ပိန္နဲသီးဖြင့်ချက်ပြုတ်နိုင်သော ဟင်းချက်နည်း ၈ မျိုး

ပိန္နဲသီးတွေ ပေါလာပြီဆိုတော့ အိမ်ရှင်မတွေအတွက် ပိန္နဲသီးနဲ့ ပက်သက်ပြီး လျှာလည်သွားစေမယ့် ချက်နည်းလေးတွေ ရှာဖွေ စုစည်းပြီး တင်ပေးလိုက်ပါတယ်နော်။ မူရင်းတင်ပေးထားကြတဲ့ အိမ်ရှင်မတွေတစ်ယောက်ချင်းစီကို credit ပေးပါတယ်။

ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးကို ဆား နနွင်း ငပိ အားလုံးနဲနဲဆီပါရုံ ထည့်ပြီး ရေထည့်နူးအောင်တည်ပါ နူူးလာရင် ကြက်သွန်ဖြူ လိုသလောက်ထောင်းထည့် ဆီ အနံ့ပါတယ်ဆိုရုံလေး ထည့် ပြန်အုပ်ထားပါ ရေနည်းနည်းကျန်ရင် ငါးနီတူခြောက်ထည့် နူးရင် ဆူူးပုတ်ရွက်ထည့်ပါ

ငရုပ်ကြမ်းမှုန့် ငရုပ်သီးစိမ်း ကြိုက်ရင် ထည့်လို့ရပါတယ်

Credit : Shwe Htar

ပိန္နဲသီးရခိုင်ချက်

ပိန်းနဲသီးကွင်းလေးတေကိုရေဆေးပီးသင့်တော်သလိုတုံးထားပါ ငြုပ်သီးစိမ်းလှော်ပီးထောင်းထားပါ ကိုင်းခရမ်းချဉ်သီးပါးပါးလှီးထားပါ ပုဇွန်ငပိ ရေဖျော်ပီးစစ်ထားပါ အားလုံးပီးတော့ ချက်မယ့်အိုးထဲကို အကုန်ထည့်ရေနွေးပါပိန်းနဲသီးမြုပ်အောင်ထည့်ဟင်းခပ်မှုန့်ထည့်ပီး အိုးအဖုံးပိတ်ပီးတည်ထားပါ ပိန်းနဲသီး မနူးမချင်းရေနွေးကိုနဲနဲစီထည့်ပေးပါ နူးရင်အပေါ့အငန်မြည်းလိုတာဖြည့်ပီးမီးပိတ် ပီးဆူးပုတ်ရွက်ရေဆေးထားတာအုပ်လိုက်ပါ

Credit : Htike Yin Win

ပိန္နဲသီးဟင်း

ပါဝင်ပစ္စည်းများ

- ပိန္နဲသီး ၃ ကွင်း

-ငရုတ်သီးပင်နံသီးခြောက် ၁၀ တောင့်

- ဆူးပုတ်ရွတ် ၁ စည်း

- ဆား

- ဟင်းခတ်မှုန့်

- နနွင်းမှုန့်

-ကြက်သွန်ဖြူ ၃ မွှာ

ပထမဆုံး ပိန္နဲသီးကို အခွံနွှာထားပါ အတုံးငယ်လေးတွေတုံးပြီး ရေစိမ်ထားပါ ငရုတ်သီးထောင်းထားပါ ကြက်သွန်ဖြူထောင်းထားပါ

အိုးထဲသို့ လှီးထားသော ပိန္နဲသီး ကြက်သွန်ဖြုနဲ့ ငပိလက်တစ်ဆစ်ခန့်ထည့်ပါ ဆီအနည်းငယ်ထည့်ပါ ဆားအချိုမှုန့် နနွင်းမှုန့် ထည့်၍ အုပ်ထားပါ 

၃ မိနစ်ခန့်ကြာလျှင် မွှေပေးပါ ပိန္နဲသီးနွမ်းမှ ထောင်းထားသော ငရုတ်သီးကို ထည့်ပြီး မွှေပါ

ပိန္နဲသီးရေမြုပ်အောင် ထည့်ပြီး နူးသည်အထိ အုပ်ထားပေးပါ အရည်နှင့်စားလိုလျှင် ရေထပ်ထည့်နိုင်ပါတယ်နော် ကိုယ်လိုချင်တဲ့ အနေထားရောက်ပြီး ချခါနီးမှ ဆူးပုတ်ရွက်လေး ထည့်အုပ်ပေးပါရှင်

မှတ်ချက် - မေ့ချက်တာ အချိုမှုန့် ပါတယ်ဆိုယုံပဲ သုံးပါတယ်

Credit : chan can cook

ဝက်ရိုး+ပိန်းနှဲသီး+စွယ်တောရွက်+ဆူးပုတ်ရွက်ဟင်းရည်

၁။ဝက်ရိုး+ကြက်သွန်နီကိုပါးပါးလှီးပြီးပြုတိထားပါ။

၂။ဆား, ကြက်သားမှုန့်, ပဲပုတ်မှုန့်ထည့်ပါ။ ပိန်းနှဲသီးထည့်ပြီးနူးတဲ့အထိတည်ထားပါ။

၃။ပိန်းနှဲသီးနူးရင် စွယ်တော်ရွက်နဲ့ဆူးပုတ်ရွက်ထည့်ပါ။

၄။နောက်ဆုံးအနေနဲ့ကြက်သွန်ဖြူကိုတောက်တောက်စင်း, အရောင်တင်, နနွင်းတို့နဲ့ဆီသပ်ပြီးထည့်ပါ။ ဟင်းရွက်ထည့်လို့ဟင်းရည်ပြန်ပွက်ပြီးခဏနေရင်မီးဖိုပေါ်မှချလို့ရပ်ပြီ။

Credit : ဟင်းကောင်းကောင်းလေး-ချက်စားကြစို့

ဝက်သားပိန္နဲသီးဟင်း

ပိန္နဲသီး အနုလေးတွေကို တို့စားရုံမက ဟင်းချက်စားလဲ စားကောင်းပါတယ်နော်။ 

ဝက်သားမစားသူများ🐔🐓 ကြက်သားနဲ့လဲ ချက်လို့ရပါတယ်နော်။

🍲 ချက်နည်းကတော့ ဝက်သားကို ပုံမှန်ချက်သလိုပဲ ချက်ရုံပါပဲ။ ဒါပေမယ့် ပိန္နဲသီး ကို ဝက်သားနဲ့အရွယ်တူလောက် တုံးပြီး ဆီသတ်ကတည်းက တစ်ခါတည်း လုံးချက်ပါ။

ကျက်တဲ့အခါ ဘယ်ဟာ ဝက်သားတုံး ဘယ်ဟာ ပိန္နဲသီး လဲ ခွဲမရတော့ဘူးနော်။

စားရင်လဲ ပိန္နဲသီး က ဝက်သားလိုပဲ အမျှင်လေးတွေနဲ့ အသားလိုပဲ နူးနူးညံ့ညံ့နဲ့ စားကောင်းလှပါတယ်။

🐖🐷ဝက်သားနဲ့ကတော့ အလိုက်ဖက်ဆုံးပါ။

Credit : su's homemade pleasure

ပိန္နဲသီး တာလပေ့ါဟင်းချက်နည်း

ပါဝင်ပစ္စည်းများ

========

ပိန္နဲသီး.. အစိမ်း..၅၀သား

ပုဇွန်...၂၅ကျပ်သား

စပါးလင်..၂ပင်

မျှင်းငါးပိ...ထမင်းစားဇွန်းဝက်

ဆား....ထမင်းစားဇွန်းဝက်

ဆန်လှော်....၁၀သား

ငရုပ်သီးစိမ်း.....၁၅တောင့်ခန့်

ရေသန့်....၃လီတာ

ဆူးပုရွက်...အနေတော်..၂စည်းခန့်

ပင်စိမ်းရွက်...၂စည်း

ရုံးပတီသီး.. ၁၀တောင့်ခန့်

ပြုလုပ်ပုံအဆင့်ဆင့်

===========

ပထမဦးစွာ..ရေသန့်ကိုဆူအောင်တည်ပြီး ဆားထည့်ပါပြီးပါက

ပိန္နဲသီး နှင့် စပါးလင်ဓားပြားရိုက်ထည့်ပါ။

ပိန္နဲသီး နူသည်ထိပြုတ်ပေးပြီး မျှင်ငါးပိနှင့် ဆန်လှော်မှူန့်ထည့်ပါ။

ဆန်လှော်များကျက်လာပါက ပုဇွန်ကိုလှော်ထားတာထည့်ပါ။ရုံးပတီသီး ကိုအနေတော်ဖြတ်ထည့်ပါ။

ငရုပ်သီးစိမ်း ကြက်သွန်ဖြူထောင်းထည့်ပါ..

နောက်ဆုံးမှာပင်စိမ်းအုပ်ပြီးသုံးဆောင်နိူင်ပါပြီး။

ဆန်လှော်မှူန့်ဆိုတာက ဆန်ကိုလှော်ပြီးထောင်းထားတာကိုဆိုလိုတာပါ။

Thida Lay Lay

ပိန္နဲသီး မျှဉ်ပုစွန် ရခိုင်ချက် (လယ်ချက်)

ပိန္နဲသီးကို မြန်မာအများစုက ဝက်သားလေးနဲ့ ဆီပြန်လေးချက်စားတတ်ကြပါတယ် ..... ရခိုင်တွေကတော့ လယ်ချက်လေးကို ပိုကြိုက်ကြပါတယ် ............ 

ချက်နည်း ....

ပိန္နဲသီးကို အနေတော်တုံးလေးတွေ တုံးပြီး သေချာ ရေဆေးပါ ..... ပြီးရင် အိုးကင်းတစ်ခုထဲထည့်ပြီး ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးညှပ်ထည့်ပေးပါ ..... မျှင်ပုစွန် (ပုစွန်ဆိတ်) လေးတွေ ထည့်ပါ ..... ဆီအနည်းငယ်ထည့်ပါ ..... (ဆီ ပါရုံ တစ်စက် နှစ်စက်လေး ထည့်ပေးပါ ...) .. စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်ထည့်ပါ ..... ဆားအနည်းငယ်ထည့်ပါ ..... အိုးဖုံးလေး ဖုံးပြီး ချက်ထားပါ ... ဟင်းဆူပွက်လာပြီဆို စားချင်စဖွယ် အနံ့လေးထွက်လာပါလိမ့်မယ် ..... ပြီးရင်တော့ ဆူးပုပ်လေး ထည့်ပြီးအိုးဖုံးလေးပြန်ဖုံးပြီး အရည်လေးခမ်းအောင် ထားပေးလိုက်ပါတယ် ...... ကျွန်မကတော့ ကက်ကတစ် ငါးအသားကိုပါ ထည့်ထားတဲ့အတွက် ပိုချိုပါတယ် ..... တချို့ကတော့ မကျည်းနှစ်လေး ထည့်စားတတ်ပါတယ် ..... တကယ် အနံ့အရသာစားချင်စဖွယ် ဟင်းကောင်းလေး တစ်မျိုးပါ ...... 

ဆီသိပ်သုံးစရာမလိုတဲ့ ကျန်းမာရေးအတွက် ဟင်းလေးပါ ....... သဘောကျတယ်ဆိုရင်တော့ ချက်စားကြည့်ကြပါဦးရှင် ......

Credit :

ပိန္နဲသီးအစပ်ချက်

ထမင်းမြိန်တဲ့တန်ဖိုးနည်းဟင်းလေးတစ်ခွက်.... 😊😊😊

ပိန္နဲသီးအစပ်ချက်

ပိန္နဲသီး ကိုအူတိုင်

ဖယ်ပြီးအနေတော်အတုံးလေးတွေတုံးပြီးဆားရည်စိမ်ထားပါ

မဟုတ်ရင်ပြုတ်ပါ တချို့ဈေးသည်တွေကပိန္နဲသီးကိုဖွေးနေအောင်ချွတ်ဆေးစိမ်ကြလို့ပါ... 

ကြက်သွန်နီ /ဖြူထောင်းပါ

ပုဇွန်အချိုခြောက်မညက်တညက်ထောင်းပါ

ငပိအချိုအနည်းငယ်ရည်ဖျော်ထားပါ

ငရုပ်သီးစိမ်းအနည်းငယ်မညက်တညက်ထောင်းထားပါ

ဆုူးပုတ်ရွက်အနည်းငယ်

ချက်မယ့်အိုးထဲမှာဆီနဲနဲထည့်ပြီးကြက်သွန်ဖြူနီထောင်းထားတာဆီသပ်ပါမွှေလာရင်ပိန္နဲသီးထည့်အရသာမှုန့် ဆားထည့်

ငပိဖျော်ရည်ထည့် ငရုပ်သီးစိမ်း

ထည့်ပုဇွန်ခြောက်ထည့်ပြီး

ရေထည့်ပိန္နဲသီးနူးတဲ့အထိချက်ပါ နူးရင်အရည်လိုသလောက်ချန်

ပြီး ဆူးပုတ်ရွက်အုပ်ပါ

သုံးဆောင်လို့ရပါပြီ😊😊

Credit : NweNwe

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။