“ သတိအန္တရာယ်ရှိသည် ” ဇာတ်ကားကြီးကို ဆက်လက်မပြတော့ရန် တိုင်ကြားခံရတယ်ဆိုတဲ့ ယုန်လေး

ယနေ့လက်ရှိ တိုးတက်လာတဲ့ ခေတ်နဲ့အညီ ပြောင်းလဲရိုက်ကူးလာတဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားကြီးများကို ပရိသတ်လက်ခံလာအောင် အနုပညာအသိုင်းအဝိုင်းမှ များစွာကြိုးစားလုပ်ဆောင်နေကြပါတယ်။ လက်ရှိမှာလည်း တကယ့် Gangster ကြီးတွေလို မာန်ပါပါ ရိုက်ကူးထားတဲ့ အကြမ်းစာဖိုက်တင်ဇာတ်ကားကြီး “ သတိအန္တရာယ်ရှိသည် ” ဇာတ်ကားကြီးကိုတော့ ရုံတင်ပြသနေပြီး ပရိသတ်များစွာလည်း အားပေးလက်ခံကာ အကြိုက်တွေ့နေကြပါတယ်။

ဒါပေမဲ့ လက်ရှိမှာ ယုန်လေးကိုယ်တိုင် ရိုက်ကူးပုံဖော်ထားတဲ့ “ သတိအန္တရာယ်ရှိသည် ” ဇာတ်ကားကြီးကို ရုံပေါ်မှာ ဆက်လက် ပြသခွင့်မရအောင် ဆင်ဆာအဖွဲ့သို့ ဖုန်းဆက်တိုင်ကြားခြင်းခံထားရတယ်လို့ သိရပါတယ်။

သြော် လူတွေ လူတွေ။ သတိ အန္တရာယ်ရှိသည်ကို ဝိုင်းဝန်းရံကျလို့ ပျော်လို့တောင် မဝသေးဘူး။ မနေ့က ဆင်ဆာရုံးကလူကြီးခေါ်လို့ ခရီးရောက်ရောက်ခြင်း ပြေးလိုက်ရတယ်။ အကုန်လုံးလည်း ဖျက်ထားပါတယ်ပေါ့။ ဆင်ဆာလူကြီးတွေက ကျွန်တော့်ဘက်မှာ ရှိပေးပါတယ်။ အပြင်က ကျွန်တော်တို့ ရုပ်ရှင်ကို အရေးယူခိုင်းပြီး ဒုတိယအပတ် ဆက်ပြလို့မရအောင် ရည်ရွယ်ပြီးတိုင်တာပါ။ တော်တော်အကုသိုလ်များတဲ့ အလုပ်ဗျာ။ တိုင်ထားတဲ့ လူတွေရဲ့ နာမည် ဖုန်းနံပတ်ပါပြီးရင် Video နဲ့ တင်ပေးလိုက်ပါမယ် ခင်ဗျာ။ ခဏလေးစောင့် သူတို့က အဖွဲ့ရှိတယ်လည်း ပြောပါတယ်။ တကယ်စိတ်တွေလည်း လေပါတယ် ” ဆိုပြီးတော့ ယနေ့ ဇွန်လ (၂၇)ရက်နေ့က သူ့ရဲ့ လူမှုကွန်ယက်ပေါ် တင်ခဲ့ပါတယ်။

အဆိုပါ “ သတိအန္တရာယ်ရှိသည် ” ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်၊ ယုန်လေး၊ တိုင်ရွန်၊ အောင်လေး၊ ဘိုချမ်း၊ K ညီနဲ့ ခင်ဝင့်ဝါတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လက်ရှိမှာတော့ ယုန်လေးဟာ သရုပ်ဆောင်ဘက်အပိုင်းကို ကူးပြောင်းလာခဲ့ပြီး ပရိသတ်တွေကို မတူညီတဲ့ ရသမျိုးပေးနိုင်အောင် ကိုယ်တိုင် ဒါရိုက်တာအဖြစ် ဇာတ်ကားတွေကို ရိုက်ကူးနေပါတယ်။ ယုန်လေးဟာ Original Gangster (1) ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့ရာမှစပြီး ပရိသတ်တွေ ရင်ထဲ အရောက်ပို့နိုင်ခဲ့တာကြောင့် အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။ 

<iframe class="lazy" src="/images/image-01.png" data-src="https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fdanger2019movie%2Fvideos%2F481520835955832%2F&show_text=1&width=560" width="560" height="457" style="border:none;overflow:hidden" scrolling="no" frameborder="0" allowTransparency="true" allow="encrypted-media" allowFullScreen="true"></iframe>

Source; Yone Lay FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။