ဟိုအရင်ခေတ်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ အလှအပဆိုင်ရာ ပစ္စည်းကိရိယာများ

အခုခေတ်မှာ မိန်းကလေးတွေအသုံးပြုကြတဲ့ ခေတ်သစ်အလှအပပစ္စည်း အတော်များများဟာ အခုနောက်ပိုင်း မှ ထွက်ပေါ်လာခဲ့တာ မဟုတ်ပါဘူး။ တချို့ပစ္စည်းတွေဆိုရင် လွန်ခဲ့တဲ့ နှစ်တစ်ရာနီးပါးလောက်ကတည်းက ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကွာခြား သွားတာကတော့ အရင်ကတည်းက ရှိခဲ့တဲ့ပစ္စည်းတွေဟာ ခေတ် အခြေအနေအရ သုံးရခက်မှာ အခုခေတ်မှာတော့ upgrade ဖြစ်သွားတာကြောင့် အသုံးပြုရတာ ပိုမိုလွယ်ကူလ လာပါပြီ။


အခုခေတ်သုံးနေကျတဲ့ အလှအပဆိုင်ရာ ပစ္စည်းကိရိယာတချို့ကို လွန်ခဲ့တဲ့နှစ်တစ်ရာနီးပါးက ပေါ်ပေါက်ခဲ့တဲ့ old version နဲ့ ယှဉ်ပြမယ်ဆိုရင် အထူးအဆန်းဖြစ်နေမှာ သေချာပါတယ်။


၁။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင်လောက်ကတည်းကး ပလတ်စတစ်ဆာဂျရီလုပ်တာနဲ့ ခပ်ဆင်ဆင်ပုံစံမျိုး ရှိခဲ့ဖူးပြီး မျက်နှာသွယ်လျအောင် ဖန်တီးခဲ့ကြပါတယ်။ အခုခေတ်မှာရင်တော့ V-Shape လို့ ဆိုရမှာပါပဲ။ အခုနောက်ပိုင်း မှာတော့ အဲဒီလိုမျက်နှာပြင်ဆင်ပြောင်းလဲတာဟာ ပိုမိုသိသာထိရောက်မှုရှိလာပြီး ပိုလည်းလွယ်ကူလာပါတယ်။


၂။ မျက်နှာကို ပြန်လည်တင်းရင်းနုပျိုအောင် ပြုလုပ်ကြတဲ့ Rejuvenation လုပ်တဲ့ ပုံစံမျိုးဟာလည်း ၁၉၀၀ ပြည့်နှစ်ကာလတွေ ကတည်းက ရှိခဲ့ဖူးပါတယ်။ အခုခေတ်မှာတော့ အရင်တုန်းကလို ထူးထူးဆန်းဆန်း မျက်နှာဖုံးကြီးအသုံးပြုစရာမလိုတော့တာကြောင့် ခေတ်သစ်နည်းပညာတွေကို ကျေးဇူးတင်ရမှာပါပဲ။


၃။ သွားတွေညီညာလှပအောင် Brace တပ်ဆင်တာဟာလည်း ဟိုအရင်ကတည်းက ရှိခဲ့ဖူးတာပါ။ ဒါပေမဲ့ အရင် က Brace ဒီဇိုင်းဟာ နည်းနည်းရုပ်ဆိုးပြီး လန့်စရာကောင်းပေမဲ့ ဒီနေ့ခေတ်မှာတော့ ကြည့်ရတာ အတော်လေး အဆင်ပြေသွားပါပြီ။


၄။ နှုတ်ခမ်းနီတောင့်ပုံစံတွေကလည်း ရာစုနှစ်တလျှောက်မှာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး ပိုမိုလှပ ဆန်းသစ်မှု ရှိလာပါတယ်။


၅။ အနောက်တိုင်းက အသားဖြူလွန်းတဲ့ အမျိုးသမီးတွေဟာ အသားကို ဝါညိုရောင်လေးသန်းသွားအောင် tan လုပ်ကြတာမျိုး ရှိပါတယ်။ အဲဒီလိုပြင်ဆင်မှုဟာလည်း ဟိုအရင်ကတည်းက ရှိခဲ့ပါတယ်။


၆။ မျက်နှာပြင်ပေါ်က ပိတ်နေတဲ့ ချွေးပေါက်တွေကို ရှင်းလင်းသန့်စင်တာနဲ့ Blackhead ခေါ် ဆားဝက်ခြံတွေကို ဖယ်ရှားတာဟာ အခုခေတ်မှာ အလွန်လွယ်ကူတဲ့ အလှအပထိန်းသိမ်းမှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်ခေတ် ကတော့ အဲဒီလိုလုပ်ရတာ လုပ်ငန်းစဉ်များပြီး အချိန်အများကြီးယူရသလို ဒီခေတ်လိုလည်း မလွယ်ကူလှပါဘူး။


၇။ ဆံပင်ဖြောင့်စက်တွေ မပေါ်သေးခင်က ဆံပင်ကို မီးပူတိုက်ပြီး ဖြောင့်စင်းအောင်လုပ်ခဲ့ကြတယ်ဆိုတာ မယုံ မရှိပါနဲ့နော်။ တကယ်ကို မီးပူနဲ့ ဆံပင်ဖြောင့်ခဲ့ကြတာပါ။ အခုဆိုရင်တော့ ဆံပင်ဖြောင့်စက်လေးတွေကို အလှပြင်ဆိုင်တွေမှာတင်မကဘဲ အိမ်မှာပါဝယ်ထားပြီး အချိန်မရွေး အလွယ်တကူ ဖြောင့်နိုင်ပါပြီ။


၈။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က အဆီပိုတွေကို စုပ်ယူဖယ်ရှားဖို့အတွက် အရင်ခေတ်တုန်းက ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ရပေမဲ့ ဒီနေ့ခေတ်မှတော့ စက်ကလေးတစ်ခုနဲ့ အိမ်မှာ သက်သောင့်သက်သာလုပ်နိုင်ပါပြီ။


၉။ ဟိုးအရင်ခေတ်တုန်းက ဆံပင်ကောက်ဖို့ဆိုတာ ကောက်စက်ကြီးတစ်ခုနဲ့ အတော်လေးအလုပ်ရှုပ်ပြီး ကောက်ပေးတဲ့သူရော ကောက်တဲ့သူအတွက်ရော မလွယ်လှပါဘူး။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကိုင်ရလွယ်တဲ့ ကောက်စက်သေးသေးလေးတစ်ခုနဲ့ ရှိရုံနဲ့ လုံလောက်ပါပြီ။ ကိုယ့်အိမ်မှာနေရင်းတောင် ကောက်စက်လေးနဲ့ ကောက်နိုင်ပါတယ်။


၁၀။ အခုခေတ်မှာ hair dryer အမျိုးမျိုးပေါ်ပေါက်နေပြီ ဖြစ်တာကြောင့် ဆံပင်ကို လေအေးနဲ့ အခြောက်ခံချင်လား၊ လေပူနဲ့ အခြောက်ခံချင်လား၊ အဆင်ပြေပါတယ်။ ဆံပင်အခြောက်ခံတယ်ဆိုရင် အိမ်မှာနေရင်း မိနစ်ပိုင်း အတွင်းလုပ်နိုင်တဲ့ အရာပါ။ ဒါပေမဲ့ ၁၉၀၀ ပြည့်နှစ်လောက်တုန်းကတော့ ဆံပင်အခြောက်ခံဖို့ အဲဒီလောက် မလွယ်ကူပါဘူး။


အရင်ခေတ်က အလှအပသုံး ပစ္စည်းကိရိယာတွေနဲ့ အခုခေတ်ပစ္စည်းကိရိယာတွေကို နှိုင်းယှဉ်ကြည့်ပြီးပြီဆိုရင် တော့ ပျိုမေတို့ လွယ်လွယ်ကူကူ လှပနေနိုင်တဲ့အတွက် ခေတ်သစ်နည်းပညာတွေကို ကျေးဇူးတင်နိုင်ပါပြီ။


by Cherry Mon
Ref; Sarcasm

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။