သင့်မိန်းမကိုယ်လေးကို အနံ့အသက်ဆိုးစေတဲ့ အစားအစာများ

တစ်ခုခုစားပြီဆိုရင် ခန္ဓာကိုယ်အတွက် ဘာအကျိုးရှိမလဲဆိုပြီး စားလေ့ရှိကြပေမယ့် အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ လိင်အဂါၤကျန်းမာရေးကိုတော့ မေ့နေတတ်ကြတယ်။ မျက်နှာနဲ့ အသားအရေအတွက်သာ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဖြည့်စွက်စာအမျိုးမျိုးကို စားသုံးနေကြတာ။ မိမိ လိင်အဂါၤကိုရော နေ့စဉ်ဂရုတစိုက် ရှိရဲ့လား။

Image result for vagina odor

အထူးသဖြင့် အမျိုးသမီးလိင်အဂါၤက ပိုအရေးကြီးပါတယ်။ သန့်သန့်ရှင်းရှင်းထားဖို့လိုသလို၊ ကောင်းမွန်တဲ့အစားအစာတွေ စားဖို့လိုပါတယ်။ မိန်းမကိုယ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်သော၊ ပိုးမွှား ကူးစက်စေနိုင်သော၊ အနံ့အသက်ဆိုးရွားစေသော အစားအသောက်တွေ အများကြီး ရှိပါတယ်။ ဥပမာ-ဒညင်းသီးလိုမျိုးပေါ့။ ဒါကြောင့် မိန်းမကိုယ်လေးကို အနံ့ဆိုးစေတဲ့ အစားအစာတွေက ဘာတွေများလဲ။

၁) အရက်

အရက်က ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ခမ်းခြောက်စေပါတယ်။ ဒီလိုခမ်းခြောက်တာက မိန်းမကိုယ်ရဲ့ လိင်အဂါၤအရည်ထွက်ခြင်းကို လျော့ကျစေပါတယ်။ အဲလိုလျော့ကျခြင်းက ညဖက် ကောင်းကောင်း အိပ်မပျော်တာ၊ လိင်ဆက်ဆံတဲ့အခါ အခက်အခဲတွေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အရက်သောက်မယ်ဆိုရင်လည်း နည်းနည်းပဲသောက်ပါ။ အရက်သောက်လိုက်တဲ့ပမာဏထက် ပိုပြီး ရေများများသောက်ပေးပါ။

၂) အချိုများတဲ့အစားအစာ

Image result for sugary food

အချိုများတဲ့အစားအစာတွေက မိန်းမကိုယ်ကို ညစ်ညမ်းပြီး ပိုးဝင်စေနိုင်ပါတယ်။ တစ်ခါတစ်ရံ မိန်းမကိုယ်မှာ အဖြူဖတ်တွေကပ်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ စားလိုက်တဲ့ အချိုဓာတ်တွေကြောင့်ရယ်၊ နွေးပြီး စိုစွတ်တဲ့ မိန်းမကိုယ်ကြောင့်ရယ် ဒီလို ညစ်ညမ်းမှုတွေ ဖြစ်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အတွင်းခံကိုလည်း စိုစွတ်နေရင် လဲလှယ်ဝတ်ဆင်ပေးရပါမယ်။ 

၃) ကြက်သွန်နီ

ကြက်သွန်နီဟာ ခံတွင်းကိုပဲ နံစေတာမဟုတ်ပါဘူး။ ဆီးနဲ့ မိန်းမကိုယ်ကိုလည်း အနံ့ဆိုးစေပါတယ်။ ကြက်သွန်နီစားတာက ကျန်းမာရေးအတွက်တော့ ကောင်းပါတယ်။ သို့သော် အလွန်အကျွံစားရင်တော့ အနံ့အသက်ဆိုးစေမှာပါ။

၄) ကညွှတ်

Image result for asparagus

ကညွှတ်ဟာ ဆီးကို နံစေရုံသာမက မိန်းမကိုယ်ရဲ့pH Level ကိုလည်း ကျဆင်းစေပြီး အနံ့ဆိုးစေပါတယ်။ ကြက်သွန်လိုပဲ ကညွှတ်ကလည်း ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာပါပဲ။ ဒါပေမဲ့ မိန်းမကိုယ်လေးကို သဘာဝအတိုင်းလေး အနံ့မဆိုးစေချင်ရင်တော့ ချင့်ချိန်ပြီးတော့ စားသုံးရပါလိမ့်မယ်။

၅) ပန်းပွင့်စိမ်း

Related image

ပန်းပွင့်စိမ်းကလည်း မိန်းမကိုယ်ရဲ့ အနံ့ကို ဆိုးစေတဲ့ အသီးအရွက်တစ်မျိုးပါပဲ။ ဒါပေမဲ့ ပန်းပွင့်စိမ်းဟာ မိန်းမကိုယ်၊ ရင်သားနဲ့ ဟော်မုန်းတွေရဲ့ ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အစားအစာတစ်ခုပါ။ ဒါကြောင့် ရှောင်သင့်တဲ့အစားအစာထဲမှာတော့ မပါပါဘူး။ မိန်းမကိုယ် အနံ့အသက် မဆိုးချင်ဘူးဆိုရင်တော့ ပန်းပွင့်စိမ်းရဲ့ အညှောင့်လေးတွေပဲ ရွေးပြီး စားလို့ရပါတယ်။

၆) ဆီကြော်စာ

Related image

လေ့လာစမ်းသပ်ချက်တွေအရ အဆီများတဲ့ အစားအစာတွေက ဆီးအရောင်ပြောင်းခြင်း၊ မိန်းမကိုယ် ညှီစော်နံစေခြင်း၊ မိန်းမကိုယ်ယားယံစေခြင်း စတဲ့ မိန်းမကိုယ်ပြဿနာတွေကို ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီများတဲ့အစားအစာ အထူးသဖြင့် ဆီကြော်စာတွေကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ရပါလိမ့်မယ်။

၇) ကော်ဖီ

Image result for coffee

ကော်ဖီကြိုက်သူတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ခံတွင်းနံ့၊ ချွေးနံ့၊ ဆီးနဲ့ ကိုတောင် ဆိုးစေနိုင်တဲ့ ကော်ဖီဟာ မိန်းမကိုယ်ကိုလည်း အနံ့ဆိုးစေမှာ အသေအချာပါပဲ။ ဒါ့အပြင် ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် မိန်းမကိုယ်ကို ညစ်ညမ်းစေပါတယ်။ ဒါကြောင့် ကော်ဖီချစ်သူများ ကော်ဖီမဖြတ်ချင်ဘူးဆိုရင်တောင် ရေကိုတော့ လုံလောက်စွာ သောက်ဖို့လိုပါတယ်။

၈) ချိစ်

Image result for cheese

နို့ထွက်ပစ္စည်းအများစုက ဟော်မုန်းပြဿနာတွေဖြစ်စေပြီး သွေးတွင်းအချိုဓာတ် မြင့်တက်စေပါတယ်။ ဒီလိုပဲ ချိစ်အများကြီးစားတာက သင့်ရဲ့မိန်းမကိုယ်မှာ ပိုးမွှားတွေ ပေါက်ပွားစေပါတယ်။ ချိစ်စားမယ်ဆိုရင်တော့ ရေဝဝလင်လင်သောက်ပြီး အရည်ရွှန်းတဲ့အစားအစာတွေလည်း စားပေးရပါမယ်။ သွားရေစာအဖြစ် စားချင်တယ်ဆိုရင်တောင် ချိစ်အစား ဒိန်ချဉ်ကို စားပေးသင့်ပါတယ်။ 

အခုပြောပြခဲ့တဲ့အစားအစာတွေကို လုံးဝမစားရဘူးလို့မဆိုလိုပါဘူး။ သင့်ရဲ့ မိန်းမကိုယ်လေး အနံ့ဆိုးနေတဲ့အခါ စားသုံးမိတဲ့ အစားအစာတွေကို ပြန်ချင့်ချိန်လို့ရအောင်လို့ပါ။ တကယ်လို့ ဒီအစားအသောက်တွေကိုလည်း အလွန်အကျွံမစားပါဘဲ မိန်းမကိုယ်ရဲ့အနံ့အသက်က ဆိုးရွားနေတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

Ref; va.news-republic.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။