ပိုင်ဇင်ရဲထွန်းရဲ့ ဖခင် ဦးရဲထွန်း ခိုင်းလို့အကုန်လုပ်ခဲ့ပြီးမှ တရားစွဲခံနေရတဲ့ အဒေါ်ဖြစ်သူ Chaw Yin Minn

လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးသည် ဇင်သဲနိုင်တို့ဟာ ပရိသတ်များစွာရဲ့ ဝေဖန်ထိုးနှက်မှုတွေကို ပြင်းထန်စွာခံနေရပါတယ်။ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်ဂရမ်ကို ပေါင်ပြီး သုံးဖြုန်းခဲ့ပေမယ့် အိုကြီးအိုမတွေဖြစ်တဲ့ ဖခင်နဲ့ မိခင်ကတော့ တရားရုံးမှာ ဦးတိုက် ရင်ဆိုင်နေရတယ်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ပရိသတ်များစွာ ဒေါသထွက်ခဲ့ကြပါတယ်။ 

လက်ရှိမှာတော့ ပိုင်ဇေရဲထွန်းဟာ သူ့ရဲ့ဇနီးသည် ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ယက်ပေါ် Post များတင်ခဲ့ခြင်းကြောင့် အဒေါ်ဖြစ်သူ (FB Acc Chaw Yin Minn)ကို ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး အဒေါ်ဖြစ်သူ Chaw Yin Minn မှ သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ “ အကုန် အကို အကူအညီတောင်းခဲ့တာပါ။ အကို့ ချွေးမငယ် ပြန်စော်ကားရင့်သီးတဲ့ post တင်လို့ ကျေးဇူးရှိမှ ကျေးမစွပ်ဘို့ဆိုတာလဲ တိုင်းသိပြည်သိ အကုန်ရေးကြတာဘဲ။ ခုမှ နင်ရှင်းလိုက်ပေါ့..ဆိုတော့ အကိုခိုင်းခဲ့တုံးက အကူအညီတောင်းတဲ့သူတွေကို ဘာမှ ကာကွယ်ပေးဘို့ ဂရုမစိုက်ခဲ့တာသိလိုက်ရတယ်။ ဖြစ်လာမဲ့ အကျိုးဆက် ကောင်းတာငါယူမယ် .. ဆိုးတာ နင်ခံ ဆိုလဲရပါတယ်။ ကိုယ့်ဘာကိုယ်နေနေတာ အကိုခိုင်းသမျှ လုပ်ပေးခဲ့ရတာပါ။ အကို့ Post  က စလာတဲ့အကျိုးဆက်တွေပါ။ အကြောင်းကြောင့် အကျိူးဖြစ်လာတယ်ဆိုတာတော့ သိထားစေလိုပါတယ်။ အားလုံး လက်ခံတယ်၊ တိုင်းသိပြည်သိ ရှင်းကြတာပေါ့။” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Source; Chaw Yin Minn FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။