၂၀၁၉ ဂျူလိုင်လအတွက် ကံအကောင်းဆုံးရာသီခွင် (၃) ခု

ပွင့်လင်းရာသီပြီးဆုံးလို့ မိုးတွင်းစစ်စစ်ထဲ ရောက်လာပြီဆိုတော့ အရာရာတိုင်းက အကျဖက်ကို ရောက်လာပါပြီ။ အကျဆိုတာထက် လုပ်ငန်းနှောင့်နှေးတဲ့ ရာသီလို့ ပြောရမှာပေါ့။ ဒီလို ရာသီက အားစိုက်သလောက် အကျိုးမခံစားရတဲ့ ရာသီလို့ဆိုရမှာပေါ့။ ဒါပေမဲ့ ဒီလို ရာသီလမျိုးမှာမှ ထူးခြားပြီး ကံကောင်းတဲ့ ရာသီခွင်တွေလည်း ရှိပါတယ်။ မိုးများတဲ့ ဂျူလိုင်လအတွက် ကံကောင်းတဲ့ရာသီခွင်တွေကတော့ ရေကို ကိုယ်စားပြုတဲ့ ရာသီခွင်တွေဖြစ်တဲ့ ကရကဋ်ရာသီဖွား၊ ဗြိစ္ဆာရာသီဖွားနဲ့ မိန်ရာသီဖွားတွေပဲ ဖြစ်ပါတယ်။

ကရကဋ်ရာသီဖွား (ဂျွန် ၂၁ မှ ဂျူလိုင် ၂၁ ထိ)

Image result for cancer zodiac gif

အဆင့်တစ်ခုထပ်တက်မယ့် ကာလပါ။ ကရကဋ်ရာသီရဲ့ ဂြိုလ်ဟာ နေနားကို ရောက်နေတဲ့အတွက် စွမ်းအင်ကို အပြည့်အဝရနေပါတယ်။ ကြီးကျယ်ကောင်းမွန်တဲ့ ကိစ္စတွေ ဒီလမှာ ကြုံရဖို့ရှိပါတယ်။ အလုပ်သစ်၊ အချစ်သစ်၊ အသွင်သစ် စတဲ့ အတွေ့အကြုံအသစ်တွေကို အစပျိုးရပါလိမ့်မယ်။ ဒီလမှာ ဘာတွေပဲ ပြောင်းလဲပြောင်းလဲ သင့်အတွက်ကောင်းဖို့ ဖြစ်လာတယ်ဆိုတာ သိထားပါ။ အပြောင်းအလဲတွေအတွက် စိတ်မဖိစီးပါနဲ့။ ဒီလမှာ သင်ဟာ ထွန်းတောက်လာမယ့် အနေအထားမှာ ရှိနေပါတယ်။ 

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ)

horoscope GIF by Mashable

ဂျူလိုင်လမှာတော့ အခွင့်အလမ်းများစွာကို ဖမ်းဆုတ်နိုင်ပါလိမ့်မယ်။ နောက်နှစ်အနည်းငယ်မှာ ဘယ်လို နေရာမှာ ရောက်နေဖို့ သင်မျှော်လင့်ထားတာလဲ။ ဘဝအတွက်ဖြစ်ဖြစ်၊ ပျော်ရွှင်မှုအတွက် ဖြစ်ဖြစ် ခြေလှမ်းတစ်ခု ရဲရဲကြီးလှမ်းဖို့ အချိန်အခါကောင်း ဖြစ်ပါတယ်။ သင်ရှိနေတဲ့နေရာက ဘယ်လောက်ပဲ ကောင်းကောင်း comfort zone ဖြစ်နေမယ်ဆိုရင် တိုးထွက်လိုက်ပါ။ အပြင်လောကမှာ သင့်အတွက် ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ စောင့်ကြိုနေပါတယ်။ အခုအချိန်အခါက သင့်ရည်မှန်းချက်တွေကို တန်ဖိုးထားပြီး ပျိုးထောင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂၀ ထိ)

Related image

ဒီလအတွက် မိန်ရာသီဖွားတွေအတွက် မတူညီတဲ့ အတွေ့အကြုံလေးတွေ ကြုံရဖို့ ရှိနေပါတယ်။ ဒီလဟာ မိန်ရာသီတွေ သြဇာတိက္ကမနှင့် ပြည့်စုံနေတဲ့ လလည်းဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အစစ်မှန်ဆုံးနေထိုင်ပြီး ကိုယ့်ရဲ့အရည်အချင်းတွေ၊ ကိုယ့်ရဲ့ဖန်တီးနိုင်စွမ်းတွေကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ သင်တောက်ပဖို့ အချိန်ရောက်ပါပြီ။ ပျော်ရွှင်စရာတွေနဲ့အတူ ကောင်းမွန်တဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ရမယ့် လပါ။ ချစ်သူမရှိသေးသူများလည်း ချစ်သူကောင်းကောင်းလေးတစ်ယောက် တွေ့နိုင်မယ့် လဖြစ်ပါတယ်။ 

ဒီလအတွက် ကံအနည်းငယ် ညံ့နေတဲ့ ရာသီခွင်တွေကတော့ မိဿရာသီဖွား၊ သိဟ်ရာသီဖွား နဲ့ ဓနုရာသီဖွားတွေပဲ ဖြစ်ပါတယ်။ အဆိုးပြီးရင် အကောင်းလာစမြဲမို့ အရမ်းတော့ စိတ်မပူပါနဲ့။ ဘယ်လို အခက်အခဲမျိုးပဲ ကြုံလာရပါစေ ဘဝရဲ့အတွေ့အကြုံလို့သာ မှတ်ယူလိုက်ပါ။

Ref; www.elitedaily.com, www.bustle.com

By Paulina