ဇူလိုင်လ (၁)ရက်နေ့မှစပြီး မီတာခနှုန်းထားတွေ တိုးကောက်တော့မယ်လို့ ကြေညာ

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်အလိုက် ထုတ်လွှင့်ပေးနေတဲ့ လျှပ်စစ်မီတာခတွေဟာ ယခင်သတ်မှတ်ထားတဲ့ မီတာခနှုန်းထားတွေထက် လာမယ့် ဇူလိုင် (၁)ရက်နေ့မှ စတင်ပြီး တိုးမြှင့်ကောက်ခံမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ရေရည်တိုးတက်ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရှိသေးတဲ့ ဒေသများ လျှပ်စစ်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှု စွမ်းအား စဉ်ဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း သင့်လျော်သည့် ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို ပြင်ဆင်ချမှတ်လိုက်တယ်လို့ ပါရှိပါတယ်။

(၂၀၁၉)ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၉)၏ သဘောတူညီချက်အရ လာမယ့် ဇူလိုင် (၁)ရက်နေ့မှစပြီး လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြင်ဆင်လိုက်တယ်လို့ သိရပါတယ်။

Source; Ka Pho Tin FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။