ကျောင်းသွားမယ့်သားသမီးတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး မြစ်ကိုဖြတ်ကူးပေးတဲ့ ဖခင်များ

သားသမီးတွေ ဘဝအောင်မြင်ဖို့အတွက်ဆိုရင် မိဘတွေဟာ ဘယ်လောက်ပဲ ပင်ပန်းခက်ခဲပါစေ ပေးဆပ်တတ်ကြပါတယ်။ ခုလတ်တလော ဗီယက်နမ်ရွာလေးက အဖြစ်အပျက်ကို ကြည့်ချင်းအားဖြင့် မိဘမေတ္တာကို ပိုပြီးသိသာ ထင်ရှားစေပါတယ်။ 

D9sJw0SXoAApGuv.jpeg

ဗီယက်နမ်နိုင်ငံ မြောက်ဘက်တောင်တန်းဒေသက Huoi Hua ဆိုတဲ့ ရွာလေးမှာ မိဘတွေဟာ သားသမီးတွေ ကျောင်းသွားဖို့အတွက် မြစ်ကိုဖြတ်ကူးပေးနေရပါတယ်။ မိုးရာသီရောက်လာပြီဖြစ်တာကြောင့် ဝါးတံတားတွေဟာ သုံးလို့မရတော့ပါဘူး။ ဖောင်ကို သုံးမယ်ဆိုရင်လည်း ရေစီးသန်တဲ့အခါ မျောပါသွားတတ်တာကြောင့် သုံးလို့မရပြန်ပါဘူး။

ပိုမိုခိုင်ခံ့တဲ့တံတားတွေဆောက်ပေးဖို့ စည်ပင်သာယာအဖွဲ့ချုပ်ကို တောင်းဆိုခဲ့ပေမယ့် ရန်ပုံငွေမလုံလောက်တာကြောင့်ရယ်၊ ရွာရဲ့မြေအနေအထားကိုက တံတားဆောက်လို့မရတဲ့ ကမုကတက်များတာကြောင့်ရယ် ဒီလိုအခက်အခဲကို ရင်ဆိုင်နေကြရတာပါ။

D9sJw0aWsAEeiHf.jpeg

ဒါကြောင့် မိဘတွေဟာ သားသမီးတွေကို ပလပ်စတစ်အိတ်အကြီးကြီးထဲထည့်ပြီး မြစ်ကိုဖြတ်ကူးပေးကြရပါတယ်။ သားသမီးတွေ ကျောင်းကို ရေမစိုဘဲ ရောက်သွားဖို့အတွက် မိဘတွေဟာ ကိုယ့်အသက်ကိုတောင် ပဓာနမထားပဲ ရေစီးသန်တဲ့မြစ်တဲ ကူးဖြတ်ကြရပါတယ်။ ကျောင်းဆင်းတဲ့အခါ ဒီနည်းအတိုင်းပဲ အိမ်ကို ပြန်ကြိုလာကြပါတယ်။

 

ဒါ့အပြင် မြစ်ကို ဖြတ်ကူးပြီးလို့ကျောင်းတန်းရောက်ပြီလားဆိုတော့ မရောက်သေးပါဘူး။ ကျောင်းကို ရောက်ဖို့ (၅) နာရီလောက် လမ်းထပ်လျှောက်ကြရပါသေးတယ်။ အသွား (၅) နာရီ အပြန် (၅) နာရီလောက် ကြာတာ ဖြစ်တဲ့အတွက် ကျောင်းသားတွေဟာ များသောအားဖြင့် ကျောင်းအိပ်ကျောင်းစားနေလိုက်ကြပြီး ပိတ်ရက်မှပဲ အိမ်ပြန်ကြရပါတယ်။ 

ပြီးခဲ့တဲ့ နှစ်တွေတုန်းကတည်းက ဗီယက်နမ်ရဲ့ တချို့သော ဒေသတွေမှာလည်း မိုးရာသီရောက်တိုင်း ဒီလိုအခက်အခဲမျိုး ကြုံနေရတာပါ။ ဒါကြောင့် မိုးရွာနေတာကြောင့် ကျောင်းမသွားချင်လို့ ညီးညူနေတဲ့ သားသမီးတွေများရှိရင် ဒီအကြောင်းလေးကို ပြောပြလိုက်ပါ။ တချို့သော ကလေးငယ်တွေဟာ ပညာတတ်ဖို့အတွက် ဘယ်လောက်ရုန်းကန်နေကြရတယ်ဆိုတာ ဒီအဖြစ်အပျက်လေးကို ကြည့်ခြင်းဖြင့် အတုယူလို့ရတာပေါ့။

"> 

Ref; mothership.sg, sea.mashable.com, steemit.com

By Paulina