နှာခေါင်းပုံစံ ကနေ သိရှိနိုင်မယ့် သင့်စိတ်နေစိတ်ထားများ

Long - Nosed  ( နှာခေါင်းရှည် ) 

နှာခေါင်းရှည်ပြီး အနည်းငယ်ကြီးတဲ့သူတွေက ရည်မှန်းချက်ကြီးကြတယ်။ အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်။ 

သူတို့တွေဘဝက အမြဲပြည့်စုံနေမယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပါတယ်။ 

Short - Nosed ( နှာခေါင်းတို ) 

နှာခေါင်းတိုတဲ့သူတွေကတော့ စိတ်ဆိုးလွယ်ကြတယ်။ သစ္စာရှိတယ်။ မိသားစုကို အရမ်းခင်တွယ်တတ်တဲ့သူမျိူးပါ။ 

Pointy  Noses ( နှာတံရှည်သွယ်) 

သူက နှာတံရိုးရှည်ပြီး ချွန်တဲ့ပုံစံပါ။ သူတိုက ပိုက်ဆံကိုချွေတာပြီး စီစစ်သုံးစွဲတတ်သလို သူများတွေကိုလည်း ပိုက်ဆံကို စနစ်တကျသုံးဖို့ အမြဲပြောတယ်။ သူက အရာရာကို အရမ်းစည်းကမ်းတကျရှိပြီး အကောင်းဆုံးဖြစ်အောင် လုပ်နိုင်ကြတယ်။ 

Greek Noses ( နှာတံချွန်ပြီးဖြောင့်စင်း ) 

နှာတံရိုးဖြောင့်စင်းတယ် ပြီးတော့ ပိုပြီး ချွန်တဲ့ နှာခေါင်းမျိုးပါ။ ဒီလို နှာတံကအရမ်းကိုထူးခြားပြီး သူတို့ကလည်း ညဏ်ရည်ညဏ်စွမ်းရှိတယ် ပါးနပ်ပြီး သဘောပေါက်လွယ်တယ် ။ အများက ယုံကြည်အားထားရတယ်။ 

Button Noses ( နှာခေါင်းလုံး ) 

နှာခေါင်းထိပ်လေး လုံးနေတဲ့သူမျိုးကတော့ အကောင်းမြင်တတ်တယ်။ အရမ်းချစ်တတ်တယ်။ ဂရုတစိုက်ရှိတယ်။ အများကသူကို မြင်လိုက်တိုင်း စိတ်ကြည်နူးဖွယ် မျက်နှာမျိုးပိုင်ဆိုင်ထားရတယ်။ 

Big Nostrils ( နှာခေါင်းပွ ၊ နှာခေါင်းပေါက်ကျယ် ) 

နှာခေါင်းပေါက်ကျယ်ကြတဲ့သူတွေပါ။ သူတို့ကအသုံးဖြုန်းကြီးတယ်ထင်ရပေမဲ့ တကယ်တော့ စုဆောင်းချွေတာတတ်သူပါ။ လူတစ်ယောက်ကသူ့ကိုဆက်ဆံလိုက်ပြီဆို ဘယ်တော့မှ ဆက်ဆံရေးမပျက်သွားစေရပါဖူး ။ 

သင်ကရော ဘယ်လို နှာခေါင်းပုံစံမျိုးလဲ 

Sources- Bright Side 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။