(၁၂)နှစ် (၁၃)နှစ်တုန်းက လိင်ပိုင်းဆိုင်ရာထိပါးခံရဖူးတယ်ဆိုတဲ့ နေခြည်ဦး

ပရိသတ်အချစ်တော် နေခြည်ဦး(Chillies)ဟာ သရုပ်ဆောင်နဲ့ မော်ဒယ်အပိုင်းများအပြင် Beauty Blogger / Makeup Art Form များ ကြောင့် အမျိုးသမီးပရိတ်များစွာ အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်အားပေးထောက်ခံမှု တစ်ဆထက် တစ်ဆများပြားလာပြီး အခုဆိုရင် သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ဦးဟာ ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တော်တစ်ဦးလည်း ဖြစ်လာပါပြီ။ လတ်တလောမှာတော့ ချီချီဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုင်ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေပါတယ်။ 

အခုတစ်ခါမှာတော့ နေခြည်ဦးဟာ သူမဆယ်ကျော်သက်အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ Sexual Harassment လုပ်ခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ “ နေခြည် ပွင့်ပွင့်လင်းလင်းပြောရရင် နေခြည် အသက် (၁၂)နှစ်၊ (၁၃)နှစ်အရွယ်က Sexual Harassment လုပ်ခံခဲ့ရဖူးပါတယ်။ သြင်္ကန်အကျနေ့လောက်ကပေါ့။ နေခြည်တို့က ငယ်ငယ်က စစ်တပ်ဆိုတော့ တိုက်တန်းလျားတွေမှာ နေတာပါ။ နေခြည် လမ်းမထွက်ပြီး ရေပက်တဲ့ အချိန်မှာ နေခြည့်နောက်ကနေ ယောကျ်ားတယောက်က နေခြည့်တင်ပါးကို ကိုင်ပါတယ်။ အဲ့တုန်းက စိတ်ထဲမှာ အတော်လေးကြောက်သွားတာ ” 

စိတ်ထဲမှာ ကြောက်သွားတာ။ ဘယ်သူမှန်းလဲ မသိဘူး။ နောက်ကို လှည့်မကြည့်ရဲဘူး။ ဘာလို့ ဒီလူက ငါ့တင်ပါးကို ကိုင်တာလဲ စဉ်းစားနေတာပေါ့နော်။ ပြီးတော့ နေခြည်က အရမ်းငယ်တဲ့အရွယ် မဟုတ်ဘူး။ အပျိုဖော်ဝင်တဲ့ အရွယ်ဖြစ်နေပြီ။ နေခြည် အဲ့အချိန်တုန်းက အရမ်းရှက်တယ်။ လှည့်လည်းမကြည့်ရဲဘူး။ သူမက နေခြည့်ကို (၅)မိနစ်လောက် အဲ့လိုကိုင်တဲ့အချိန်မှာ မခံစားနိုင်တော့ဘူး။ အာ့နဲ့ ရေခွက်ကို ချပြီး နေခြည့်ကို အိမ်ကိုပြန်ပြေးပြီး ငိုခဲ့ရတယ် ” 

မိဘကိုလည်း မပြောခဲ့ရဘူး။ ဘယ်လိုပြောရမှန်း မသိခဲ့ဘူး နေခြည့်အဖေကို ပြောလိုက်ရင် သတ်မယ်၊ ဖြတ်မယ် လုပ်မှာပဲ။ ဒါပေမဲ့ နေခြည် ဘယ်သူမှန်းလဲ မသိခဲ့ရဘူး။ အဲဒီ စိတ်ဒဏ်ရာက (၃)နှစ် (၄)နှစ်လောက်ထိ Carry on လုပ်လာပါတယ် ” လို့ သူမက သူမရဲ့ ဘဝအတွေ့အကြုံကို ပြောပြပါတယ်။ 

တိုးတက်လာတဲ့ခေတ်နဲ့အညီ Sexual Harassment (လိင်ပိုင်းဆိုင်ရာ စော်ကားမှု)တွေဟာ ပုံစံမျိုးစုံ ပြောင်းလဲလာပြီး မိဘတွေဟာ ကလေးငယ်တွေအတွက် အမြဲတမ်း စိုးရိမ်ပူပန်မှုတွေ ရှိနေကြရပါတယ်။ ဒီတော့ မိခင်များအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေရဲ့ နေထိုင်မှုပုံစံ၊ သွားလာမှုပုံစံနဲ့ ပြောဆိုဆက်ဆံမှု ပုံစံတွေ အရင်နဲ့မတူ ပြောင်းလဲနေပြီဆိုရင် မိဘများအနေနဲ့ ကိုယ့်သားသမီးကို သေသေချာချာ အနီးကပ်ဂရုစိုက်သင့်တယ်လို့ အကြုံပြုချင်ပါတယ်။ ဒီတော့ နေခြည်ဦးရဲ့ ငယ်စဉ်ကလေးဘဝက ကြုံတွေ့ခဲ့ရတဲ့ Sexual Harassment နဲ့ ပတ်သက်ပြီး Video လေး တင်ပေးလိုက်ပါတယ်နော်။

">

We Celeb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။