပြင်းထန်၊ အဆုတ်ရောင်ရောဂါ တစ်မျိုးလည်းဖြစ်တဲ့အပြင် အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါတယ်။ ရှေးယခင်က ဝက်တွေမှာရှိခဲ့တဲ့ တုပ်ကွေးပိုးဖြစ်ပြီး ဝက်မှ လူကို ကူးစက်စေခဲ့တာကြောင့် ဝက်တုပ်ကွေး(Swine Flu)လို့ အမည်တွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ၎င်းရောဂါပိုးက တဖြေးဖြေး ဆင့်ကဲ ပြောင်းလဲလာခဲ့ပြီး ဝက်မှ လူသို့ ကူးစက်ခြင်းမရှိတော့ဘဲ (၂၀၀၉)ခုနှစ်မှစတင်ပြီး လူ - လူချင်းသာ ကူးစက်စေတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ 

ရိုးရိုး ရာသီတုပ်ကွေး လက္ခဏာတွေနဲ့ အတော်လေးတူပြီး အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းခြင်း၊ ဝမ်းလျှောခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ကူးစက်ပိုးဝင်ခြင်း စတဲ့ ပြင်းထန်တဲ့ အခြေအနေတွေကို ဦးတည်သွားနိုင်ပါတယ်။ ဒီတော့ ပရိသတ်ကြီးလည်း အစစအရာရာ သတိထား ဆင်ခြင်နိုင်ကြပါစေ။

Source; နာရေးကူညီမှုအသင်း (ရန်ကုန်)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။