ကမ္ဘာ့အဆင့် (၁၀၁)ကို ရောက်ရှိသွားလို့ ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံလိုက်ရတဲ့ သက်ထားသူဇာ

လူမှုကွန်ယက်ပေါ်မှာ အမြဲလိုလိုဖော်ပြခြင်းခံရပြီး ပရိသတ်အချစ်တော်ဖြစ်လာတဲ့ နိုင်ငံဂုဏ်ဆောင် မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ ရုပ်ရည်ချောမောလှပတဲ့အပြင် ကိုယ်ပိုင်စွမ်းဆောင်ရည်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်နိုင်သူမို့ သူမကို ဝန်းရံသူတွေ များစွာရှိလာပါတယ်။

သက်ထားသူဇာဟာ မကြာသေးခင်ကလည်း Benin International 2019 ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ပြိုင်ဘက်ပီရူးကစားသမားအား ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရင်း အနိုင်ရရှိခဲ့သလို မကြာခင်ကျရောက်တော့မယ့် ဂျပန်အိုလံပစ်ပြိုင်ပွဲ (၂၀၂၀)အတွက်လည်း ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုတစ်ခေါက်မှာတော့ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ မြန်မာ့ဂုဏ်ဆောင် လက်ရွေးစင် သက်ထားသူဇာကို ကမ္ဘာ့အဆင့်(၁၀၁)အဖြစ် ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီမှ ပြည်ထောင်စုဝန်ကြီးက သူမအား ဂုဏ်ပြုဆုချီးမြှင့်လိုက်ကြောင်း သိရပါတယ်။ ကမ္ဘာ့အဆင့် (၁၀၀)အောက်ဝင်ရန် (၂)ဆင့်သာ လိုတော့တဲ့အတွက် သူမအနေနဲ့ ပိုမိုပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် ယနေ့မှာ Ivory Coast  နိုင်ငံတကာအပြည်ပြည်ဆိုင်ရာ ကြက်တောင်ရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အသင့်ရောက်ရှိနေပြီလို့ သိရပါတယ်။

ဒီတော့ အခုပြိုင်မယ့် ပြိုင်ပွဲကြီးမှာလည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်တွေနဲ့ ပြန်လာပါလို့ ပရိသတ်များနဲ့ ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။ Good Luck Myanmar  သက်ထားသူဇာ 

Source; Myanmar Beauty Talent Information Center

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။