စီးပွားရှာတဲ့မိခင်တွေရဲ့သားသမီးတွေဟာ ဘဝမှာ ပိုမို ပျော်ရွှင်ရကြောင်း လေ့လာတွေ့ရှိ

အရင်တုန်းကတော့ အိမ်ထောင်သည်မိန်းမဆိုတာ အိမ်ထဲမှာပဲ နေပြီး အိမ်မှုကိစ္စလုပ် ကလေးထိန်းရမယ်။ အပြင်မှာ အလုပ်ထွက်လုပ်ရင် ကလေးက မိခင်ရဲ့ချစ်ခြင်းကို အပြည့်အဝမရနိုင်တာ၊ ကလေးကို သေချာ ဂရုမစိုက်နိုင်တာ စတဲ့ ရှေးရိုးစွဲ ဝါဒတွေက ခုခေတ်မှာတော့ သိပ်ပြီး လက်တွေ့မကျတော့ပါဘူး။

ခေတ်က တိုးတက်လာတာနဲ့အမျှ ကုန်ဈေးနှုန်းတွေကလည်း တက်လာတာပါ။ မိသားစုတစ်စု အများတန်းတူ ရပ်တည်နိုင်ဖို့ မိဘနှစ်ပါးလုံး အလုပ်ထွက်လုပ်သင့်လုပ်ကြရတာပါပဲ။ ဒါ့အပြင် ဒီနေ့ခေတ်လို ဒီမိုကရေစီခေတ်မှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ရင်ဘောင်တန်းဖို့ အကြောင်းအရင်းတွေကလည်း ရှိလာပြီလေ။

Why Kids of Working Moms Become Happier Adults

အလုပ်တစ်ဖက်နဲ့ အိမ်ထောင်ထိန်းဖို့ဆိုတာတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘဝပေးအခြေအနေအရ နှစ်ခုလုံး လုပ်နေကြရတာပဲ။ ဒီလိုလုပ်နေရလို့ “ငါ့သားသမီးလေး သနားပါတယ်။ မိဘရဲ့ဂရုစိုက်မှု အပြည့်အဝ မရရှာဘူး” ဆိုပြီး မတွေးပါနဲ့။ ဒီလို နှစ်ခုမျှလုပ်နေရတာက ကလေးတွေအတွက် ကောင်းကျိုးလေးတွေ ရှိပါသေးတယ်။

အလုပ်တစ်ဖက်နဲ့မိခင်တွေရဲ့ကလေးတွေလည်း အခြားကလေးများနည်းတူ ပျော်ရွှင်ရပါတယ်

Why Kids of Working Moms Become Happier Adults

မနက်ခင်းနိုးတယ်။ ကလေးအတွက် ချက်ပြုတ်ပြင်ဆင်ပေး၊ ပြီးရင် ကျောင်းပို့၊ ညနေပြန်လာ၊ အိမ်မှုကိစ္စတွေလုပ်၊ မနက်အတွက်ပြင်ဆင်၊ ဒီလိုနဲ့ တစ်ရက်ကုန်သွားတယ်ဆိုတော့ ကလေးအတွက် အချိန်မပေးနိုင်ဘူး။ ကလေးက မပျော်ရွှင်နိုင်တော့ဘူးလို့ သတ်မှတ်ထားကြပါတယ်။ 

ဒါပေမဲ့ ဒီအချက်ဟာ အမြဲတမ်း မမှန်နိုင်ဘူးဆိုတာကို ဟာဗတ်စီးပွားရေးကျောင်းရဲ့ ပါမောက္ခ Kathleen McGinn က သက်သေပြခဲ့ပါတယ်။ သူမဟာ ၂၀၁၅ မှာ လေ့လာစမ်းစစ်မှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံ ၂၉ နိုင်ငံမှာ ရှိတဲ့ မိဘ အယောက် ၁ သိန်းကို လေ့လာစစ်တမ်းကောက်ခဲ့ပါတယ်။ 

Why Kids of Working Moms Become Happier Adults

အဲဒီအခါ အလုပ်မလုပ်တဲ့ မိခင်တွေဟာ ပိုက်ဆံကိစ္စတွေ၊ အိမ်ထောင်ရေးကိစ္စတွေကြောင့် စိတ်မချမ်းမမြေ့ဖြစ်ပြီး သားသမီးတွေအပေါ် ပုံချတဲ့အတွက် သားသမီးတွေဟာ မပျော်ရွှင်ကြရပါဘူး။ အလုပ်လုပ်တဲ့ မိခင်တွေကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ခင်ပွန်းသည်အရေး၊ ငွေရေးကြေးရေး စိတ်ပူစရာမလိုတာကြောင့် ကလေးတွေကိုပါ ပျော်ရွှင်အောင် ထားနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေဟာ အသက်မွေးဝမ်းကျောင်းမှာ အောင်မြင်ကြပါတယ်

Kahtleen McGinn ရဲ့လေ့လာစမ်းစစ်ချက်အရ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီးတွေဟာ နှစ်စဉ် ဝင်ငွေလည်း ကောင်းကြပါတယ်။ အဲဒီမိန်းကလေးတွေအများစုဟာ အလုပ်ကိုယ်စီရှိကြပြီး ရာထူးမြင့်ကြပါတယ်။ ဒါ့အပြင် အိမ်မှာနေတဲ့ မိခင်ရဲ့သမီးထက် အပြင်မှာ အလုပ်ထွက်လုပ်တဲ့မိခင်ရဲ့သမီးဟာ ဝင်ငွေပိုကောင်းတာကို တွေ့ရှိထားပါသေးတယ်။ 

ဒါ့အပြင် မိခင်ဟာ သမီးတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်တာကြောင့် အသက်မွေးဝမ်းကြောင်းနဲ့ မိသားစုဘဝကို တစ်ပြိုင်တည်းလုပ်လို့ရတယ်ဆိုတာကို သင်ပြပြီးသား ဖြစ်သွားပါတယ်။ တော်ရုံ အလုပ်ရှုပ်တာလောက်ကို ပုံကြီးမချဲ့တော့ဘဲ အလုပ်တွေကို တစ်ပြိုင်တည်း လုပ်တတ်သွားကြပါတယ်။

အလုပ်လုပ်တဲ့အမျိုးသမီးရဲ့ အိမ်ထောင်ဖက်တွေဟာ မိသားစုကို ပိုဂရုစိုက်တယ်

Related image

ထုံးစံအရ ယောက်ျားဆိုတာ အပြင်ထွက် အလုပ်လုပ်ရမယ်၊ အိမ်မှုကိစ္စကို မိန်းမက လုပ်ရမယ်ဆိုပြီး သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ အမျိုးသမီးကပါ ဒိုးတူဘောင်ဖက် ငွေရှာနေတာဖြစ်တဲ့ အိမ်ထောင်တစ်ခုမှာ ယောက်ျားတွေကလည်း အားကျမခံ အမျိုးသမီးရဲ့ အိမ်မှုကိစ္စတွေကို ကူညီလုပ်ပေးကြတယ်လို့ Kathleen ကလေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် စီးပွားရှာတဲ့ အမျိုးသမီးရဲ့ လင်ယောက်ျားတွေဟာ မိသားစုကိုလည်း အချိန်ပေးနိုင်ဖို့ ပိုပြီး ကြိုးစားကြပါတယ်။ 

အလုပ်လုပ်တဲ့ မိခင်တွေရဲ့သားသမီးတွေဟာ တန်းတူညီမျှဝါဒီကို လိုလားသူတွေ ဖြစ်ကြတယ်

မိဘနှစ်ပါးလုံး အလုပ်လုပ်တဲ့ မိသားစုရဲ့ သားသမီးတွေဟာ လူသားချင်း ခွဲခြားဆက်ဆံတာမျိုးတွေ၊ အနိုင်ကျင့် ဗိုလ်ကျတာတွေ မလုပ်ကြပါဘူး။ အလုပ်လုပ်တဲ့ မိခင်ရဲ့သားဟာ စီးပွားရှာတတ်တဲ့ မိန်းမမျိုးနဲ့အိမ်ထောင်ပြုပြီး လုပ်ငန်းခွင်မှာလည်း အမျိုးသမီးတွေကို တန်းတူညီမျှစွာ ဆက်ဆံကြပါတယ်။ အလုပ်လုပ်တဲ့ မိခင်တွေရဲ့ သမီး ဖြစ်သူတွေဟာလည်း အရာရာကို အချိုးညီညီလုပ်ဆောင်နိုင်ပြီး လုပ်ငန်းခွင်မှာလည်း ယောက်ျားတွေနဲ့တန်းတူ ဦးဆောင်နိုင်သူတွေ ဖြစ်လာပါတယ်။

Ref; Brightside.me

By Paulina