
Paris မှာ ဘာဘီအရုပ်မလေးလို သက်ဝင်လှပနေတဲ့ Lisa
တောင်ကိုရီးယားရဲ့ နာမည်ကြီး ဆယ်လီတွေထက် ပိုမို အောင်မြင်မှုရရှိနေပြီး No.1 နေရာကို ရောက်ရှိလာတဲ့ ထိုင်းမလေး Lisa ကို ပရိသတ်တွေသိကြမယ်ထင်ပါတယ်။
June 23 ရက်နေ့ Paris မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နာမည်ကြီး CELINE Men’s Fashion Week ကို BLACKPINK အဖွဲ့ဝင် Lisa ဟာ Boylish ဆန်ဆန်ပဲ ဆွဲဆောင်မှုရှိလှတဲ့ ဖက်ရှင်နဲ့ ခုလို ပွဲတတ်ရောက်လာခဲ့ပါတယ်။
Lisa ရဲ့ ပုံရိပ်များ
သူမ Paris မှာ လျောက်လည်တဲ့ ဖက်ရှင်ဒီဇိုင်းတွေကအစ လူထုကို သဘောကျစေခဲ့ပြီး VOGUE ရဲ့ သတင်းစာမျက်နှာမှာလဲ ဖော်ပြခံခဲ့ရတယ်။
သူမဟာ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုမျိုး Fashion တွေဘဲဖြစ်ဖြစ် ဒီအပတ်ရဲ့ Style အကျဆုံး အနုပညာရှင်တွေထဲမှာ မှ တစ်ယောက်အဖြစ် သက်သေပြသွားတယ် လို့ ရေးသားခဲ့ပါတယ်။
Paris ကို ရောက်လာတဲ့ Airport Fashion က အရိုးရှင်းဆုံးဖြစ်ပေမဲ့ မီဒီယာသတင်းများစွာ သူမရဲ့ fashion အကြောင်းတွေကို ဖော်ပြခံရပါတယ်။
ဒီလိုမျိုး ဖော်ပြခံရတာ အဆန်းတော့မဟုတ်ပါဖူး New York က Michael Kors event ကို တတ်ရောက်လာကတည်းက သူမကို စတင်သတိထားလာမိတာပါ။
BLACKPINK အဖွဲ့ထဲမှာဆို ဖက်ရှင်အဆန်းတွေပဲ Stylist တွေက ရွေးချယ်ဝတ်ဆင်ပေးခဲ့ပေမဲ့လည်း သူမက ဘာဝတ်ဝတ်ကို လိုက်ဖက်နေတော့တာပါပဲ ။
Sources- BLACKPINK Nation
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။