Food Box အလှူနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ဝေဖန်လိုက်တဲ့ အောင်မြင့်မြတ်

ပရိသတ်ထောက်ခံအားပေးမှုကြောင့် တဖြည်းဖြည်းအောင်မြင်မှုရရှိလာတဲ့ တက်သစ်စ သရုပ်ဆောင် အောင်မြင့်မြတ်ဟာ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ်များစွာရဲ့ ချစ်ခင်ခြင်းကို ရရှိနေသူပါ။ အခုဆိုရင် အောင်မြင့်မြတ်ဟာ လက်ရှိမှာ မြန်မာနိုင်ငံမှာ အရမ်းကို Hot နေတဲ့ Food Box နဲ့ ပတ်သက်ပြီး ပွင့်လင်းစွာ ပြောပြလာပါတယ်။

တချို့လူတွေက မလိုအပ်ဘဲ Food Box အတွင်းက စားသောက်စရာတွေကို မယူစေချင်တဲ့ စေတနာကြောင့် ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ကြသလို အဲ့လို ဓာတ်ပုံရိုက်မှုတွေကြောင့်လည်း နစ်နာသူတွေရှိလာတယ်လို့ ဆိုပါတယ်။

စောစောက Food Box အကြောင်း Status ရေးရင်း comment တွေဖတ်မိတယ်။ Food Box နဲ့ ပတ်သက်ပြီး တစ်ခုခု ရေးချင်နေတာ ကြာပြီဗျ။ အဲ့ဒါနဲ့ပဲ Status အောက်မှာ Comment ဝင်ရေးမိလိုက်တယ်။ ကျွန်တော်သိတဲ့ အလှူဆိုတာ ပေးကမ်းခြင်းပါ။ လှူပြီဆိုကထဲက ဘယ်သူ့ကိုမှ ဘယ်လောက်မှ လှူမယ်ဆိုတာမရှိပါဘူး။ လိုလို့ပဲ ယူယူ မလိုပဲယူယူ လှူတဲ့သူက စိတ်ပိုင်းဖြတ်ပြီး လှူမှ အလှူမြောက်တာပါ။

မလိုတဲ့သူတွေ ယူလို့ ကုန်သွားလဲ .. လိုတဲ့သူတွေအတွက် အလှူရှင်ကတော့ ထပ်လှူနေမှာပါပဲ။ ဒါမှ အလှူစစ်မှာကိုးဗျ။ အဲ့တော့ကာ Food Box ထဲက ပစ္စည်းတွေ ဘယ်သူယူလို့ ကုန်ပါစေ။ ရအောင် ပြန်ဖြည့်ကြရမှာပါ။ Food Box လေး တစ်ခုတောင် ခိုင်မာအောင် မတည်ဆောက်နိုင်ကြရင် ကျွန်တော်တို့ ဘယ်လောက်ရှက်ဖို့ကောင်းတဲ့ လူတွေဖြစ်ကုန်မလဲ။ (တကယ်တမ်း ရှက်ရမှာက ဓာတ်ပုံရိုက်တဲ့သူတွေဗျ .. ခုတော့ လူတွေကို အရှက်ခွဲဖို့ ဆင်ထားတဲ့ ကျော့ကွင်းတွေလိုပဲဗျာ)  ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အောင်မြင့်မြတ် ပြောသလို Food Box  တွေဟာ လိုအပ်နေတဲ့ ပြည်သူတွေအတွက် ပေးကမ်းစွန့်ကျဲခြင်းလား။ အရှက်ခွဲဖို့ သက်သက် စီမံထားတဲ့ ကျော့ကွင်းလားဆိုတာ ပရိသတ်ကြီးလည်း သေသေချာချာတွေးကြည့်လိုက်ပါဦး။

Source; Aung Myint Myat FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။