နွားနို့စစ်စစ်တွေကလည်း အန္တရာယ်ရှိလာပါပြီ

ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ နွားနို့တွေဟာလည်း အတော်လေး ပြောင်းလဲလာပါပြီ။ နို့များများ ထွက်ရအောင် growth hormone ထိုးတာ၊ ပိုးသတ်ဆေးတွေ ကျွေးကြတာတွေကြောင့် နွားနို့သောက်ရင် ခွန်အားဖြစ်စေတယ်ဆိုတဲ့ အယူအဆကိုတောင် မှားနေပြီလို့ ပြောရတော့မလိုပါပဲ။

အထူးသဖြင့် နို့အရောင် ဖြူဖွေးပြီး လှနေအောင် နွားတွေကိုနွားစာအဖြစ် ပြောင်းဖူးကျွေးတာ အပြင် Titanium dioxide လိုမျိုး chemical တွေပါ ထည့်ကျွေးလာတာမျိုးပေါ့။ Titanium dioxide ကို လူအတော် များများဟာ အစာမချေနိုင်ကြပါဘူး။

နွား နို့ သောက် ပြီး ရင် ဗိုက်ကယ်၊ လေပွ၊ ဝမ်းလျောတာတွေ ဖြစ်တတ်ပါတယ်။

အစာမကြေရင် ရောဂါမျိုးစုံ ရလာနိုင်ပါတယ်။ အထူးသဖြင့် Autoimmune diseases တွေ ဖြစ်ပါတယ်။

ဆီးချိုရောဂါ အဖြစ်များတဲ့ မိသားစုဝင် ကလေးတွေဆိုရင် အသက်ငယ်ငယ်နဲ့ ဖြစ်တဲ့ ဆီးချိုရောဂါ ဖြစ်တတ်တာကြောင့် သတိထားသင့်ပါတယ်။Type 1 diabetes ၊ ရင်ကြပ်၊ ပန်းနာ၊ ဝဲနှင်းကူ စသည်ဖြင့် နောက်ဆက်တွဲတွေမှ မျိုးစုံပါပဲ။

၁၀တန်းကျောင်းသူလေး တစ်ဦး အမြဲရင်ကြပ်နေပြီး သောက်ဆေး၊ ရှူဆေးတွေနဲ့ မသက်သာလာတဲ့အခါ မေးကြည့်လိုက်တော့ အားရှိအောင်ဆိုပြီး အမေလုပ်သူက နွားနို့နေ့စဉ် တစ်ဖန်ခွက်တိုက်တယ်လို့ သိရပါတယ်။  တကယ်တော့ ကလေးမလေးက နွားနို့ကြောင့် ဒီလိုတွေ ဖြစ်နေရတာပါ။

အမျိုးသမီးတစ်ဦးဆိုရင်လည်း auto immune skin disease တစ်ခုဖြစ်တဲ့ အရေကြည်ဖုတွေ တစ်ကိုယ်လုံး နေရာ အနှံ့မှာပေါ်လာတဲ့ Bullous Pemphigoid ကို ကုနေတာ အတော်လေး ကြာသွားပါ ပြီ။ သူမဆိုရင်လည်း နွားနို့ကို နေ့ စဉ် သောက်ပါသတဲ့။

Steroid တွေ သောက်နေတာလဲ မသက်သာပဲ လူက ဝလာ၊ ခြေ ထောက်တွေရောင်ကိုင်း၊ မျက်နှာလဲ ဖော လာ၊ တချိန်လုံးလဲ ကုတ်နေရတဲ့ ဒုက္ခက မသေးပါဘူး။

ဒါတွေအကုန်လုံးက နွားနို့ကြောင့်ဖြစ်လာရတဲ့ ဘေးထွက်ဆိုးကျိုးတွေပါပဲ။

နောက်ဆုံးအနေနဲ့ အနှစ်ချုပ်ပြောချင်တာကတော့ နွားနို့ဟာ ကျန်းမာရေးအတွက် တကယ်အကျိုးများပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မဟုတ်ပါဘူး။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။