သက်ငယ်မုဒိမ်းကျုးလွန်သူများကို သင်းကွပ်မည့်ဥပဒေ အမေရိကန်အတည်ပြု

သက်ငယ်မုဒိမ်းမှုကျုးလွန်သူမည်သူမဆို သင်းကွပ်မည့် ဥပဒေတစ်ရပ်ကို အမေရိက၊ အလာဘားမားဥပဒေလွှတ်တော်တွင် အဆိုတင်သွင်းရာ အောင်မြင်မှုရရှိခဲ့သည်။ ယခုအခါ ထိုဥပဒေစတင်အသက်ဝင်လာပြီး သက်ငယ်မုဒိမ်းမှုဖြင့် အကျဉ်းကျခံရသူများသည် ထောင်မှမထွက်ခင် ဓာတုနည်း ( သို့မဟုတ် ) မေ့ဆေးဖြင့် အင်္ဂါကိုသင်းကွပ်ခံရလိမ့်မည်ဖြစ်သည်။



ထိုအဆိုကို ဇွန်လ အစပိုင်းက အလာဘားမားဆီးနိတ်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး အသက် ( ၁၃ ) နှစ် နှင့် အောက်ကလေးငယ်များကို လိင်ဆိုင်ရာကျုးလွန်စော်ကားခြင်း၊ လိင်အားဖြင့် နာကျင်အောင်ပြုမူခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လိင်ဖျော်ဖြေရေးအမှတ်ဖြင့် ကိုင်တွယ်ခြင်းများပါ အကျုံးဝင်သည်။ ထိုသို့ကျုးလွန်စော်ကားသူများသည် မက်ဒရိုဆိုင်ပရိုဂျက်စထရုန်း ဟုခေါ်သော လိင်စိတ်ပျောက်ကွယ်သွားစေသည့် ဓာတုဆေးတစ်မျိုးကို လိင်အင်္ဂါထဲသို့ထိုးသွင်းခြင်း ( သို့မဟုတ် ) မေ့ဆေးပေးပြီး လိင်အင်္ဂါကိုဖြတ်တောက်ခြင်း စသည့်ပြစ်ဒဏ်များကို ခံရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့ အင်္ဂါဇာတ်ကိုဖြတ်တောက်ခြင်း၊ ဓာတုဆေးရည်ထိုးသွင်းခြင်းဖြင့် Libido ဟုခေါ်သော လိင်စိတ်လျော့ကျသွားပြီး ထိုသူတို့ကြောင့် နောက်ထပ်သားကောင်ဖြစ်ရမည့်အရေအတွက် လျော့နည်းသွားပေလိမ့်မည်။



ထို အဆိုကို ပြီးခဲ့သော ဇွန်လအစပိုင်းကပင် အလာဘားမား အုပ်ချုပ်ရေးယန္တရားပိုင်းမှ လက်မှတ်ထိုးအတည်ပြုခဲ့သည်။

Pedophile ( ကလေးသူငယ်များကို လိင်ဆိုင်ရာပြစ်မှုကျုးလွန်သူ ) များကို သင်းကွပ်ရန်အဆိုအောင်မြင်ခဲ့သည်မှာ အလာဘားမားပြည်နယ်တစ်ခုတည်းမဟုတ်ပေ။ ကယ်လီဖိုးနီးယား ပြည်နယ်တွင် လွန်ခဲ့သော ၁၉၉၀ ခုနှစ်များတည်းက pedophile များကို သင်းကွပ်မည့်ဥပဒေတည်ရှိနေခဲ့ပြီး လက်ရှိ ဖလော်ရီဒါ၊ လူဝီစီယားနား၊ မွန်တားနား နှင့် အော်ရီဂွန်ပြည်နယ်များတွင်ပါ ထိုဥပဒေကိုအတည်ပြုထားသည်။



ယခုအခါ တက်ဆက်စ် နှင့် မီရှီဂန် ပြည်နယ်များတွင် လည်းထိုဥပဒေကိုအဆိုတင်သွင်းရန် ကြိုးစားလျက်ရှိပြီး အောင်မြင်ရန်လည်း လူထုကလိုလားလျက်ရှိသည်။

သက်ငယ်မုဒိမ်းကျုးလွန်သူများကို အဆိုတင်သွင်းခဲ့သူမှာ ပြည်နယ်ကိုယ်စားလှယ် စတိဗ်ဟာ့စ် ဖြစ်ပြီး အလာဘားမားပြည်နယ်လွှတ်တော်မှ ထိုအဆိုလွှာကို လက်ခံကြားနာခဲ့သည်။

Gabriel
Source - thesun, washington post 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။