စားစရာတွေ့ရင် သခင်ကို ဘယ်လိုချွဲရမလဲ အလိုလိုသိတဲ့ ကြောင်လေး အွန်လိုင်းမှာ နာမည်ကြီးနေ

လူတော်တော်များများဟာ ကြောင်လေးတွေကို ချစ်လို့၊ အပျင်းပြေလို့ဆိုပြီး အကြောင်းအမျိုးမျိုးနဲ့ မွေးတတ်ကြပါတယ်။ လူနဲ့ အနေများတဲ့ ကြောင်လေးတွေဟာ သခင်ရဲ့ Body Language နဲ့ အသံအနိမ့်အမြင့်ကို နားထောင်ပြီး လည်လည်ဝယ်ဝယ်နေတတ်ကြပြီး သခင် စိတ်ညစ်နေရင် ဘယ်လိုနေရမယ်၊ သခင်က အော်ဟောက်ရင် ဘယ်လိုနေရမယ်ဆိုတာ သူတို့ အလိုလို သိနားလည်ပါတယ်။ ဒါ့အပြင် ကြောင်လေးတွေဟာ တစ်ခါတလေကျရင် ဘယ်လိုနားလည်ရမှန်းမိလောက်အောင် ဉာဏ်ကောင်းတတ်ပါသေးတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမှုလေးတွေနဲ့ ချွဲတတ်တဲ့ အမူအရာလေးတွေကြောင့် ကြောင်ဆိုရင် မချစ်ဘဲ မနေနိုင်အောင် ဖြစ်တတ်တဲ့ လူတွေလည်းရှိပါတယ်။

အခုလည်း ပုံထဲမှာ မြင်တွေ့ရတဲ့ ကြောင်လေးတစ်ကောင်ဟာ သခင်စားနေတဲ့ ကြက်ကြော်ကို အနံ့ရတော့ အခြားကြောင်တွေလို သခင်ရှေ့မှာ ငမ်းငမ်းတတ်အစာမတောင်းဘဲ သခင်အနားကပ်ခါ ပွတ်သပ်ပြီး ချစ်စရာကောင်းစွာ အစာတောင်းနေပါတယ်။ ကြောင်လေးဟာ သခင်ဖြစ်သူရဲ့ မျက်နှာကို သူ့ခေါင်းနဲ့ပွတ်လိုက် အစာကို လှမ်းကြည့်လိုက်နဲ့  သခင်သဘောကျအောင် လုပ်ဆောင်နေခဲ့ပါတယ်။

အဲ့လို သခင်ကို ကပ်ချွှဲပြီးမှ ကြက်ကြော်ကို လက်ကလေးနဲ့ လှမ်းထိတယ်။ သခင်က တစ်ချက်အသံပေးလိုက်ရင် နောက်ဆုတ် သွားပြီး သခင်ကို ထပ်ချွဲတယ်။ ပြီးရင် နောက်တစ်ကြိမ်ထပ်ပြီး ကြက်ကြော်ကို ခိုးယူဖို့ ကြိုးစားပြန်ပါတယ်။ အဆိုပါ ကြောင်လေးရဲ့ အမူအရာတွေကို သခင်ဖြစ်သူမှ မှတ်တမ်းတင်ထားပြီး သူ့ကြောင်လေး ချစ်ဖို့ကောင်းကြောင်းကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပြီးတဲ့နောက်မှာ အင်တာနက် သုံးစွဲသူ လူအများကြား အရမ်းကို နာမည်ကြီးသွားခဲ့ပါတယ်။

အသည်းယားလောက်အောင် ချွဲနေတဲ့ ကြောင်လေးရဲ့ Video ကို ဝင်ရောက်ကြည့်ရှု့သူပေါင်း (၃.၄)သန်းကျော်တောင် ရှိခဲ့ပါတယ်။ ဒီတော့ ကြောင်လေးရဲ့ ချစ်စရာ အမူအရာလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source; pawsplanet.me

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။