Gigi Hadid နဲ့ Kendell Jenner တို့ရဲ့အမွှာညီအမလို့ထင်ရစေတဲ့ပုံများ

   Gigi Hadid နဲ့ Kendell Jenner တို့ဟာအားလုံးသိတဲ့အတိုင်းအချစ်ဆုံးသူငယ်ချင်းတွေပါ… ။
သူတို့နှစ်ယောက်ကို မကြာခဏဆိုသလို တွဲပြီးတွေ့ရပြီး၊ တစ်ခါတစ်ရံမှာသူတို့နှစ်ဦးရဲ့ဖက်ရှင်တွေဟာ အနည်းငယ်တူညီနေသလိုဖြစ်ပြီး ညီအမတွေလို့တောင်ထင်ရစေပါတယ်…။   

၂၀၁၆ နိုဝင်ဘာလတုန်းက ပဲရစ်မှာပြုလုပ်တဲ့ Victoria’s Secret Fashion Show အပြီးမှာတွေ့ရတဲ့ သူတို့နှစ်ယောက်ရဲ့ပုံမှာ အင်္ကျီအဖြူ၊ ဂျင်းဘောင်းဘီအဖြူနဲ့ ဖက်ရှင်ကျစွာတွေ့မြင်ရမှာပါ…။

၂၀၁၆ ဇွန်လ၊ လန်ဒန်မှာလမ်းလျှောက်နေတုန်း တွေ့ရတဲ့ပုံလေးပဲဖြစ်ပါတယ်…။ အနက်ရောင်အင်္ကျီ၊အနက်ရောင်ဖိနပ်နဲ့၊ ခါးအမြင့်ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားတာတွေ့ရပါတယ်… ။

၂၀၁၅ မတ်လ၊ ပဲရစ်က Dinner ပွဲမှာတွေ့ရတဲ့ပုံလေးပါ…။ ပုံမှန်ထက်ကြီးတဲ့ခါးပတ်တွေကို ဝတ်ဆင်ထားတာတွေ့ရပါတယ်…။

၂၀၁၆ ဒီဇင်ဘာ၊ Los Angeles မှာတွေ့ရတဲ့ပုံလေးပါ… ။ဆံပင်ကိုစည်းထားပြီး Bomber Jecket ကိုဝတ်ဆင်ထားတဲ့ပုံစံက အမွှာညီအမတွေလိုမျိုး တကယ်ကိုတူတယ်လို့ထင်ရစေပါတယ်…

၂၀၁၅ နိုဝင်ဘာလ၊ သူတို့ရဲ့ပထမဦးဆုံး Victoria Fashion Show မှာတွေ့ရတဲ့ပုံလေးဖြစ်ပါတယ်…။

၂၀၁၅ အောက်တိုဘာ၊ New York မှာပြုလုပ်တဲ့ H&M ပွဲမှာ AllBlack Fashion အနေနဲ့တွေရတာပဲဖြစ်ပါတယ်…။

၂၀၁၅ ဇူလိုင်၊ Los Angeles မှာလမ်းလျှောက်ထွက်တုန်းကပုံလေးပါ…။ ခပ်မြင့်မြင့်ဆံထုံးနဲ့ မိုးပြာရောင်ဂျင်းဘောင်းဘီနဲ့ တကယ်ကိုလိုက်ဖက်တဲ့ ဖက်ရှင်မျိုးနဲ့တွေ့မြင်ရမှာပါ…။