တိုက်ခိုက်မှုတွေကို အရှုံးပေးသွားတဲ့ LGBT လူငယ်လေးအတွက် ခံစားနေရတဲ့ မေဦး

ယမန်နေ့ ဇွန်လ (၂၄)ရက်နေ့က ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသွားတဲ့ အသက်(၂၀)ကျော် လူငယ်လေးအကြောင်းကို အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ သေဆုံးသွားတဲ့ လူငယ်လေးဟာ လိင်တူချစ်သူတစ်ဦးဖြစ်ပြီး နေထိုင်ရာ ပတ်ဝန်းကျင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဖိအားတွေကြောင့် စိတ်ဓာတ်တွေကျခဲ့ပြီး မခံမရပ်နိုင်တော့တဲ့ အဆုံးမှာ ကိုယ့်ကိုယ်ကို ထွက်ပေါက် ရှာသွားခဲ့ပါတယ်။

အဆိုပါ လူငယ်လေး သေဆုံးသွားမှု အဖြစ်ဆိုးကြီးဟာ LGBT လောကတစ်ခုကို ရိုက်ခတ်သွားခဲ့ပြီး လူအများရဲ့ ဝေဖန်တိုက်ခိုက်မှု စိတ်ဓာတ်တွေကိုလည်း သင်ခန်းစာပေးသွားသလိုပါဘဲ။ အခုတစ်ခါမှာလည်း သေဆုံးသွားတဲ့ လူငယ်လေးနဲ့ ပတ်သက်ပြီး မိတ်ကပ်ပညာရှင် မေဦးက သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပြီး ပရိသတ်များစွာ ထောက်ခံအားပေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံက လူငယ်တော်တော်များများပာာ  သေချာအကွက်ချ စီစဉ်ထားတဲ့ .. ဘယ်လို ဖောက်ထွက်ဖောက်ထွက် မည်သို့မျှ ရုန်းထွက်လို့ မရခြင်းဆိုသော မပာာတံတိုင်းကြီးနဲ့ဘောင်ခတ်ထားခြင်းကို ခံထားရတဲ့သူတွေပဲ ဖြစ်ပါတယ်။  တော်တော်လေးခံစားရပါတယ်။ ဒါတောင် လူငယ်တွေလို့ သုံးနှုန်းထားတာနော်။ ကဲ .. LGBT လို့ ခေါင်းစဉ်သာတပ်ကြည့်လိုက်.......?

တစ်ကျော့နှစ်ကျော့တေးကိုသီလို့ တွန်ကြူးမိသူတောင် နှစ်ပြားမတန်အောင် ပြောခံရတဲ့ခေတ်မှာ မင်းတို့လောက်တော့ အသာလေးပေါ့။ အော် ရောင်နီရယ် သီချင်းထဲမှာမပာုတ်ပဲ လက်တွေ့ဘဝမှာ ထွန်းလင်းပေးလိုက်စမ်းပါ။ ခင်ဗျားတို့ ပါးစပ်ကပြောနေတဲ့ ခေတ်မှီဖွံ့ဖြိုး တိုးတက်တဲ့နိုင်ငံဆိုတာ တကယ်ရှိလာမှာမို့ ရဲရဲကြီးသာ ထွန်းလင်းပေးလိုက်ပါ။ ဦးနှောက်မပါပဲ ချောင်ကလောင်နေတဲ့ လူကြီးတစ်ချို့တို့ရယ် ” ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ လူငယ်လေးဟာ အားကိုးစရာ အဖေ၊ အမေမရှိတော့ဘဲ အိုမင်းနေသော အဘွားအိုကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးစောင့်ရှောက်နေတဲ့ လူငယ်လေး တစ်ဦးဖြစ်တဲ့အပြင်  LGBT တစ်ဦးဖြစ်တဲ့အတွက် စိတ်ဓာတ်ခွန်အားလည်း အားငယ်သူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ အဲ့လို လူငယ်လေးကိုမှ မခံမရပ်နိုင်အောင်ဖြစ်စေပြီး လောကထဲက ထွက်ခွာသွားအောင် စိတ်ဒုက္ခပေးနိုင်တဲ့ လူတွေကို အင်တာနက်သုံးစွဲသူများ ဝေဖန်နေကြပါတယ်။ ထို့အတူ မေဦး တစ်ယောက်လည်း သေဆုံးသွားတဲ့ လူငယ်လေးအတွက် အရမ်းကို ဝမ်းနည်းနေပြီး ပြည်သူအများစုလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။

Sourec; May Oo FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။