ပြိုင်ဘက်ကစားသမားကို ခက်ခဲစွာအနိုင်ယူပြီး ဗိုလ်စွဲသွားပြန်ပြီဖြစ်တဲ့ သက်ထားသူဇာ

လူမှုကွန်ယက်ပေါ်မှာ အမြဲတမ်းဖော်ပြခြင်းခံရပြီး ပရိသတ်အချစ်တော်ဖြစ်လာတဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ ပြီးခဲ့တဲ့ Benin International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ပြိုင်ဘက်ပီရူးကစားသမားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရင်း အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံ့ဂုဏ်ဆောင် သက်ထားသူဇာဟာ ပွဲစဉ်တစ်လျှောက်လုံး ပြိုင်ဘက် ပီရူးကစားသမားကို ခက်ခဲစွာယှဉ်ပြိုင်ခဲ့ပြီး 17:21 ၊ 21:18 ၊ 21:14 တို့ဖြင့် အနိုင်ရဗိုလ်စွဲသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ပြည်သူ့အချစ်တော် နိုင်ငံဂုဏ်ဆောင် သက်ထားသူဇာဟာ ကြက်တောင်ရိုက်အားကစားကို အသက်(၇)နှစ်အရွယ်တည်းက သေသေချာချာ လေ့ကျင့်သင်ကြားခဲ့သူဖြစ်ပြီး ငယ်စဉ်တည်းက ဝါသနာအားကြီးခဲ့သူလည်း ဖြစ်ပါတယ်။

သူမအနေနဲ့ ကစားသမား ဘဝတစ်လျှောက်လုံးမှာ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေကတော့ အီဂျစ်အင်တာနေရှင်နယ် စီးရီးပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ နီပေါအင်တာနေရှင်နယ် စီးရီးပြိုင်ပွဲတွင် ဒုတိယဆု၊ အီရန်နိုင်ငံတကာ စိန်ခေါ်ပွဲမှာ တတိယဆုတွေကို ထိုက်တန်စွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခင်ကျရောက်တော့မယ့် ဂျပန်အိုလံပစ်ပြိုင်ပွဲ (၂၀၂၀)အတွက်လည်း ပါဝင်ယှဉ်ပြိုင်ဖို့ သူမအနေနဲ့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source; U Zaw Zaw FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။