ကမ္ဘာတစ်လွှားက ထူးခြားတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူများ

ကမ္ဘာပေါ်မှာ လူဦးရေ 7.5 billion ရှိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မတူညီနဲ့အသွင်သဏ္ဍာန်တွေ ရှိကြတယ်ဆိုတာ အရမ်းကို မဆန်းကြယ်လွန်းဘူးလား။ ဒီလို မတူညီတဲ့သူတွေကို အလှအပစံနှုန်းတစ်ခုထဲနဲ့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အရမ်းကို မကျဉ်းမြောင်းလွန်းဘူးလား။ တကယ်တော့ လူတွေတောင် စိတ်မကူးမိတဲ့ အလှတရားစံနှုန်းတွေဟာ လူတိုင်းမှာ ရှိနေနိုင်တာပဲလေ။ သေချာတာ တစ်ခုက အလှအပဆိုတာ ဘောင်တစ်ခုထဲကနေပဲ ရှုမြင်လို့မရပါဘူး။ စံနှုန်းတွေရဲ့ အပြင်ဘက်ကို ရောက်နေပေမယ့် ထူးခြားဆန်းကြယ်စွာ လှပနေတဲ့သူတွေ ကမ္ဘာအနှံ့မှာ ရှိနေပါတယ်။

Ava Clarke

Related image

Ava Clarke ဟာ Albinism ရောဂါကို ခံစားနေရတာပါ။ Albinism ဆိုတာက အသားအရေ၊ မျက်လုံး၊ ဆံပင်မှာ အရောင်တစ်စိတ်တစ်ပိုင်း (သို့မဟုတ်) အရောင်လုံးဝ မပါလာတဲ့ ကစဉ့်ကလျားရောဂါတစ်ခုပါ။ ဒီလို ရောဂါနဲ မွေးဖွားလာရပေမယ့် သူမဘယ်လောက်ကြည့်ကောင်းလဲဆိုတာ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ။ သူမရဲ့ ထူးခြားတဲ့ အလှက သူမကို မော်ဒယ်တစ်ယောက် ဖြစ်လာစေခဲ့တာပါ။

Khoudia Diop

Darkest Skin Model

Khoudia Diop ကို အမည်းရောင် နတ်ဘုရား လို့လည်း ခေါ်တွင်ကြပါတယ်။ သူမဟာ အသားအမဲဆုံး မော်ဒယ်အဖြစ် ကျော်ကြားလာသူပါ။ သူမရဲ့ညီညွတ်ချောမွေ့ပြီး မဲပြောင်နေတဲ့ အသားအရေဟာ ဒီလောက် ကြည့်ကောင်းနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲနော်။

Ia Ostergren

Related image

ဆွီဒင် မော်ဒယ်တစ်ယောက် ဖြစ်သူ Ia Ostergren ကတော့ ကမ္ဘာပေါ်မှာ ခြေထောက်အရှည်ဆုံးသူ ဖြစ်ပါတယ်။ သူမရဲ့အပေါ်ပိုင်း ခန္ဓာကိုယ်အချိုးအစားနဲ့မလိုက်ဖက်စွာပဲ သူမရဲ့ခြေထောက်က ၃ ပေ ၄ လက်မ ရှိပါတယ်။ ဒီလို အများနဲ့ မတူတာကြောင့် ဝေဖန်ခံရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူမကတော့ အခြားသူတွေကို ဂရုမစိုက်ပဲ မော်ဒယ်တစ်ယောက်ဖြစ်အောင် ကြိုးစားပြခဲ့ပါတယ်။

Nastya Zhidkova

Image result for Nastya Zhidkova

သူမဟာလည်း Abinism ရောဂါကို ခံစားနေရတဲ့ Albino တစ်ယောက်ပါပဲ။ အခုဆိုရင် သူမကို မဂ္ဂဇင်းမော်ဒယ်အဖြစ် ကမ်းလှမ်းချင်သူတွေ တစ်ပုံကြီး ဖြစ်နေပါပြီ။ 

Nikia Phoenix

Nikia Phoenix

ပုံမှာတွေ့တဲ့အတိုင်း Nikia ဟာ မှဲ့ခြောက်အပြည့်နဲ့မျက်နှာပိုင်ရှင်ပါ။ ပြစ်မျိုးမှဲ့မထင်ဆိုတဲ့ စံချိန်ကို ချိုးဖောက်ပြီး သူမဟာ မော်ဒယ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် Freckle Makeup တွေတောင် လူကြိုက်များနေပါပြီ။

Sarah McDaniel

Image result for Sarah McDaniel

အသက် ၂၂ နှစ်သာ ရှိသေးတဲ့ ဆာရာဟာ ခုဆိုရင် ကမ္ဘာကျော် မော်ဒယ်တစ်ယောက် ဖြစ်နေပါပြီ။ သူမရဲ့ ထူးခြားချက်ကတော့ မျက်လုံးတစ်ဖက်က အညိုရောင်ဖြစ်ပြီး နောက်တစ်ဖက်က အပြာရောင် ဖြစ်နေတာပါ။ ဒီလိုမျိုး မျက်လုံးအရောင်မတူတာကို Heterochromia လို့ခေါ်ပြီး လူအယောက် ၁၀၀၀ မှာ ၆ယောက်လောက်တောင် မဖြစ်နိုင်တဲ့ ဖြစ်စဉ်တစ်ခုပါ။

Liza Ostanina

Image result for Liza Ostanina

ရုရှားသူ Liza Ostanina ဟာ သူ့ကိုယ်သူ မော်ဒယ်တစ်ယောက် ဖြစ်လာမယ်လို့တောင် မထင်ထားပါဘူး။ သူမမှာ မျက်လုံကြီးကြီး မရှိဘူး၊ ပြည့်ဖောင်းတဲ့ ပါးပြင်တွေ မရှိဘူး၊ ကြည့်ကောင်းတဲ့ နှာခေါင်းလည်း မရှိဘူး။ သူမအသက် ၁၅ နှစ်မှာ ဂျပန်ကိုသွားပြီး မော်ဒယ်လောကထဲ ဝင်ရောက်ခဲ့ပါတယ်။ သူမမျက်နှာဟာ ဖက်ရှင်ရှိုးတွေ အတွက်ပဲ သင့်လျော်တယ်လို့ အများစုက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုဆိုရင် ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေတောင် ရိုက်နေရပါပြီ။

Maria Oz

Image result for Maria Oz

ယူကရိန်းက Instagram မော်ဒယ်လေး Maria Oz ကတော့ သူမရဲ့ကြီးမားလွန်းတဲ့ မျက်လုံးကြောင့် နာမည်ကြီးလာတာပါ။ ဒါဟာ သူမအဖေဆီက အမွေရခဲ့တာဖြစ်ပြီး ဘာခွဲစိတ်မှုမှ လုပ်ထားတာ မဟုတ်ပါဘူး။ 

အခုပြောခဲ့တာတွေကတော့ ကမ္ဘာတစ်ဝှမ်းက ထူးခြားတဲ့ အလှပိုင်ရှင်တွေထဲက တချို့တစ်ဝက်ကို ပြောပြခဲ့တာပါ။ ဒီလို ထူးခြားတဲ့သူတွေ အများကြီး ရှိပါသေးတယ်။ နောက်တစ်ခုက အခုလို ကွဲပြားခြားနားတဲ့ အလှပိုင်ရှင်အားလုံးဟာ အနိုင်ကျင့်ခြင်း၊ ငြင်းပယ်ခြင်းများစွာကို ကြုံခဲ့ကြရတာပါ။ ဂရုမစိုက်ပဲ ဆက်ကြိုးစားခဲ့လို့သာ ဒီလို အောင်မြင်ကျော်ကြားလာခဲ့ကြတာပါ။

Image result for looking mirror

ဒါကြောင့် သင်ဟာ သင့်ပုံစံအတိုင်းလေးကိုပဲ ယုံကြည်မှု ရှိဖို့လိုပါတယ်။ သူတို့က ထူးခြားတာကိုး။ သူတို့နဲ့ သွားယှဉ်လို့မရဘူးလေ လို့မပြောပါနဲ့။ သင့်ပုံစံက ဘယ်လောက်ပဲ မထူးခြားပါစေ၊ အဲလို မထူးခြားတာကိုက အားလုံးထဲမှာ ထူးခြားနေတယ်ဆိုတာကို သိထားပါ။ ဘယ်သူပြောနိုင်မလဲ။ အတန်းထဲမှာ အရမ်းရုပ်ဆိုးလို့ ပစ်ပယ်ခံထားရတဲ့သူတစ်ယောက်ဟာ ကမ္ဘာကျော်မော်ဒယ်တစ်ယောက် ဖြစ်လာနိုင်တာပဲလေ။ 

Ref; falafelandcaviar.com, Mind Warehouse

By Paulina