Crush ကို ဒီလိုနည်းလမ်းတွေနဲ့ ဘယ်တော့မှ အထာမပေးမိပါစေနဲ့

Crush က ကိုယ့်ကိုယ် ပိုပြီး သတိထားမိလာစေဖို့၊ ပိုစိတ်ဝင်စားလာအောင်လို့ လုပ်ဖူးကြမှာပါ။ ဒါက စိတ်လှုပ်ရှားစရာလည်းကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့ သေချာတာတစ်ခုက ပျော်ဖို့သက်သက်တော့ အထာပေးကြတာ မဟုတ်ပါဘူး။ Crush က ကိုယ့်ကိုယ် ပြန်ချစ်လာစေချင်လို့ဆိုတဲ့ အချက်က အဓိကပဲ မဟုတ်လား။ တစ်ခါတလေမှာ ကိုယ်ကတော့ ကောင်းမယ်ထင်လို့လုပ်လိုက်ပေမယ့် တစ်ဖက်လူရဲ့အမြင်မှာ စိတ်ပျက်သွားစေနိုင်တဲ့ အပြုအမူတွေရှိပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ် ပြန်မချစ်တဲ့အပြင် ထွက်ပြေးချင်စိတ်ပါ ပေါက်သွားတတ်ပါတယ်။ ဒါကြောင့် Crush ကို အထာပေးတဲ့အခါ ဒီအချက်တွေကို ရှောင်ပါ။

၁) လိုတာထက်ပိုပြီးဝေမျှတာ

Image result for talking weird gif

ခုမှ စပြီး အထာပေးမယ့် Crush ကို သင့်ဘဝရဲ့ ဖြစ်ကြောင်းကုန်စင် ပြောပြတာမျိုး လုံးဝမလုပ်ရပါဘူး။ အခုမှ ရေကူးစသင်မယ့်သူကို ရေကန်ထဲ ကန်ချလိုက်တာနဲ့ တူသွားပါလိမ့်မယ်။ အခုမှ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ကြိုးစားနေချိန်မှာ ကိုယ့်ရဲ့အကောင်းအဆိုးမှန်သမျှချပြတာမျိုး မလုပ်သင့်ပါဘူး။ စစခင်မင်ချင်းမှာ အူကြောင်ကြောင်နိုင်တဲ့ ကိစ္စတွေကို ဘယ်သူကမှ နားမလည်ပေးနိုင်ပါဘူး။ သိသင့်တယ်ထင်တာလောက်ပဲ နည်းနည်းပါးပါး ဝေမျှပါ။

၂) သင့်ပုံစံကို ဖုံးကွယ်ထားတာ

Related image

လူတိုင်းက ကိုယ်သဘောကျတဲ့သူရှေ့မှာဆိုရင် ပစ်မျိုးမှဲ့မထင်၊ အရမ်းကို ပြီးပြည့်စုံတဲ့သူမျိုး ဖြစ်ချင်ကြပါတယ်။ Crush ကြိုက်မယ်အထင်နဲ့ ကိုယ်လုပ်နေကျမဟုတ်တဲ့အရာတွေလုပ်တာ၊ ကိုယ်ပြောနေကျမဟုတ်တဲ့စကားတွေ ပြောတာက လုံးဝ အထာမကျပါဘူး။ ဘယ်သူမဆို ဟန်ဆောင်မှုတွေကို မကြိုက်ကြပါဘူး။ သင့်ကို ကြိုက်စေချင်တာလား၊ သင်ဟန်ဆောင်ထားတဲ့ပုံကို ကြိုက်စေချင်တာလားဆိုတာ သေချာပြန်စဉ်းစားပါ။ ဟန်ဆောင်မှုဆိုတာ အချိန်အတိုင်းအတာ တစ်ခုအထိပဲ ဖုံးထားလို့ရမယ်မဟုတ်လား။

၃) တစ်ဖက်လူကို ဂရုမစိုက်တာ

Image result for talking weird gif

ခုမှ တစ်ယောက်နဲ့တစ်ယောက် သိဖို့ကြိုးစားနေပါတယ်ဆိုမှ သင့်အကြောင်းတွေချည်းပဲ စွတ်ပြောနေရင် အဆင်ပြေမနေဘူးလေ။ ဘယ်လောက်ပဲ နားထောင်ပေးနိုင်တဲ့သူဖြစ်ဖြစ် သင်ဒီလိုသာလုပ်နေမယ်ဆိုရင် နောက်တစ်ခါ ဘယ်တော့မှ သင်နဲ့တွေ့တော့မှာ မဟုတ်ပါဘူး။ သင်ဘယ်လောက်ပဲ စကားပြောကောင်းပါစေ တစ်ဖက်လူရဲ့ စကားကိုလည်း ပြန်နားထောင်ပေးဖို့လိုပါတယ်။ Talky တွေ ပစ်ကျွေးတိုင်းလည်း Crush က ကြွေတာမဟုတ်ပါဘူး။

၄) ရယ်လွန်းတာ

Image result for giggle gif

ရယ်ပါ။ ရယ်တာကောင်းပါတယ်။ လူတွေက ဟာသပြောတဲ့အခါ သူတို့ဟာသတွေကို ရယ်တာ သဘောကျပါတယ်။ ဒါပေမဲ့ ရယ်စရာမရှိလည်း တစ်ချိန်လုံး ရယ်နေကျတော့ မျက်နှာရူးနေတာနဲ့ တူပါတယ်။ နောက်တစ်ခုက တခစ်ခစ်ရယ်တာ။ ပုံမှန်ဆိုရင်တော့ ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဘာမှမဟုတ်ဘဲ ငါးမိနစ်ခြားတစ်ခါလောက် တခစ်ခစ်လုပ်နေတာကျတော့ Crush က ဂေါက်နေတယ်လို့ ထင်သွားပါလိမ့်မယ်။

၅) ချေလွန်းတာ

Image result for cocky gif

တချို့ရှိပါတယ်။ Crush ကို ပြန်ချေတာ။ ခပ်တည်တည်နေပြီး ကိုယ့်အထာနဲ့ကိုယ်နေတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မျက်နှာကြီးအတည်လွန်ပြီး စိတ်ကြီးဝင်နေတဲ့ ပုံစံမျိုးကျတော့ Crush က လန့်ပြီး ထွက်ပြေးသွားပါလိမ့်မယ်။ နောက်ပြီး စကားကြီးစကားကျယ်တွေ ပြောတာမျိုးလည်း ရှောင်ရပါမယ်။ Crush သင့်ကို အထင်ကြီးအောင် အဲလို လျှောက်ပြောနေပေမယ့် Crush စိတ်ထဲမှာတော့ သင့်ကို လေကြီးဖင်ကျယ် လုပ်နေတယ်လို့ ထင်သွားပါလိမ့်မယ်။

၆) စိတ်မဝင်စားချင်ယောင်ဆောင်တာ

Image result for cocky gif

တစ်ခါတလေမှာ ကိုယ်သူ့ကိုအရမ်းချစ်နေတာ မသိစေချင်တဲ့အတွက်ကြောင့် Crush ကို စိတ်မဝင်စားချင်ယောင်ဆောင်တတ်ကြပါတယ်။ အဲလိုလုံးဝမလုပ်ပါနဲ့။ ဒီနည်းက သင့်ကို Crush နဲ့ ပိုဝေးကွာသွားစေပါတယ်။ သင် Crush နေတာကို သင်အရိပ်အယောင်မပြဘဲ အလိုလိုသိနေရအောင် သူက အကြားအမြင်ဆရာလည်း မဟုတ်ဘူးလေ။ ဘယ်သူမဆို ကိုယ့်ကိုယ်ဘယ်သူစိတ်ဝင်စားနေလဲဆိုတာ သိချင်ကြတာပဲ။ အဲလိုသိပြီးရင်လည်း သူစိတ်ဝင်စားရင်တော့ ပြန်ကြိုက်မှာပေါ့။

၇) ရည်းစားဟောင်းအကြောင်းပြောတာ

Image result for talking about ex gif

Crush ကို အထင်ကြီးစေချင်လို့ အရင်ရည်းစားကိုဘယ်လိုနိုင်ကြောင်းပြောတာ (သို့မဟုတ်) Crush က ကိုယ့်ကို သနားစေချင်လို့ အရင်ရည်းစားမကောင်းကြောင်းတွေပြောတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီလိုပြောဆိုနေတာက အရင်ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့ပုံစံမျိုး ဖြစ်စေသလို၊ အတင်းပြောတတ်တဲ့သူတစ်ယောက်လို့လည်း မြင်သွားနိုင်ပါတယ်။

၈) Social Media နဲ့အပြင်နဲ့ တခြားစီဖြစ်နေတာ

Related image

အားလုံးသိတဲ့အတိုင်းပဲ Camera Effect, Makeup Effect တွေ အရမ်းကို သုံးလာတဲ့ခေတ်မှာ Social Media နဲ့ လက်တွေ့က မတူကြတော့ပါဘူး။ ဥပမာ-သင့်Crush က သင့်ကို အပြင်မှာ မတွေ့ဖူးဘူး။ သင်က Facebook မှာ Effect မျိုးစုံသုံးပြီးပုံတင်တယ်။ အပြင်မှာ Crush နဲ့တွေ့တဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှု ရှိနိုင်ပါအုံးမလား။ 

၉) သဝန်တိုအောင်လုပ်တာ

Image result for bad idea gif

တခြားသူတွေနဲ့ တွဲသွားတာမြင်ရင် Crush များ သဝန်တိုမလားဆိုပြီး Crush ရှေ့မှာ အခြားကောင်လေးတွေနဲ့ ပရောပရီလုပ်တာမျိုး ရှောင်ပါ။ စိတ်ဝင်စားမှုမရတဲ့အပြင် သင်ဟာ လွယ်တဲ့သူ၊ ကိုယ်ကျင့်သိက္ခာမရှိတဲ့သူလို့ ထင်သွားနိုင်ပါတယ်။ 

Ref; www.thetalko.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။