ရာသီခွင်အလိုက် ကံကောင်းစေတဲ့အဆောင်ပစ္စည်းများ

လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက ကံကောင်းခြင်းတွေ ဖိတ်ခေါ်ဖို့ လူတွေဟာ အဆောင်လက်ဖွဲ့လေးတွေ ဆောင်လေ့ ရှိကြပါတယ်။ ဘိုးဘေးတွေရဲ့ အမွေအနှစ်တစ်ခုအဖြစ် ဒီအဆောင်လက်ဖွဲ့တွေကို ယနေ့အချိန်ထိ လူမှုအသိုင်းအဝိုင်းထဲမှာ ယုံကြည်စွာ အသုံးပြုနေကြတုန်းပါပဲ။ ကံကောင်းစေတဲ့အဆောင်တွေက ရာသီခွင်အလိုက် မတူကြပါဘူး။ ဒါကြောင့် သင့်ရာသီခွင်အရ ဘယ်လိုပစ္စည်းကို ကံကောင်းစေဖို့ ဆောင်ထားရမလဲဆိုတာ ရှာဖွေကြည့်လိုက်ပါ။

Aries (မိဿရာသီဖွား)

Image result for key

ရာသီခွင်တွေထဲမှာ အလုပ်အကြိုးစားဆုံး ရာသီခွင်ဖြစ်တဲ့အလျောက် မိဿရာသီဖွားတွေဟာ သူတို့လိုချင်တာကို မရမချင်း အခက်အခဲဘယ်လောက်ပဲရှိရှိ ရအောင်ကျော်ဖြတ်လေ့ ရှိကြပါတယ်။ ဒါကြောင့် မိဿရာသီဖွားတွေရဲ့အဆောင်ကတော့ သော့ပါ။ ရှေးရောမတွေဟာ သော့ဆိုတာ ကောင်းကင်ဘုံကအစ စကြဝဠာအဆုံး ဘယ်တံခါးကို မဆို ပွင့်စေနိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ခံယူထားကြတာပါ။ ဒါ့အပြင် သော့ဟာ ကျန်းမာခြင်း၊ အောင်မြင်ဖြစ်ထွန်းခြင်း၊ ဥစ္စာဓနကြွယ်ဝခြင်းဆိုတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။

Taurus (ပြိဿရာသီဖွား)

Image result for number 7

ပြိဿတွေဟာ ကိန်းကဏန်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေ ဖြစ်တဲ့အတွက် နံပါတ်(၇)ဟာ ပြိဿရာသီဖွားတွေအတွက် ကံကောင်းခြင်းအဆောင် ဖြစ်ပါတယ်။ ယဉ်ကျေးမှုအဆက်ဆက်မှာ နံပါတ်(၇)ဆိုတာ ကံကောင်းခြင်းများစွာ သက်ဝင်နေတယ်လို့ ယုံကြည်ထားကြတာပါ။ ကိန်းဂဏန်းအရဆိုရင်လည်း နံပါတ်(၇)ကို အရမ်းအင်အားကြီးတဲ့ ဂဏန်းတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ရှေးဂရိလူမျိုးတွေကလည်း နံပါတ်(၇)ကို အပြည့်စုံဆုံးဂဏန်းအဖြစ် သတ်မှတ်ထားကြပါတယ်။ 

Gemini (မေထုန်ရာသီဖွား)

Image result for fluffy dice

ခေတ်နဲ့အညီနေထိုင်တတ်တဲ့ မေထုန်တွေအတွက် အမွေးပွ အံစာတုံးကတော့ ကံကောင်းခြင်းအဆောင်ပါပဲ။ အမွေးပွ အံစာတုံးဟာ ဒုတိယကမ္ဘာစစ်တုန်းက စစ်လေယာဉ်မှူးတွေဟာ ကံကောင်းခြင်းအဆောင်အဖြစ် အသုံးပြုခဲ့ကြတာပါ။ ယနေ့အချိန်ထိလည်း အိပ်ခန်းတွေ ကားတွေမှာ အလှဆင်တဲ့ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနေကြဆဲပါပဲ။ တကယ်လည်း ကံကောင်းခြင်းတွေ ဖြစ်ပေါ်စေတယ်လို့ယုံကြည်နေကြဆဲပါ။ ဒါကြောင့် ဘယ်တော့မှ ဒိတ်မအောက်သွားတဲ့ အမွေးပွ အံစာတုံးကတော့ မေထုန်တွေအတွက်ပါ။

Cancer (ကရကဋ်ရာသီဖွား)

Related image

ဂရုစိုက်တတ်ပြီး ချစ်ခြင်းနဲ့ပြည့်ဝတဲ့ ရာသီခွင်ဖြစ်တာကြောင့် တကယ့်သက်ရှိတွေဟာ ကရကဋ်ကို ကံကောင်းစေတဲ့အရာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကရကဋ်အတွက် ကံကောင်းစေမှာကတော့ Lady Bugs ပါ။ ယဉ်ကျေးမှုများစွာမှာ Lady Bugs ကို ကံကောင်းစေတဲ့ တိရိစ္ဆာန်အဖြစ် သတ်မှတ်ထားကြတာပါ။ ဂျာမာန်တွေဆိုရင် Lady Bugs ကို Lucky Bugs လို့တောင် ခေါ်ပါတယ်။ အနီရောင်ပိုရင့်လေ ပိုပြီးကံကောင်းလေ ဖြစ်ပါတယ်။ ကံကောင်းစေတယ်ဆိုလို့ ဖမ်းပြီး ဖန်ပုလင်းထဲ ထည့်ထားဖို့ပြောတာမဟုတ်ပါဘူး။ Lady Bugs သင့်အပေါ်မှာ နားစေရုံနဲ့ ကံကောင်းမှာပါ။

Leo (သိဟ်ရာသီဖွား)

Related image

ရာသီခွင်ထဲမှာ ကျောက်မျက်အရိုင်းတုံးတွေနဲ့အကျိုးပြုဆုံးကတော့ သိဟ်ရာသီဖွားတွေပါ။ သိဟ်ရာသီဖွားတွေဟာ လူပုံအလယ်မှာထင်ရှားချင်သူတွေ ဖြစ်တဲ့အတွက် တောက်ပတဲ့အရာတွေမျိုးတွေက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ကျောက်မျက်အရိုင်းတုံးတွေထဲမှာမှ ကံကောင်းခြင်းသင်္ကေတကိုဆောင်တဲ့ ပယင်းကျောက်၊ နီလာကျောက်တွေကို ဆောင်ပါ။

Virgo (ကန်ရာသီဖွား)

Related image

စိတ်ထိခိုက်လွယ်ပြီး သတိကြီးတဲ့ ကန်ရာသီဖွားတွေအတွက် အကာအကွယ်ဖြစ်မယ့်အဆောင်ကတော့ Evil Eye ပါ။ မကောင်းတဲ့လူတွေ၊ မကောင်းတဲ့စွမ်းအင်တွေကနေ သင့်ကိုကာကွယ်ပေးပါလိမ့်မယ်။ ရှေးအယူအဆတွေအရ Evil Eye ဟာ ကိုယ့်ကိုယ် မနာလို၊ အကောက်ကြံသူတွေကို တန်ပြန်နာကျင်စေတယ်လို့ ယုံကြည်ထားကြပါတယ်။ 

Libra (တူရာသီဖွား)

Image result for triangle tattoo

ညီမျှခြင်းရဲ့သင်္ကေတဖြစ်တဲ့ တူရာသီဖွားတွေအတွက် ကံကောင်းခြင်းအဆောင်ကတော့ တြိဂံပါ။ ယဉ်ကျေးမှု တော်တော်များများမှာလည်း တြိဂံကို သိသိသာသာကံကောင်းစေတဲ့ ပုံနိမိတ်အဖြစ် သတ်မှတ်ထားကြပါတယ်။ ရှေးခေတ်တုန်းကဆိုရင် တြိဂံကို ဘဝသံသရာလည်တဲ့သင်္ကေတ၊ မွေးဖွားခြင်းမှ သေဆုံးခြင်းသင်္ကေတ၊ လူသားနဲ့နတ်ဘုရားတွေကြားက ဆက်သွယ်မှု၊ ဒီကမ္ဘာနဲ့နောက်တစ်ကမ္ဘာ ဆက်နွယ်မှုအဖြစ် ယုံကြည်ထားကြတာပါ။ တြိဂံဟာ ညီညွတ်မျှတတည်ငြိမ်ခြင်းအသွင်ကို ဆောင်ပါတယ်။

Scorpio (ဗြိစ္ဆာရာသီဖွား)

Related image

ဒီရာသီဖွားတွေအတွက် သိပ်ပြီး သိမ်မွေ့နူးညံ့တဲ့ အဆောင်မျိုးတွေနဲ့ အဆင်မပြေပါဘူး။ ကြီးမားသော၊ ကျယ်လောင်သော၊ ဂုဏ်ယူစရာတစ်ခုဖြစ်သော စတဲ့ သင်္ကေတာကို ကိုယ်စားပြုတဲ့ မြင်းခွာကို ကံကောင်းခြင်းအဆောင်အဖြစ် အသုံးပြုရပါမယ်။ မြင်းခွာဟာ မကောင်းတဲ့စွမ်းအင်နဲ့ဝိညာဉ်ဆိုးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မြင်းခွာပုံစံကို သုံးတဲ့အခါ “U” ပုံသဏ္ဍာန် ဖြစ်နေဖို့အရေးကြီးပါတယ်။ U သင်္ကေတက သင့်အတွက် ပေါများကြွယ်ဝခြင်းတွေကို ယူဆောင်လာပါလိမ့်မယ်။

Sagittarius (ဓနုရာသီဖွား)

Image result for bunny foot

ဓနုရာသီဖွားတွေဟာ စိတ်နှလုံးနူးညံ့ပြီး ပွင့်လင်းရိုးသားသူတွေဖြစ်တဲ့အတွက် အမွေးပွယုန်လေးတွေရဲ့ ခြေထောက်ကို အဆောင်အဖြစ် အသုံးပြုသင့်ပါတယ်။ ဒဏ္ဍာရီတွေအရ ယုန်ရဲ့ဘယ်ခြေထောက်ဟာ မကောင်းဆိုးဝါး စွမ်းအင်တွေဆီက ကာကွယ်ပေးပါတယ်။ ဒါကြောင့် ယုန်ခြေထောက်အတုလေးတွေကို Key Chain အဖြစ် ဆောင်ထားခြင်းအားဖြင့် အန္တရာယ်တွေကနေ ကာကွယ်နိုင်ပါတယ်။

Capricorn (မကာရရာသီဖွား)

Related image

အဖက်လေးဖက်ပါတဲ့ Clover ရွက်လေးတွေဟာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ကျန်းမာခြင်း၊ ကျော်စောခြင်း၊ အထူးသဖြင့် ချမ်းသာကြွယ်ဝခြင်းတွေကို သယ်ဆောင်လာပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတတ်တဲ့ ရာသီခွင်ဖြစ်တာကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ Clover ရွက်လေးက မကာရရာသီဖွားအတွက် ကံကောင်းခြင်းအဆောင် ဖြစ်ပါတယ်။

Aquarius (ကုံရာသီဖွား)

Related image

မူလန်ကာတွန်းကားကြည့်ဖူးတယ်ဆိုရင် ပုရစ်ကောင်လေးတွေက ကံကောင်းစေတဲ့အကောင်လေးဆိုတာ သိကြမှာပါ။ အချို့သောအာရှနိုင်ငံတွေမှာ ပုရစ်တွေကို စောင့်ရှောက်သူတွေအဖြစ် သတ်မှတ်ထားကြတာပါ။ ဘာလို့လဲဆိုတော့ အန္တရာယ်တစ်ခုခု ကြုံရတော့မယ်ဆိုရင် ပုရစ်တွေ မအော်တော့ဘဲ ငြိမ်သွားတတ်လို့ပါ။ အရာရာကို သိပ်ပြီး အလေးအနက်မထား၊ ဂရုမစိုက်တတ်တဲ့ ကုံရာသီဖွားတွေအတွက် ပုရစ်က အသင့်တော်ဆုံး အဆောင်လက်ဖွဲ့ပါပဲ။ ပုရစ်အကောင်လိုက် မွေးမထားချင်ရင်လည်း ပုရစ်ပုံလေးတွေ ဆောင်ထားလို့ရပါတယ်။ 

Pisces (မိန်ရာသီဖွား)

မိန်ရာသီဖွားတွေအတွက် စိတ်ကူးအိပ်မက်တွေဟာ အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် အိပ်မက်ဆိုးတွေ မမက်စေဖို့နဲ့ အိပ်မက်ကောင်းတွေ ရောက်လာစေဖို့ Dream Catcher လေးကို ဆောင်ထားသင့်ပါတယ်။ Dream Catcher ရဲ့သဘောတရားက အိပ်မက်ဆိုးတွေ သင့်ဆီရောက်မလာခင် သူက ပင့်ကူအိမ်တွေလိုမျိုး အဆိုးတွေကို ဖမ်းပေးထားတာပါ။ ဒါကြောင့် Dream Catcher ကိုဆောင်ထားခြင်းအားဖြင့် ပိုပြီးပျော်ရွှင်တဲ့၊ ပိုပြီးသက်တောင့်သက်သာရှိတဲ့၊ ပိုပြီးညီညွှတ်မျှတတဲ့၊ ပိုပြီးကံကောင်းတဲ့ ဘဝကို ရရှိမှာပါ။

Ref; www.thetalko.com, www.speakingtree.in

By Paulina