July 5 ရက်နေ့မှာ အမိမြေမြန်မာနိုင်ငံကို ရောက်ရှိလာမယ့် မြန်မာလူမျိုး ထိုင်းမင်းသားလေး Eve

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ က နာမည်ကြီး GMM Entertainment နဲ့အတူလက်တွဲပြီး  အနုပညာလူပ်ရှားမှုများစွာ လုပ်နေတဲ့ ထိုင်းမင်းသားလေး Eve ကို မြန်မာက အချစ်တော် ပရိသတ်ကောင်မလေးတွေ သိကြမယ်ထင်ပါတယ်။ 

ထိုင်းမှာတော့ သူရဲ့အနုပညာနာမည်က Eve ဖြစ်ပြီး မြန်မာနာမည်ကတော့ ဧဝရတ်မိုး လို့ ခေါ်ကြတယ်။ 

ထိုင်းမင်းသား လေးမဖြစ်ခင်ကတည်းက သူက မြန်မာနိုင်ငံမှာလည်း အနုပညာလောကထဲကို ၂၀၁၆ ထဲက ရောက်လာခဲ့ပြီး အကယ်ဒမီရွှေကြို လုပ်ခဲ့ဖူးတယ်။  မြန်မာမှာ သီချင်း MTV တွေ ဗီဒီယိုဇာတ်လမ်းတွေ မှာလည်း  ပါဝင်ခဲ့ပြီးမှ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး အနုပညာလုပ်ငန်းကို အခြေချခဲ့တယ်။  

 အသက် ၂၁ ရှိပြီဖြစ်တဲ့ Eve က အခုဆိုရင် GMM နဲ့ လက်တွဲပြီး  Series တစ်ခုမှာ အဓိကဇာတ်ဆောင်နေရာကနေ သရုပ်ဆောင်နေရပြီဖြစ်ပါတယ်။ 

အရင်ကလည်း GMM ရဲ့ Series တွေမှာ ပါဝင်ခဲ့ဖူးတာဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း သူ့ကို  အားပေးကြတဲ့ ပရိသတ်တွေများစွာ ရှိနေပါတယ်။ 

ထိုင်းနိုင်ငံက နာမည်ကြီး Ent နဲ့အတူ လက်တွဲပြီး အနုပညာလုပ်ငန်းလုပ်ကိုင်ရတဲ့အတွက် Eve က သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ခဲ့ပါတယ်။ 

ရန်ကုန်ကို July 5 ရက်နေ့မှာ ရောက်လာမှာဖြစ်တာကြောင့် မြန်မာ ပရိသတ်တွေ ဝန်းရံပေးကြဖို့ မမေ့နဲ့နော်။ 

Sources- Everest Moe 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။