လက်ဖက်ကြက်ဥလုပ်နည်း

ကြက်ဥကိုအရင်ဆုံး ပုံမှန်အတိုင်း ကျက်အောင်ပြုတ်ပါ။

ပြီးတော့အခွံလေးတွေအက်သွားအောင် ခေါက်ပေးထားရပါမယ်။

ရေနွေးကိုဆူအောင်တည် လက်ဖက်ခြောက် အချိုဖြစ်ဖြစ် အကြမ်းဖြစ်ဖြစ် ထည့် (များများ) 

ပဲငံပြာရည်အကြည်ရည်ထည့် 

သကြား၊ ဆား၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်လေးတွေ နဲနဲစီထပ်ထည့် 

အဲ့ဒါတွေဆူလာပြီဆိုမှ ခုနကပြုတ်ပီး အခွံခေါက်ထားတဲ့ကြက်ဥတွေထည့်ပြုတ်ပါ။

အကြာကြီးပြုတ်ရပါမယ်။ ရေခန်းရင် ရေထပ်ထည့်ပါ အနည်းဆုံး ၂ရေလောက်ခမ်းတဲ့အထိပြုတ်ပေးပါ။

ကြာလေ အရသာအထဲကိုဝင်လေပါပဲ။

လက်ဖက်ကြက်ဥလေး အဝစားလို့ရပြီနော်. . . 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။