ဝမ် 100 Billon ရှိတဲ့ပိုင်ဆိုင်မှုတွေကို တစ်ဝက်ဆီခွဲယူဖို့ သဘောတူလိုက်တဲ့ Song Joong Ki နဲ့ Song Hye Ko

လက်ထပ်ပြီးနောက်ပိုင်းမှာ Song Joong Ki နဲ့ Song Hye Ko တို့  နှစ်ဦး ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ အိမ်ခြံ ပိုင်ဆိုင်မှုတွေကို တစ်ဝက်စီခွဲယူမယ်ဖြစ်ကြောင်း တရားရုံး ရှေ့နေ့မှတဆင့် အတည်ပြုကြေငြာထားပြီလို့ သိရပါတယ်။ 

Song Joong Ki ဟာ လက်ထပ်ပြီးနောက်ပိုင်း ရရှိခဲ့တဲ့ အနုပညာငွေကြေး Won 40 Billon ကို Song Hye Ko ဆီမှာပဲ အပ်နှံထားခဲ့တာဖြစ်သလို Itaewon မှာ ရှိတဲ့ မင်္ဂလာလက်ဖွဲ့ တိုက်ခန်းအသစ်စက်စက်ကြီးကိုလည်း Song Hye Ko နာမည်နဲ့ဘဲ စာချုပ်ချုပ်ဆိုထားတာဖြစ်တယ်။

ဒါ့အပြင် Song Joong Ki ရဲ့ အပြင်စီးပွားဖြစ်တဲ့ အိမ်ခြံမြေဈေးကွက် ရဲ့ ရှယ်ယာအချို့ကိုလည်း စာချုပ်မှာ Song Hye Ko နာမည်နဲ့ လွဲအပ်ထားတာကြောင့် ပြန်လည်ပြီး အကုန်လွဲပြောင်းဖို့ Song Hye Ko က လုပ်ဆောင်နေပြီဖြစ်ပါတယ်။ 

Song Hye ko ရဲ့ ပိုင်ဆိုင်မှုရရှိမှာကတော့  seoul ရဲ့ ကွန်ဒို တိုက်ခန်း နဲ့  won 3 Billon အပန်းဖြေစံအိမ် , သူမအမေ လက်ရှိနေထိုင်တဲ့ 1.7 millon ကျော် တန်တဲ့ NewYork က အိမ် တို့ ဖြစ်ပါတယ်။  

နှစ်ဦးနှစ်ယောက်ကတော့ အတည်ပြုကွာရှင်းပြတ်စဲပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက် လှုပ်ရှားသွားမှာဖြစ်ပါတယ်။  song hye ko ကတော့ ခဏတာ New York မှာ သွားရောက်နေထိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။