Tattoo အမည်းတွေ တစ်ကိုယ်လုံးထိုးပြီးနောက် နို့သီးခေါင်းနဲ့ ယောကျာ်းအင်္ဂါကို ဖြတ်ခဲ့သူ

လူတွေဟာ တစ်ခါတလေကျရင် နားမလည်နိုင်လောက်အောင်ကို ထူးခြားတဲ့ အတွေးတွေ၊ ထူးခြားတဲ့ ပုံစံတွေနဲ့ ဘဝကို ရှင်သန် ရပ်တည်နေကြပါတယ်။ အခုလည်း ရုရှားနိုင်ငံ၊ Kaliningrad မြို့မှာ နေထိုင်တဲ့ အသက်(၃၂)နှစ်အရွယ် Adam Curlykale ဆိုတဲ့ အမျိုးသားဟာ ငယ်ရွယ်စဉ်တည်းက မွေးရာပါ Albinism (အသားဖြူလွန်) ရောဂါကို ခံစားခဲ့ရပြီး အမြဲစိတ်ဓာတ်ကျနေတဲ့သူ တစ်ဦးပါ။

Adam ဟာ လွန်ခဲ့တဲ့ (၁၂)နှစ်တည်းက ကင်ဆာရောဂါခံစားခဲ့ရပြီး နောက်ပိုင်းမှာ သူ့ရဲ့ တစ်ကိုယ်လုံးကို တက်တူးအမည်းတွေ ထိုးခဲ့တဲ့အပြင် မျက်လုံးကိုလည်း အနက်ရောင်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် Adam ဟာ Albinism ရောဂါဖြစ်တည်းက တက်တူးထိုးဖို့ စိတ်အားထက်သန်ခဲ့ပြီး Tattoo Art အပိုင်းတွေကိုလည်း လေ့လာခဲ့တယ်လို့ သိရပါတယ်။

အဲ့နောက်မှာ သူ့ရဲ့ ခန္ဓာကိုယ်ရဲ့ (၉၉)ရာခိုင်နှုန်ကို ပြင်ဆင်ပြီးတဲ့နောက် သူ့ရဲ့ ယောကျ်ားတန်ဆာဟာ သူ့ရဲ့အသွင်အပြင်ကို ကြည့်ရှုမကောင်းဖြစ်စေသလို ခံစားရတာကြောင့် ဖယ်ရှားပစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့လို ဖယ်ရှားမှုအတွက် Adam ဟာ ငွေကြေးများစွာ ကုန်ကျခဲ့ပြီး အဆိုပါ ခွဲစိတ်မှုကလည်း အသက်အန္တရာယ် အရမ်းများခဲ့ပါတယ်။

“ ဒီလူ့အဖွဲ့အစည်းနဲ့ ကျနော် အရမ်းကွဲပြားနေတာကို သိလိုက်ရချိန် ကျနော် အကြိုက်ဆုံး အရောင်က မီးခိုးရောင်ပါပဲ။ ဒါကြောင့် ကျနော့် အသားရောင်ကိုလည်း အဲ့ဒီအရောင်တိုင်း ဖန်တီးခဲ့တာပါ။ ကျနော့် ခန္ဓာကိုယ်မှာ ထိုးမယ့် တက်တူးကို ကျနော် ကိုင်တိုင်ပဲ စိတ်ကြိုက် ဒီဇိုင်းဆွဲခဲ့တယ်။ ကိုယ့်ခန္ဓာကိုယ်ဆိုတော့ ဘာလိုအပ်လဲ ဘာဖြည့်ရမယ်ဆိုတာ ကိုယ်ပဲ ကောင်းကောင်းသိတာကိုး။ ဘဝက တိုတောင်းလွန်းပါတယ်။ မနက်ဖြန် ဘာဖြစ်မလဲဆိုတာ ဘာမှမသိနိုင်တဲ့အတွက် ခုချိန်မှာ ကျနော့် ဆန္ဒတွေပြည့်ဝအောင် လုပ်ချင်တာပါ ” လို့ ပြောပြပါတယ်။

ဒါကြောင့်  Adam ဟာ  ငွေကြေးများစွာ အကုန်ကျခံပြီး သူမလိုချင်တော့တဲ့ နို့သီးခေါင်းတွေနဲ့ ယောကျ်ားတန်ဆာကို ဖယ်ပစ်ဖို့ Mexico နိုင်ငံက Guadalajara မြို့ရဲ့ Jardines ဆေးရုံမှာ ခွဲစိတ်ခဲ့တယ်လို့ သိရပါတယ်။ 

Source; lipstickalley.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။