Pitch Perfect 3 ရဲ့ ပထမဦးဆုံး Official Trailer လေး ထွက်ရှိလာ

ဇွန် ၂၄ ရက်နေ့တုန်းက Pitch Perfect 3 ရဲ့ Official Trailer ဖြန့်ချီခဲ့ပါတယ်။


မိန်းကလေး ပရိသတ်တွေမက ယောက်ျားလေးပရိသတ်တွေပါ အကြိုက်တွေ့နိုင်မယ့် ဒီ ဇာတ်ကားလေးဟာ ဒီနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ စတင် ရုံတင်ပေးသွားမှာဖြစ်ပြီး၊ အရင် Pitch Perfect တွေထက် ဘယ်လို ဆန်းသစ်တဲ့ ရသမှုမျိုးကို ပေးစွမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ကြရဦးမှာပါ။
 
 ဒီဇာတ်ကားထဲမှာ အရင်လူဟောင်းတွေဖြစ်တဲ့ Anna Kendrick, Rebel Wilson, Hailee Steinfeld စတဲ့ သူတွေ ထပ်မံပါဝင်တဲ့အပြင် နောက်ထပ် အသစ်ဖြစ်တဲ့ သရုပ်ဆောင်တွေလည်း ပါဝင်မယ်လို့ သိရှိရပါတယ်။


 
Soundtrack တွေကတော့ အကုန်လုံး Official မထွက်သေးတဲ့အတွက်၊ ဂီတချစ်ပရိသတ်တွေအနေနဲ့ ဇာတ်ဝင်တေးတွေ ဘယ်လိုလာမလဲဆိုတာ ရင်ခုန်စရာပါပဲ။


 
Pitch Perfect 1,2 တုန်းက နာမည်ကြီးအဆိုတော် Jessie J ရဲ့ သီချင်းတွေကို အသုံးပြုခဲ့တဲ့အတွက်၊ ဒီ Pitch Perfect 3 မှာလည်း Jessie J ပြန်ပါလာနိုင် မပါလာနိုင်ဘူးဆိုတာ သေချာမသိသေးပါဘူး။ ဒါကြောင့် နောက်ထပ်ထွက်ရှိလာမည့် Official Trailer တွေနဲ့ Official Soundtracks တွေ ကို ရင်ခုန်စွာစောင့်မျှော်ကြပါနော်။

Pitch Perfect 3 ရဲ့ Official Trailer ကို ဝင်ရောက်ကြည့်ရှုနိုင်ဖို့အတွက် အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။