သားဆီက ဘယ်တုန်းကမှ မျှော်လင့်ချက်မထားပါဘူးဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဖခင်

လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်ဂရမ်ကို ပေါင်ပြီး သုံးဖြုန်းခဲ့ပေမယ့် အိုကြီးအိုမတွေဖြစ်တဲ့ ဖခင်နဲ့ မိခင်ကတော့ တရားရုံးမှာ ဦးတိုက် ရင်ဆိုင်နေရပါတယ်။ သားဖြစ်သူနဲ့ ချွေးမဖြစ်သူတို့ ပေါင်နှံထားတဲ့ အိမ်ဂရမ်ဟာ သက်တမ်းပြည့်ပြီဖြစ်ပြီး လက်ရှိမှာတော့ ကမ္ဘောဇဘဏ်မှ ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူ ဦးရဲထွန်းကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့ သတင်းများကြောင့် ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ပရိသတ်များစွာရဲ့ ဝေဖန်ရှုံ့ချမှုကို ခံနေရပါတယ်။

အဆိုပါ အိမ်ပေါင်နှံမှုနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွန်းရဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်က ပြန်လည်တုံ့ပြန်မှု တစ်စုံတရာကို သူမရဲ့ လူမှုကွန်ယက်ပေါ် ရေးသားခဲ့ပြီး မိနစ်ပိုင်းအတွင်း ၎င်း Post ကို ပြန်ဖျက်သွားခဲ့ပါတယ်။ 

ချွေးမဖြစ်သူ ဇင်သဲနိုင် ရေးသားထားတဲ့ Post ကို ယောက္ခထီးဖြစ်သူ ဦးရဲထွန်းတစ်ယောက် မြင်တွေ့ခဲ့ပြီး အိမ်ဂရမ်ထုတ်ပေးခြင်းနဲ့ ပတ်သက်ပြီး သားကို ဘယ်လောက်ချစ်ဆိုတဲ့အကြောင်းနဲ့ သားကို သေချာ စဉ်းစားဖို့လိုကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။

 “ သားတို့အခက်အခဲဖြစ်နေချိန် အိမ်ဂရန်တွေကို ထုပ်ပေးခဲ့ပြီး ကူညီခဲ့တယ်။ သဲသဲရဲ့ post တွေကိုတွေ့ရတယ်။ သားဖတ်ကြည့် စဉ်းစားပေါ့။ ဖေဖေတို့က ဆုံးရှုံးရတော့မှာပါ။ သားတို့ဆီက ဘယ်တုန်းကမှ မျော်လင့်ချက်မထားခဲ့ပါ။ သဲသဲရဲ့ post ကို သေသေချာချာ ဖတ်ကြည့်ပါ..စဉ်းစားပါ” လို့ ဖခင် ဦးရဲထွန်းက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ 

Source; U Ye Htun FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။