ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံမှ အများပြည်သူသိရှိနိုင်စေရန် ကြေညာချက်တစ်ခု ထုတ်ပြန်

မကြာသေးခင်က လူမှုကွန်ယက်ပေါ်မှာ အိမ်ဂရန်ပေါင်နှံတဲ့ အိမ်တွင်းရေးပြဿနာကြောင့် ပရိသတ်များစွာရဲ့ ဝေဖန်တိုက်ခိုက်ခြင်းကို ပြင်းထန်စွာ ခံလိုက်ရတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ယနေ့အချိန်မှာ မဟုတ်မမှန်သတင်းများနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသူများအတွက် ကြေညာတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကြေညာချက်ထဲမှာ “ ဖြစ်ရပ်မှန်ကို မသိမမေးမြန်း၊ မစုံစမ်းဘဲ ထင်ရာမြင်ရာ လူအထင်ကြီးအောင် ကိုယ်တိုင်ရေးသားခြင်း၊ အကောင့်တုများဖြင့် ရေးသားခြင်း၊ Like ၊ Comment ၊ Share ခြင်းများ မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက (၂၀၁၇)ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ  လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေး ဥပဒေပုဒ်မ (၁၀)နဲ့ ပုဒ်မ (၁၂) တို့အရ လည်းကောင်း၊ (၂၀၁၃)ခုနှစ် ဆက်သွယ်ရေး ပုဒ်မ (၆၆/ဃ)အရ လည်းကောင်း၊ (၂၀၁၄)ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ (၃၄)အရ လည်းကောင်း၊ တရားရုံးရဲ့ အဆုံးအဖြတ်ကို ခံယူရန်အတွက်၊ အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ တရားတပေါင် ရင်မဆိုင်ကြရဘဲ မိသားစုနဲ့ အေးချမ်းစွာ နေထိုင်ကြရန် စေတနာကောင်းဖြင့် မွန်မြတ်စွာ သတိပေးတားမြစ်လိုက်ပါသည် ” ဆိုပြီး နိုင်ငံပိုင် သတင်းစာထဲမှာ ထည့်သွင်း ရေးသားဖော်ပြထားပါတယ်။

တကယ်လို့ အထက်ဖော်ပြချက်တွေကို လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဆိုတာကိုလည်း ပိုင်ဇေရဲထွန်းတို့ဘက် တရားဝင် အသိပေးလိုက်တာပဲဖြစ်ပါတယ်။

Source; Tar Tar FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။