လောကဓံကို ရင်မဆိုင်နိုင်လို့ အလှဖန်တီးရှင်တစ်ဦး ကိုယ်တိုင် Video ရိုက်ပြီး ကြိုးဆွဲချသတ်သေ

ယမန်နေ့ ဇွန်လ (၂၄)ရက်နေ့က ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ ဘူတာလမ်းရှိ “ မြတ်လမင်း ” အလှပြုပြင်ရေးဆိုင်အနီးမှာ အပုပ်နံများ ထွက်နေပြီး အိမ်နီးနားချင်းများ သတိထားမိသဖြင့် လိုက်လံရှာဖွေရာ လူတစ်ဦး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်မှာ ရပ်ကွက်နေထိုင်သူ အသက်(၂၆)နှစ်အရွယ် ကို ……………………… က လမ်းအတွင်းရှိ အလှပြင်ဆိုင်အနီးမှာ အပုပ်နံများ ရရှိနေသဖြင့် လွန်ခဲ့တဲ့ (၃)ရက်လောက်တည်းက ပိတ်ထားတဲ့ အလှပြင်ဆိုင်အတွင်းသို့ တံခါးအပေါက်မှတဆင့် ချောင်းကြည့်ရာ လူတစ်ဦး လည်ပင်းကြိုးဆွဲချ သေဆုံးနေကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အဲ့နောက် အဆိုပါ လူငယ်ဟာ ကျိုက်ထိုမြို့မရဲစခန်းနဲ့ ရပ်ကွက် ရာအိမ်မှူးကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

တာဝန်ရှိသူများ ရောက်လာရှိလာပြီးနောက် သက်သေများနဲ့အတူ ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးကြည့်ရာ ဆိုင်ပိုင်ရှင်ဖြစ်သူ အသက်(၂၃)နှစ် အရွယ် ကို ……………………… (မိန်းမစိတ်ပေါက်နေသူ)ဟာ ဆိုင်ရဲ့ မျက်နှာကျက်အား အပေါက်ဖောက်ပြီး လျှပ်စစ်ဝါယာကြိုးဖြင့် လည်ပင်းတွင် စွပ်လျှက်သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ သေဆုံးသူ အမျိုးသားအား ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းများနဲ့ ချိတ်ဆက်ပြီး ပို့ဆောင်ခဲ့ကြောင်း၊ သေဆုံးသူဟာ သွေးရိုးသားရိုး (ဓမ္မတာ)အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေကြောင်း သိရပါတယ်။

">

Source; မြန်မာနိုင်ငံသတင်းစာရာအသင်း ကျိုက်ထိုမြို့

Video Crd ; Nan. Mi Moe FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။